September 13, 2012

မြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားဒေသ၌ မြန်မာစစ်တပ်ထိုးစစ်ဆင်နေသဖြင့် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံထားရန် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။


အီးအန်စီ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆလိုင်းရွှေခါးက “အဓိက တိုက်ပွဲတွေဖြစ် နေတဲ့ဒေသတွေမှာ အစိုးရထိုးစစ်ဆင်ရပ်ဖို့တောင်းဆိုတာတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်မယ် ဆိုရင် ဟိုဘက်က စစ်ဖြစ်နေတယ်၊ ဒီဘက်မှာက ငြိမ်းချမ်းရေးစကားပြောနေမယ်ဆို မဖြစ်ဘူးလေ အထူးသဖြင့် ကချင်ဒေသမှာ ထိုးစစ်ဆင်မှု တွေဖြစ်အပေါ်မှာ ကျနော်တို့ရှုတ်ချတယ် ဒါကြောင့် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျနော်တို့တိုက်လိုက်တာပါ” ဟု ပြောသည်။ တိုင်းရင်းသားလူမျိုးများကောင်စီ၏ တတိယသက်တမ်း၊ တတိယအကြိမ် နှစ်ပတ်လည်ကောင်စီ စုံညီအစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ စက်တင်ဘာလ ၁၁ ရက်နေ့မှ နှစ်ရက် အကြာကျင်းပခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုကျင်းပပြီးစီးသွားသည့် တတိယကြိမ်မြောက်အစည်းအဝေးတွင် ကရင်နီ ၆ ပြည်နယ်မှအပ တိုင်းရင်းသားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်ဟု သူက ပြောသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စု မြန်မာနိုင်ငံ) ENC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုရရှိခဲ့သည့် အပေါ်ကြိုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို အထူးစိုးရိမ်ကြောင်းနှင့် ခိုင်မာသောအပစ် အခတ်ရပ်စဲခြင်းပြု လုပ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်ကိုးသောင်းကျော်အတွက် နိုင်ငံတကာ မှပေးပို့သော လူသားချင်းစာနာထောက်ထားသည့်အကူအညီများ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သည့် အဓိကရုဏ်းမှုကြောင့် အသက်များစွာ ဆုံးရှုံးပြီး အိုးအိမ် ပျက်စီးဆုံးရှုံးမှုအပေါ် ပြည်ထောင်စုအစိုးရက တရားမျှတစွာ အမြန်ဆုံးဖြေရှင်းပေးရန် စသည့် အချက် ၆ ချက်အပါအဝင် အီးအန်စီ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
တိုင်းရင်းသားလူမျိုးများ သွေးစည်းရေးနှင့်ပူးတွဲ လုပ်ဆောင်ရေးကော်မတီ ENSCC အဖြစ် ၂၀ဝ၁ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် ပြည်နယ်အခြေခံသော ENC အဖြစ်ပြင် ဆင်ဖွဲ့စည်းခဲ့သည်။
ENC တိုင်းရင်းသားလူမျိုးများ(ပြည်ထောင်စု မြန်မာနိုင်ငံ)ကို စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွင် ဖြစ်ပေါ်လာရန် ရည်ရွယ်ပြီး တိုင်းရင်းသားခေါင်းဆောင်များက ပူးပေါင်းဖွဲ့စည်းထားသည်။

 http://burmese.monnews.org/?p=5399
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India