October 6, 2012

ကရင်အမျိုးသားညီညွတ်မှု ငြိမ်းချမ်းရေးကော်မတီ လိုလား


ကရင်လူမျိုးတွေနဲ့ အဖွဲ့အစည်းတွေကြားမှာ သွေးခွဲ ဆက်ဆံမှုမျိုး လုပ်မှာမဟုတ်ဘဲ ကရင်ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ​ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနဲ့ KNU ကရင် အမျိုးသား အစည်းအရုံးအဖွဲ့က ခေါင်းဆောင်တွေ ရန်ကုန်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်စုံကို မဆုမွန်က တင်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်တပ် ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်း ခေါင်းဆောင်၂ ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ဒီရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီနဲ့ ကရင့်အသိုင်းအဝိုင်း က ခေါင်းဆောင်ပိုင်းတွေ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကရင်ခေါင်းဆောင်တွေရဲ့ သဘောထားအမြင်နဲ့ ငြိမ်းချမ်းရေး ကော်မတီဘက်က ကရင်အမျိုးသားတွေ ကြားမှာ စည်းစည်းလုံးလုံး ဖြစ်နေတာကိုပဲ မြင်ချင်တဲ့ အကြောင်းနဲ့ ကရင်ပြည်နယ်ထဲမှာ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ Myanmar Peace Center မှာ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီလောက်အထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရယ်၊ ကျနော်ရယ်ပေါ့နော်။ ကျနော်တို့နှစ်ယောက်နဲ့ ဟိုဘက်က ကရင် ဘက်က လူတွေပေါ့ဗျာ။ ဦးထွန်းအောင်ရှိန်တို့၊ ဦးမန်းမောင်မောင်ဉာဏ် တို့ စသည်ဖြင့်ပေါ့နော်၊ ကျနော်တို့ ဆွေးနွေးတဲ့သဘော ဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ဘက်က ကရင်အမျိုးသားများကို စည်းစည်းလုံးလုံး ဖြစ်စေချင်တယ် ဆိုတဲ့ အချက်ပေါ့။ ဒုတိယအချက်ကတော့ အစိုးရပိုင်းကတော့ ဘယ်လို တိုင်းရင်းသား အင်အားစုကိုမဆို divide and rule ပေါ်လစီကို  ကျနော်တို့ ဘယ်တော့မှ ကျင့်သုံးမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စပေါ့ဗျာ။ ကျနော်တို့ သဘောထားလေးကို ဆွေးနွေးတယ်။ တတိယတချက်က  ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးကို ရအောင် ဆက်ပြီးတော့ မဖြစ်မနေ ဆောင်ရွက်သွားမယ်။ အဲဒီအချက် သုံးချက်ကို ဒါ ကျနော်တို့ နိုင်ငံတော် အစိုးရဘက်က ဒီသဘောထားလေး ကျနော်တို့ ဆွေးနွေးပြတာပါ။ အခု လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ KNU ဘက်က ဖိတ်ခေါ်တယ် ဆိုရင်လည်း ကျနော်တို့ လာပြီးတွေ့ဖို့ အဆင်သင့် ရှိပါတယ်။ အလားတူပဲ ကရင် အဖွဲ့အစည်းကလည်း ကိုယ်စားလှယ်တွေကလည်း ဖိတ်ခေါ်ရင် လာပြီးတော့ တွေ့ပြီးတော့ အခုလို အခက်အခဲတွေကို ၀ိုင်းဝန်း ဖြေရှင်းပေးချင်ပါတယ်။ စသည်ဖြင့် ဒါတွေကို ဆွေးနွေးပြီးတော့ ကျနော်တို့ ဒီအဖွဲ့တွေကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ ကရင် community ကတော့ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် စဉ်ဆက်မပြတ် ဆက်ပြီးတော့ ဒီလိုပဲ ဆွေးနွေးနေကြဦးမယ်၊ စသည်ဖြင့် အဲဒီအချက်တွေကို ကျနော်တို့ ဆွေးနွေးဆုံးဖြတ်တဲ့ သဘောပါပဲ ခင်ဗျ။”

အခု လောလောဆယ်မှာ KNU ဘက်ကနေ KNLA ရဲ့ စစ်ဦးစီးချုပ်ကိုလည်း ရာထူးက ပယ်တယ် ဆိုပြီးတော့၊ ဒါပေမဲ့ အောက်ခြေက KNU ဘက်က သူတွေကလည်း မသိကြဘူး ဖြစ်နေကြတယ်။ အဲဒီတော့ အချင်းချင်းကြားမှာ နားလည်မှု လွဲနေတဲ့အပေါ်မှာရော ၀န်ကြီးတို့အနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။ -

“ခုနက ကျနော် ပြောခဲ့ပြီးပြီ။ ဒါကတော့ဗျာ အဖွဲ့အစည်းတွင်းမှာရှိတဲ့ သူတို့ အခက်အခဲတွေ နဲ့ ပြဿနာ ဖြစ်မှာပေါ့ဗျာ။ ဒီကိစ္စ အပေါ်မှာတော့ ဘာမှ ကျနော်တို့ ပြောစရာမရှိပါဘူး။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေး လုပ်နေတဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကိုပဲ ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားမယ်၊ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ထာဝရ ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်သွားမယ်။ ခုနကလိုလေ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လို အခက်အခဲတွေပဲ ဖြစ်ဖြစ်၊ အရှိန်အဟုန် ရနေတဲ့ KNU နဲ့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးတွေ အဆက်ပြတ်မသွားအောင်၊ အရှိန်အဟုန် တန့်မသွားအောင် ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြပါ။ ဆိုတာ KNU တွေကို ကျနော်တို့ ခေါ်ပြီး ပန်ကြားတာပါပဲ။ အကြောင်းကြောင်း ကြောင့် တခုခုကြောင့် နှောင့်နှေးသွားမှာ၊ ပျက်ပြားသွားမှာကို စိုးရိမ်တယ်၊ ကရင် အမျိုးသားတွေ စည်းစည်းလုံးလုံး ဖြစ်စေချင်တယ်။ ဒီဆန္ဒက သဘောကတော့ အကုန် အတူတူပဲ။”

ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာအစိုးရဟာ ဒီနှစ် ဇန်နဝါရီလက ကရင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့အတွက် ဖားအံမြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆိုရင် KNU နဲ့ အစိုးအရ အကြားမှာ ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စတင်လို့ ပဲခူးတိုင်း ကျောက်ကြီး၊ တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ ကရင်ပြည်နယ်မှာတော့ ဘုရားသုံးဆူနဲ့ မြဝတီတို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ကိုယ်တိုင် ဖွင့်လှစ်လိုက်တဲ့ ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံးက ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပါတယ်။ ကရင် အမျိုးသား အစည်းအရုံးက စီစဉ်တဲ့ အစီအစဉ် မဟုတ်သလို တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာကိုလည်း ဗဟိုအနေနဲ့ မသိရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ရဲ့ သဘောတူညီချက်နဲ့သာ တွေ့ဆုံဆွေးနွေးရေးတွေ ကို လုပ်ခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရကြား အထူးသီးသန့် သဘောတူညီချက် မဟုတ်ကြောင်းကို KNU ဗဟိုက ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ််ပါတယ်။
အခုလိုဖြစ်ပျက်နေတာတွေဟာ KNU နဲ့ KNLA ကြား အတွင်းရေး ပြဿနာတွေကို လူသိရှင်ကြား ထုတ်ဖော်ပြသရာ ရောက်တယ်လို့ုလည်း ဝေဖန်သူတွေက ဆိုပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် စစ်ဦးစီးချုပ်နေရာကို KNLA တပ်မဟာ (၅) ရဲ့ တပ်မဟာမှူး စောဘောကျော်ဟဲကို အစားထိုးခ န့်ထားလိုက်တယ်လို့ လည်း သိရပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့လည်း KNU ဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

http://burmese.voanews.com/content/knu-10-07-12/1521778.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India