October 18, 2012

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး

ချင်းမိုင်(မဇ္စျိမ)။   ။ ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်ထိ ဖားကန့် ဗျူဟာကုန်း အစိုးရတပ်စခန်းမှ တမိုင်ကျော် အကွာအဝေးရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များရှိရာ မော်မောင်ဘွမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ကိုခခူးတူးခေါင်၊ ကိုစဂ နော်အောင်၊ ကိုမဂေါင် နော်ဆန့်၊ ကိုကီလ တူးအောင်၊ ကိုဂွမ်ယောင် တန်ဂွန်း တို့ဖြစ်ပြီး ကိုစက လဂျာ၊ ကိုဇော်ခွမ်၊ ကိုဘရန်အောင်၊ လယန် ဇော်ဆိုင်း၊ လဖိုင် ဇော်လတ်အောင်တို့ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကက်သလစ် အသင်းတော်မှ ဓမ္မဆရာ နော်ဂျာက ပြောသည်။

“မနေ့က လက်နက်ကြီးနဲ့ မော်မောင်းဘွမ်ဘက် ပစ်လို့ ပြန်သွားတဲ့ ပြည်သူတွေ တော်တော်ထိခိုက်သွားတယ်။ အားလုံး ငါးဦး သေတယ်။ ကိုကီလ တူးအောင်က ဆယ်အိမ်မှူး ကျနော်တို့ ဒုက္ခသည်စခန်းကပဲ။ နယ်မြေ တည်ငြိမ်
လာပြီဆိုပြီး ရွာကို ပြန်သွားတာ။ ခုလို ခဏပြန်တဲ့အချိန်မှာ သေဆုံးသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဒဏ်ရာရသူများထဲမှ တချို့မှာ အခြေအနေ စိုးရိမ်ရသဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့မည်ဟု ဆိုသည်။

KIA တပ်ရင်း ၆ မှ အရာရှိ တဦးကလည်း “ကျနော်တို့ဘက်က နှစ်ဦးသေတယ်။ သုံးဦး ဒဏ်ရာရတယ်။ သေတဲ့လူ တချို့က ခေါင်းပြတ်သွားတယ်။ တချို့ ပုခုံး ပြတ်သွားတယ်။ ကိုယ်တပိုင်း ဖြစ်သွားတဲ့ လူလည်း ပါတယ်။ ဝန်ထမ်း
နှစ်ယောက်က တယောက်က ရင်ပတ်မှာ ကျည်ဆံ ထိသွားလို့ ပွဲချင်းပြီး သေသွားတယ်။ တယောက်က ဝမ်းပိုက်
မှာ ထိသွာလို့ ပွဲချင်းပြီး သေသွားတယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကို ဖားကန့်ဗျူဟာကုန်းတွင် မကြာသေးမီက လာရောက်တပ်ဆင်ထား
ပြီး ဖြစ်သည်ဟု သိရပြီး KIO ဘက်မှ ပြန်လည် ပစ်ခတ်ခြင်း မရှိသေးကြောင်း “ဘာလက်နက်ကြီးလဲ ဆိုတာ
တောင် သေသေချချာ မသိသေးဘူး။ အလုံး ၂၀ ကျော်လောက် ပစ်တယ်။ ကျနော်တို့ ပြန်ပစ်ဖို့က ဖားကန့်
ဒေသခံတွေကို ထိမှာဆိုးလို့ ခက်နေတယ်။ ခုထိတော့ ကျနော်တို့ဘက်က ပစ်တာ မရှိသေးဘူး။ သူတို့က ကျနော်
တို့ဘက် ထိုးစစ်ဆင်မယ်လို့ သတင်းတွေတော့ ထွက်နေတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း တလခန့်ကြာ တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီးနောက် ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များ
တွင် လုံးခင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲထပ်မံ ဖြစ်ပြီးခဲ့ပြီး ပြန်လည်ငြိမ်သက်နေခဲ့ရာမှ ယမန်နေ့ညက ထိုသို့
ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား ကြာသပတေးနေ့ နံနက် ၉ နာရီချိန်တွင် မော်မောင်းဘွမ် နှစ်ခြင်းဘုရား
ကျောင်းတွင် ဝတ်ပြုဆုတောင်းမှု ပြုလုပ်၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ဓမ္မဆရာ ဂျာနော်က ပြောသည်။

ဖားကန့်မြို့ပေါ်တွင် ခိုလှုံနေထိုင်ကြသော စစ်ပြေး ဒုက္ခသည်များအနက် တချို့မှာ တိုက်ပွဲများငြိမ်သက်နေ၍
အောက်တိုဘာလဆန်းက မိမိနေရပ်သို့ ပြန်သွားခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ဒုက္ခသည် ၁၀၀ ကျော်
ပြန်လည် ရောက်ရှိလာသည်ဟု ဆရာနော်ဂျာ က ဆိုသည်။

သြဂုတ်လဆန်းပိုင်းမှစတင်၍ အစိုးရနှင့် KIA တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ရွာသားများ
သေဆုံးမှု အနည်းဆုံး ရှစ်ဦးခန့် ရှိသွားပြီဟု သိရှိရသည်။

ဖားကန့်မြို့ပေါ်တွင် စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ခိုလှုံနေသည်။

http://mizzimaburmese.com/news/inside-burma/10279----kia-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India