ချင်းအမျိုးသားတပ်ဦးက လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ထာဝရတည်တ့ံခိုင်မြဲသည့် ငြိမ်း ချမ်းရေး တည်ဆောက်နိုင် ရေး အတွက် ငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်းလိုက်သည်ဟု ကြား သိရ သည်။
ငြိမ်းချမ်းရေးကော်မီတီကို သြဂုတ်လ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၈ ရက်ကြာကျင်းပ သည့် ပဥ္စမအကြိမ်ပါတီညီလာခံ သက်တမ်း၊ ပဥ္စမ အကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်း အဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ကော်မီတီကို ပါတီ၏ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်းနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးတို့က ဦးဆောင်သွားမှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော် မီတီဝင် များ၊ အဓိပတိကောင်စီဝင်များ၊ တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များ ပါ၀င်သည့် ၂၃ ဦး ကော်မီတီဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
အပစ်အခပ်ရပ်စဲရေးအဆင့်မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအဆင့်သို့ တက်လှမ်း မည် ဖြစ်သောကြောင့် ငြိမ်းချမ်းရေး ကော်မီတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း အစည်းအဝေး ထုတ်ပြန်ကျေညာချက်ထဲတွင် ဖော်ပြထားသည်။
အစည်းအဝေးမှာ ဒုတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သွားရောက်မည့် ကိစ္စရပ်များချမှတ်ခြင်း၊ အချိန် နေရာ သတ်မှတ်ခြင်း၊ လေ့လာစောင့်ကြည့်မည့် ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ စသည့် ကိစ္စများ ဆွေးနွေးဆုံးဖြတ်ကြ ကြောင်း ၄င်းတို့၏ ထုတ်ပြန်ကျေညာ ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။
“ ကျတော်တို့ စီအဲန်အက်ဖ်နဲ့ အစိုးရအကြား သဘောတူထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ဒီနှစ်ထဲမှာပဲ Public consultation ကို ပြည်သူလူထုထံ Awareness ပြုလုပ်မယ်၊ တခါတည်း Public Opinion ကိုလည်း ရယူဖို့ ပြင်ဆင် ထားပါတယ်” ဟု CNF နိုင်ငံခြားရေးအတွင်းရေးမှူး ဆလိုင်း Thla Hei က ပြောသည်။
ထို့အပြင် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် တိုင်းရင်းသားလူမျိုးများညီလာခံ အတွက်ပြင် ဆင်မှုပြုလုပ်ခြင်း၊ ပါတီ နှင့် တပ်မတော်ရေးရာ ကိစ္စ၊ ဆက်ဆံရေးရုံးကိစ္စများ၊ ချင်းအပစ် အခပ်ရပ်စဲခြင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ စည်း ခြင်း ဆိုင်ရာ ကိစ္စတို့အပြင် တပ်ပိုင်းဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များလည်း ဆွေးနွေးကြကြောင်း ဆက်လက် ဖော်ပြ ထား သည်။
လေ့လာချက်များအရ ချင်းအမျိုးသားတပ်ဦးသည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယခု နှစ် အောက်တိုဘာလတွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင် ထားကြောင်း သိရသည်။
CNF နှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က ဟားခါးမြို့တွင် ပထမ ဆုံး အကြိမ် ပဏာမ အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ အနေဖြင့် မေလ ရ ရက်နေ့ က ဟားခါးမြို့ ပြည်ထောင်စု ရိပ်သာ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရသည် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင် သည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မီတီကို ကော်မီတီဝင် ၅၂ ဦးဖြင့် ဖွဲ့စည်းထားသည်။
http://khonumthungburmese.org/?p=486