November 13, 2012

ကထစမှူးက တပ်တွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြသ

နို၀င်ဘာလ ၄ ရက်နေ့ကတည်းက ချင်းပြည်နယ်အတွင်း ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့(၁) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် နို၀င်ဘာ ရ ရက်နေ့ ဟားခါး မြို့ရောက် ရှိစဉ်အတွင်း တပ်တွင်းကန့် တောပွဲတွင် ဗုဒ္ဒ နှင့် ခရစ်ယာန် ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှု ပြသလိုက်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ကထစမှူးသည် ဟားခါးမြို့ရောက်ရှိစဉ် တပ်တွင်း ဗုဒ္ဒဘာသာဝင်မိသားစုများက ကန့်တော့ ခဲ့သလို တပ်တွင်း ခရစ်ယာန်ဘာသာဝင်မိသားစုများကလည်း ကန့်တောပွဲပြုလုပ်ခဲ့ကြ ရာ ဗုဒ္ဒ ကျင့်ထုံးအတိုင်း လက်အုပ်ချီ ဦးညွတ်မကန့် တော့သည်ကို အင်မတန်ဒေါသထွက်ခဲ့သည်။
“ ခင်ဗျားတို့ ခရစ်ယာန်တွေဟာ ဗုဒ္ဒတွေလို လက်အုပ်ချီပြီး ဦးညွတ်မကန့်တော့ဘူး၊ ငါ့ကို မကန်တော့ချင်ယင် တပ်ထဲမှာ နေဘို့မလိုဘူး၊ ထွက်သွားကြ၊ ချင်းတွေဟာ လူဦးရေနည်းပေမဲ့ စိတ်ကြီးတယ်လို့ ဆဲဆိုသွားတယ်” ဟု ခလရ ၂၆၆ မှ အမည်မဖော်လိုသူ တပ်မိသားစု အသိုင်း အဝိုင်းတဦးက ပြောသည်။
ထို့အပြင် ကထစမှူးသည် ဗုဒ္ဒလို မကျင့်သူတွေကို ရှေ့တန်းနယ်မြေကိုပို့ထားဖို့၊ ခရစ်ယာန်တွေ ကို နောက်တန်းမှာ ထားယင် ဗုဒ္ဒတွေ ခရစ်ယာန်ဖက် ပြောင်းကုန်လိမ့်မယ်၊ အစုလိုက်နဲ့လည်း ဘုရားမရှိခိုးပဲကိုယ့်အိမ်မှာပဲ ရှိခိုးကြဖို့ ဆက် ပြောသွားကြောင်း ဆိုသည်။
သို့သော် နို၀င်ဘာလ ၉ ရက်နေ့ မတူပီမြို့ဘုံတလာခန်းမအတွင်း မိန့်ခွန်းတွင်မူ ချင်းလူမျိုးတွေ ကို  ချစ်ခင်လေးစား ကြောင်း၊ ချင်းလူမျိုးတွေဟာ ကိုယ်ထူ ကိုယ်ထ အလုပ်ကြိုးစားသူများဖြစ်ကြ ပြီး စိတ်ထားဖြူစင်ရိုးသားသူများဖြစ်ကြောင်း ပြောခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးသည် ထန်တလန်မြို့ပေါ် Thantlang Baptist Church ( TBC) တွင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ဘုရားဝတ်ပြုစဉ် ဗွီဒီယိုမှတ် တမ်း င်သူကို မှတ်တမ်းတင်ရကောင်းလား ဆိုပြီး နှစ်ရက်လုံးလုံး ထမင်းအငတ်ထားကြောင်း သိရပြန်သည်။
ဗိုလ်ချုပ်ကြီးသည် ဖလမ်းမြို့သို့ရောက်ရှိစဉ်တွင် ဖလမ်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း များ သို့သွားရောက်သည့်အပြင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာကြီးများနှင့် တွေ့ဆုံခဲ့သည်။
“ ကထစမှူးလုပ်ရပ်ဟာ ကျမတို့ တပ်တွင်း ခရစ်ယာန်ဘာသာဝင်တွေအင်မတန်စိုးရိမ်ကြတယ်၊ ကျမတို့ ယောင်္ကျား တွေကို ရှေ့တန်းပို့တော့ မလား မသိတော့ဘူး” ဟု ပြောသည်။
ကထစမှူးသည် ချင်းပြည်နယ်အတွင်း ရောက်ရှိစဉ်တွင် ဒေသခံအချို့အား ဆန်၊ ချုံစောင်၊ နှမ်းဆီ၊ တပ်မတော်ရမ်၊ ဆေးဝါးများ ထောက်ပ့ံပေးခဲ့ပြီး ဒေသခံများအား အခမဲ့ ဆေးဝါးကုသပေးခဲ့သည်။

http://khonumthungburmese.org/?p=873
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India