KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) နှင့် မြန်မာအစိုးရ တပ်ဖွဲ့ ခမရ (၃၂၀၊ ၃၈၇) နှင့် ခလရ (၁၄၂) တို့ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ခုတိုက်နေကြတယ်။ ဘယ်နှစ်ယောက်သေတယ် မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး။”
ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တပ်စခန်းသို့ ရိက္ခာလာပို့သော မြန်မာအစိုးရတပ်ပေါင်းစု အင်အား ရ၀ ကျော်နှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။
တိန်းကျန့် (Ting Jang) ရွာတွင်ရှိသော ဒေသခံအားလုံးသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် KIA ဗဟိုဌာနချုပ် လိုင်ဇာ ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံလျက်ရှိကြောင်းသိရသည်။
ထို့အတူ ဒေါ့ဖုန်းယန်ရှိ မြန်မာအစိုးရတပ် ခလရ (၁၄၂) တပ်သည်လည်း KIA တပ်ချထားရာသို့ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ပစ်ခတ် နေကြောင်းသိရသည်။
“၂ နာရီခြားပစ်နေတယ်။ မနေ့ည ၉ နာရီကနေ ဒိီမနက် ၃ နာရီထိ ပစ်နေတယ်။”
ထိုသို့ ပစ်ခတ်ခြင်းကြောင့် မန်ဆိုင်း (Man Sai) ရှမ်းရွာရှိ အိမ်တအိမ်မှ နွားတင်းကုပ်တွင် အမြောက်ကျည်ဆံ ကျရောက် ပေါက်ကွဲပြီး နွား ၁၁ ကောင် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ မိုးမလင်းခင် နံနက် ၂ နာရီချိန်တွင်လည်း တိန်းကျန့် (Ting Jang) ရွာမှ ၅ မိုင်ရှိ မန်ဆိုင်း (Man Sai) ရှမ်းရွာသို့ မြန်မာ အစိုးရတပ်ပေါင်းစုနှင့် KIA တပ်မဟာ (၅) တပ်ရင်း (၂၄) သို့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
မိနစ်ပိုင်း ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုတွင် နှစ်ဖက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုကို အသိအကျ မသိသေးကြောင်း ရှေ့တန်းမှ အရာရှိဆိုသည်။ ၎င်းမန်ဆိုင်းရှမ်းရွာသည် မြန်မာအစိုးရတပ်များ တပ်စခန်းချ ထားကြောင်းသိရသည်။
မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)အား ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာသေးခင်က ကမ်းလှမ်းထားခြင်းဖြစ်သော်လည်း တိုက်ပွဲများသည် နေ့စဉ် ဌာနချုပ်နယ်မြေနှင့် KIA တပ်ချရာနေရာအနှံ့တွင် တင်းမာမှုများဆက်လက်ဖြစ်ပွားနေသည်။