ဒါ့ပြင်ကချင်ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ အစိုးရနဲ့ကချင်ကြား နှစ်ဦးနှစ်ဘက် ဆွေးနွေးကြဖို့ဖြစ်ပါတယ်၊ အစိုးရ ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင်တွေကလည်း KIA နဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုထားပေမဲ့ အကြောင်းပြန်ကြားချက် မရသေးပါဘူး၊ KIA ဘက်ကသာ ပိတ်ဆို့ထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက်ရင် လတ်တလောပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်၊ လိုင်ဇာ မှာရှိတဲ့ KIA ဌာနချုပ် ကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်းလည်း တပ်မတော်က ကတိပြုထားပြီး ဖြစ်ပါတယ် လို့လည်း ဗိုလ်မှူးဇော်ဌေး က ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။
ဒါပေမဲ့ အစိုးရတပ်တွေချထားတဲ့ လဂျားယန် ဟာ KIA ရဲ့ နောက်ဆုံး တပ်စခန်းဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၆မိုင်လောက်ပဲ ဝေးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က KIA ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ခရစ်စမတ်နေ့ နောက်ဆုံးထားပြီးဖွင့်ပေးဖို့ စစ်တပ်က အကြောင်းကြားစာပို့ခဲ့ပါတယ်။ KIA ပြောခွင့်ရသူ ဦးလနန် က ဒီရာဇသံဟာ ပြဿနာကို နိုင်ငံရေးနည်းထက် စစ်ရေးနည်းသာနဲ့ ဖြေရှင်းမယ်လို့့့ ကြေညာလိုက်တာသာဖြစ်ကြောင်း၊ အခုစစ်တပ်ရဲ့ ထိုးစစ်ဟာ စစ်တပ်ကသတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို ကချင်ကလက်ခံလာရအောင် အင်အားသုံးမယ်ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း၊ စစ်တပ်ဆီပို့တဲ့ ရိက္ခာတွေထဲမှာ ဆန်အပြင် လက်နက်နဲ့ကျည်ဆန်တွေပါပါဝင်ကြောင်း၊ မိမိတို့ကို ချေမှုန်းရာမှာသုံးစွဲမယ့် လက်နက်တွေသယ်လာတဲ့ ဘယ်ရိက္ခ္ခ္ခ္ခ္ခာတင်ကားကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း၊ ဒါဟာ စစ်ပွဲရဲ့သဘာဝဖြစ်ကြောင်း AP သတင်းကို ပြောဆိုပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်ဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့ပေမဲ့ အခုထိ အကောင်အထည်မပေါ်သေးတဲ့အတွက် နိုင်ငံရေးလေ့လာသူတွေအတွက် ဝေဖန်စရာဖြစ်နေပါတယ်။
http://www.rfa.org/burmese/news/mmgov-deny-air-attack-12312012231642.html