November 13, 2012

ဝန်ကြီးဦးအောင်မင်း ပြည်ပ အဖွဲ့အစည်းများနှင့် ထပ်တွေ့

ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော GHRE အဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Hla Maung Shwe / Facebook)

သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ သည် ယခုလ ၉ ရက်နေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ၃ ရက်အတွင်း ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။
နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် နိုင်ငံရေးအဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအကူ အညီပေးရေးအဖွဲ့၊ ဒုက္ခသည်ကူညီရေးအဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုအပေါ် ဝန်ကြီး ဦးအောင်မင်း က ကျေနပ်မှုရှိသည်ဟုဆိုသည်။
“သူ (ဦးအောင်မင်း) က ကျနော်တို့ကို ရှင်းပြတာကတော့ တွေ့ဆုံတဲ့ဟာတွေက Peace Process အနေနဲ့ တွေ့တဲ့ဟာတွေပါ သလို အခြားအဖွဲ့တွေရဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်မယ်၊ ဒီလိုနည်းနဲ့လည်း stabilization ဘက်ပိုရောက်ဖို့ သမ္မတနဲ့ သူ (ဦးအောင်မင်း) နဲ့ရည်ရွယ်တယ်ဆိုတာမျိုး ကျနော်တို့ကို ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆောင်ရွက်မှုများနှင့်ပတ်သက်၍ လက်မှတ်ထိုးသဘောတူညီမှုများ ပြုလုပ်ခဲ့ခြင်း မဟုတ် သေးသော်လည်း တရားဝင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံမှုများကို အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိကြောင်း သူကဆက်ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့၏ ထိုင်းနိုင်ငံခရီးစဉ်တွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များဖြစ်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ (WLB)၊ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ (Shwe Gas Movement)၊ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန  (GHRE)၊ ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) အပါအဝင် စုစုပေါင်း ၁၄ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC နှင့် ၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က အမြဲတောင်းဆိုနေခဲ့သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဆွေးနွေးလိုကြောင်း တောင်းဆိုချက် အပါအဝင် သဘောတူညီမှု နှစ်ခု ရရှိခဲ့ကြောင်း UNFC ၏ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ဥက္ကာ က ပြောသည်။
“အလွတ်သဘောတွေ့ဆုံတဲ့ အခါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြပြီး အခြေခံအားဖြင့် သဘောတူတာကတော့ နိုင်ငံရေး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ဆိုတဲ့ဟာကိုသဘောတူတယ်၊ အဲသလိုတွေ့ဆုံနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ တွေ့ဆုံ ပေါ်ပေါက်နိုင်ဖို့ အတွက် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေ၊ အချိန်ဇယားတွေ၊ လိုအပ်ချက်တွေကို အကြိုညှိနိုင်းကြရမယ်ဆိုပြီး သဘောတူကြတယ်” ဟု ဦးခွန်ဥက္ကာက ပြောသည်။
UNFC နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဖွဲ့အတွင်း ကြိုတင်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO အနေဖြင့်လည်း ယခုအခါ အစိုးရ ဘက်မှ နိုင်ငံရေးအရ ဆွေးနွေးမည်ဟု ပြောဆိုထားသဖြင့် လမ်းပွင့်နေပြီဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးရာတွင် UNFC နှင့် အတူဆွေးနွေးနိုင်သကဲ့သို့ KIO အနေဖြင့် သီးသန့်ဆွေးနွေးမည်ဆိုပါကလည်း UNFC နှင့် ကြိုတင် ညှိနှိုင်းမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးခွန်ဥက္ကာက ပြောသည်။
KNPP မှ အတွင်းရေးမှူး (၁) ခူးဦးရယ်က ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် ၎င်းတို့ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေး ရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း၊ သဘောတူညီမှုအချို့ အကောင်ထည်ဖော်ရာတွင် အခက်တွေ့ရှိနေမှုများကိုလည်း နောက်တစ်ကြိမ်တွေ့ဆုံလျင် စနစ်တကျ လုပ်ဆောင်နိုင်ရေး အလွတ်သဘောဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
“နှစ််ဖက်သဘောတူညီမှုတွေကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဥပမာ စစ်ရေးကိစ္စလိုမျိုးဆိုရင် ကျနော်တို့ ဘာမှသေသေချာချာ သဘောတူထားတာတွေမရှိဘူး၊ မရှိတော့ စစ်ရေးကိစ္စတွေမှာလာမယ့် တရားဝင် ပြန်တွေ့ဆုံတဲ့အခါကြလို့ရှိရင် အတိအကျ စစ်ရေး စစ်ရာကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်တဲ့ အသိပေးမှုတွေရယ်၊ တခြားသော သဘောတူညီချက်တွေ အကောင် ထည် ဖော်တဲ့အခါမှာ အခက်ခဲရှိတယ် အဲဒီအခက်အခဲတွေကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးကြတာပေါ့ဗျာ” ဟု ခူးဦးရယ် က ပြောသည်။
ABSDF နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲများ တစ်ဆင့်ချင်း တွေ့ဆုံဆွေးနွေးသွားနိုင်ရေး၊ ထို့ပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို သွားနိုင်ရန်အတွက် ပြည်တွင်း ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ပြည်တွင်းပြန်လေ့လာခွင့် တို့ကို သဘောတူညီခဲ့ကြောင်းသိရသည်။
“အထဲမှာရှိတဲ့ အခြေအနေမှန်တွေနဲ့ ကျနော်တို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ် ဒါကြောင့်မို့လို့ ပြည်တွင်း လေ့လာရေး ခရီးစဉ်ကို ကျနော်တို့အနေနဲ့ သွားဖို့အတွက် သဘောတူတယ်” ဟု ABSDF ဥက္ကဌ ကိုသံခဲ က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ABSDF နှင့် အစိုးရတို့အကြားထိတွေ့ဆက်ဆံရာတွင် အကန့်အသတ်များရှိနေခြင်း၊ ယုံကြည်မှုတည်ဆောက်ရန်လိုအပ် ကြောင်းနှင့် နိုင်ငံတွင်း အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းချခံနေရသော ABSDF အကျဉ်းသားများကိုလည်း တောင်းဆိုခဲ့ကြောင်း သူကဆက်ပြောသည်။
ALP ကတော့ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့ ပဋိပက္ခတွင် ပါဝင်နေကြောင်း အစိုးရ၏ စွပ်စွဲပြောဆိုချက်များအပေါ် မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်ဟု ALP ၏ အထွေထွေအတွင်းရေးမှူး ဦးခိုင်သုခ က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့လည်း သူ့ (ဦးအောင်မင်း) ကို ပြောပြလိုက်တယ်လေ၊ သူတို့ကလည်းဒီကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်တယ်ပေါ့၊ ကျနော်တို့ကပြောတယ် ခင်ဗျားတို့ အထောက် အထားပြနိုင်မလား၊ ဥပမာ ALP က ဘယ်လိုပတ်သက်တယ်၊ ဘယ်သူတွေ ပါဝင်တယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်ကိုတောင်းလိုက်တယ်၊ ဒီကိစ္စမှာ ကျနော်တို့က လုံးဝ ပါဝင်ပတ်သက်မှုမရှိဘူး၊ ဒီနည်းနဲ့ ဖြေရှင်းလို့လဲ ဒီပြဿနာက ဖြေရှင်းလို့လဲပြီးမှာမဟုတ်ဘူးဆိုတာယုံကြည်လို့၊ ဒီလိုဖြေရှင်းနည်းကိုလည်း ကျနော်တို့ ဘက်က မကြိုက်ဘူး” ဟု ဦးခိုင်သုခ က ရှင်းပြသည်။
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းဦးဆောင်သည့် အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာတွင် အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အခြေအနေများကို ရှင်းပြသကဲ့သို့ PSLF ကလည်း ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် တိုက်ပွဲအခြေအနေများကို ရှင်းပြခဲ့ကြောင်းနှင့် အနာဂတ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျင် ဆက်သွယ်ရန် လိပ်စာများ ဖလှယ်ဖြစ်ခဲ့ကြောင်း PSLF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS နှင့် တွေ့ဆုံရာတွင် ၎င်းတို့ ပါတီအနေဖြင့် နိုင်ငံတွင်း တရားဝင် ပြန်လည် ရပ်တည် နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအတွက် ပါတီကိုယ်စားလှယ်များကို ပြည်တွင်းဝင်ရောက် လေ့လာ နိုင်ရေးတို့ကို သဘောတူဖြစ်ခဲ့ကြသည်ဟု DPNS အင်တာနက် ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ကျနော်တို့ အခုတကြိမ်မှာ ပါတီကို တိုင်းပြည်တွင်းမှာ တရားဝင်ပြန်လည်ရပ်တည်ရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ အကြား တရားဝင်သဘောတူညီချက်ရဖို့၊ လောလောဆယ်ဆယ်မှာ အဲ့ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင် ရမယ့် အလုပ်တွေ လုပ်နိုင်ဖို့အတွက် ပါတီကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးတင်ပြခဲ့တယ်၊ ဦးအောင်မင်း ကလည်း ကျနော်တို့ တင်ပြချက်တွေကို လက်ခံသဘောတူပါတယ်” ဟု ဦးအောင်မိုးဇော်က ပြောထားသည်။
နိုင်ငံတွင်းပြန်လာကြမည့် ၎င်းတို့ပါတီဝင်များအား နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများထုတ်ပေးရန်၊ ပါတီဝင်များ၏ သားသမီးများ ပညာသင်ကြားနိုင်ရေးကိစ္စများနှင့် လိုအပ်ချက်များကို ဆက်လက်ဆွေးနွေးကြရန် သဘောတူခဲ့သည်ဟု ဆိုသည်။
အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB အနေဖြင့်လည်း ၎င်းတို့အနေဖြင့် ပြည်တွင်းလေ့လာရေးခရီးစဉ်ကိစ္စကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စများကို အသေးစိပ်ဆွေးနွေးဖြစ်ခဲ့ကြောင်း WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ဧရာဝတီသို့ပြောသည်။
ဝန်ကြီးဦးအောင်မင်းက ယခုခရီးစဉ်အတွင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (Shwe Gas Movement) အဖွဲ့ ခေါင်းဆောင် ဦးဝင်းအောင် နှင့် လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံထဲမှ ပြည်ပနိုင်ငံသို့သွယ်တန်းသော ဓာတ်ငွေ့ပိုက်လိုင်းများကိစ္စနှင့် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ပညာရေး၊ လူအခွင့် အရေးနှင့် အခက် အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် GHRE အဖွဲ့နှင့်လည်းတွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော အလုပ်သမားများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများကို ထိထိ ရောက်ရောက် စံနစ်တကျ ကူညီဆောင်ရွက်ရန် အစိုးရကို အကြံပေးခဲ့ကြောင်း GHRE အဖွဲ့ အကြီးအကဲ ဦးထူးချစ် က ၎င်း၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။

http://burma.irrawaddy.org/archives/25268
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India