October 18, 2012

တိုက်ပွဲ အဆက်မပြတ် ဖြစ်နေသည့် ကြားက KIA နှင့် အစိုးရ တွေ့ဆုံပွဲ

Jinghpaw_KasaTAဖားကန့် မြို့ရှိ အစိုးရ စစ်ဗျူဟာ ကုန်းသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေ ဖြစ်သော ဖားကန့်ဒေသ မော်မောဘွမ်း ကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဒေသခံ ကချင်လူငယ် ခေါင်းဆောင် တဦးက ဆိုပါသည်။
“ ပစ်တာက ည (၉နာရီနဲ့ ၁၀) နာရီ ကြားမှာပါ။ ၁၂၀ မမ လို့ ထင်ရတဲ့ လက်နက်ကြီး အလုံး (၂၀) လောက် ရှိမယ် ပစ်တာ။ တပ်ရင်း (၆) က KIA တပ်သားလည်း (၂) ဦး သေပြီး (၂) ဦး ဒါဏ်ရာ ရတယ်လို့ တပ်ထဲက သူငယ်ချင်းက ပြောပြ တယ်လေ။ တိုက်ပွဲ မဖြစ်တာ ကြာပြီးဗျ။ (၁၀) ရက် မကတော့ဘူး။ ပြီးတော့ ဆွေးနွေးပွဲ လေသံတွေလည်း ကြားနေရတော့ ဒီတခါ အေးဆေးပြီးပေါ့ စဉ်းစား နေကြတယ်ဘဲ ရှိသေးတယ်။ ညက ထပစ်လိုက်တော့ မျှော်လင့်ချက်က သဲထဲရေသွန် မလားတော့ မပြောတတ်ဘူး” ဟု ဆိုပါသည်။
ဒါဏ်ရာရသော ရွာသား များသည် ဖါးကန့် ဆေးရုံသို့ ရောက်ရှိ နေကြ ပါသည်။ အစိုးရ တပ်ဖွဲ့ရှိသည့် စစ်ဗျူကုန်းနှင့် မော်မောဘွမ်း ကျေးရွာသည် မြေပုံအရ (၃) မိုင်ကျော် ရှိပါသည်။ ဤဖါးကန့်နယ်ထဲ၌ ပြီးခဲ့သည့် ရက်ပိုင်းတွင် မော်မော့ဗုံနဲ့ ဆိုင်ဂျာဗွန် ကျေးရွာဖက်၌ တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့သည်မှ တပါး တိုက်ပွဲ မရှိဟု ဒေသခံ ကချင် လူငယ် ခေါင်းဆောင် ခွန်ဆိုင်က ဆိုပါသည်။
“ ရင်ဆိုင် တိုက်ပွဲတွေ မဖြစ်ပါဘူး ဟိုလွန်ခဲ့တဲ့ အပတ်တုန်းက တက်လာလတဲ့ အစိုးရတပ်ကို ပျောက်ကျား ပစ်တာတို့ ဆီး ကြိုးပစ်တာတို့ ဘဲရှိပါတယ်။ မိုင်ခွဲ တိုက်တာ တို့တော့ ရှိတယ်။ မနေ့က လက်နက်ကြီးနဲ့ ပစ်တာ အဲဒါဘဲ ရှိတယ်။ တချို့သ တင်းတွေမှာ တွေ့တယ်လေ။ ဖါးကန့်ဖက်မှာ တိုက်ပွဲပြင်းထန်တယ်တဲ့။ အဲဒါတော့ မဟုတ်ပါဘူး” ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည်၊ ကချင် တပ်မဟာ (၄) ဖက်၌ ဗျူဟာ (၃)ခုနှင့် စစ်ဆင်နေသည်ဟု ပလောင် အဖွဲ့မှ ဆိုပါသည်။ မန် ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်ထဲ ဂွင်ထဲတွင် အစိုးရ တပ်ဖွဲ့ (၁၀) ရင်းကျော် လှုပ်ရှားနေပါ သည်။  ၄င်းစစ်ဗျူဟာမှူးများသည် မန်ဆန်းမြို့၊  မန်တုံမြို့နှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေချပြီး စစ်ဆင် နေပါသည်။
In_front_war
ကချင်တပ်သား တဦး၏ ရှေ့တန်းလှုပ်ရှားမှုဟန် (ဓါတ်ပုံ အင်တာနက်)
ဤစစ်ဆင်ရေးတွင် ပလောင် ကျေးရွာ လူကြီးများကို ဖမ်းဆီး နေကြပြီး ညှင်းပမ်းနှိပ်စက်မှုဖြင့် KIA နှင့် ပလောင်တပ်ဖွဲ့ သတင်း များကို ဖေါ်ထုတ် နေကြပါသည်။ KIA တပ်မဟာ (၄) ဒေသတွင် ပလောင် လွတ်မြောက်ရေး အဖွဲ့မှ တပ်ရင်း (၄) ရင်း လှုပ်ရှား နေပါသည်။
အစိုးရသည် KIA နှင့် တွေ့ဆုံ ဆွေးနွေးရန် ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က ကမ်းလှမ်း ခဲ့ပါသည်။ အောက်တိုဘာ လဆန်း တရက်နေ့မှ (၁၀) ရက်နေ့ အထိ  KIA နှင့် ဖြစ်ခဲ့သော တိုက်ပွဲပေါင်းမှာ (၂၀) ပွဲထက်မနဲ ရှိသည်ဟု စစ်ရေး လေ့လာ သူများက ခန့်မှန်း ထားပါသည်။
ဤသို့ကြောင့် တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွား နေသည့်ကြားမှ KIA နှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးရေးသည် ဖြစ်လာဖွယ်ရှိ သော်ငြားလည်း KIA ၏ တောင်းဆို မှုကသာ ဆွေးနွေးပွဲကို လွှမ်းမိုး နေမည် ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2239-----kia---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India