May 3, 2013
SSPP တပ်ဖွဲ့များအား အစိုးရ ဆက်လက် စစ်ဆင်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းမြောက် တပ်နှင့် အစိုးရတပ် ညလုံးပေါက် တိုက်ပွဲဖြစ်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA က မဇ္စျိမကို ပြောသည်။
ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက
တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA က ဆိုသည်။
တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။
ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။
“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် ကိုစိုင်းလူ က ပြောသည်။
SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/11492-2013-05-03-12-58-10.html
April 17, 2013
SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ် သင်္ကြန်တွင်း တိုက်ပွဲဖြစ်
Wednesday, April 17, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ဘက်တပ်တွေအကြား ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ၁၀ ရက်ကျော်ကာလမှာ အခုလို တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာပါ။
လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ SSA မြောက်ပိုင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။
“ဖြစ်တာက ခဏ ခဏ ဖြစ်နေတဲ့ ဂွင်တွေပဲလေ။ လွယ်ဆေး၊လွယ်လန်း တဝိုက်မှာပဲ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မိုင်းကောင် အရှေ့ခြမ်းမှာ အဲ့ဒီတဝိုက်မှာ ဖြစ် တယ်လေ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ဖြစ်တယ်
ပေါ့။ ၁၅ ရက်နေ့မှာ ၂ ကြိမ်ဖြစ်တယ်။ ၁၆ ရက်နေ့မှာလည်း ဖြစ်တယ်လေ။ တိုက်ပွဲကတော့ တနေ့လုံးတော့ မဟုတ်ဘူးပေါ့။ တကြိမ်ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပါပဲ။”
လတ်တလော ထပ်မံ ဖြစ်ပွားလာတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်မှုးစိုင်းလက အခုလို ဆက်ပြောပါတယ်။
“ဖြစ်တာက ခါတိုင်းဖြစ်သလိုပါပဲ။ ကျနော်တို့ ရှိတဲ့နေရာ သူတို့ ၀င်ရှင်းတယ်လေ။ ကျနော်တို့ အဲ့ဒီဒေသမှာ မနေနိုင်အောင်ပေါ့။ ကျနော်တို့ကို ဖယ်ထုတ်တဲ့ သဘောမျိုးပေါ့။ အဲ့ဒီနေရာဒေသမှာ ကျနော်တို့ ဟိုး ရှေးပဝေသဏီ ကတည်းက နေခဲ့တယ်လေ နော။ ကျနော်တို့ကတော့ ကျနော်တို့ ရှိတဲ့နေရာ ခုခံယုံကလွဲပြီးတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ နော။”
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ သတင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်အကြားမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အဲ့ဒီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါသေးတယ်။ ဒီတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်
ဖြစ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။
“အခု အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ နေတယ်။ ၄၀၀ ကျော်လောက် ရှိသေးတယ်ခင်ဗျ။ စစ်ပွဲထပ်ဖြစ်မှာ စိုးလို့ထင်တယ်။ စိုးရိမ်တာပေါ့။ အဲ့ဒါကြောင့် သူတို့ မပြန်နိုင်တာ အဲ့ဒါပါပဲ။”
ဒီကနေ့ နှစ်ဆန်းတရက်နေ့ နေ့ခင်း ၁ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့က ရွှေတိဂုံပုံတူ စေတီတော် ဘုရားဝင်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ပင်လုံမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒါဟာ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ မီးရှုးဒုံး ပေါက်ကွဲ တာသာ ဖြစ်တယ်လို့ တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ပြန်လည်ဖြေဆိုပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလအတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။
February 22, 2013
ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်
Friday, February 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။
"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ရ မိုင်လောက်ပေါ့"
ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ၀င်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။
"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျနာ်တို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"
ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့ တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။
- ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း
- ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ
- တပ်မတော်နဲ့ ပါတီ်တွေ တိုင်ပင် လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော
- တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်
- ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား
- စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ
- ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ
- မြေတွေ ပြန်ပေးဖို့ သင်္ဃန်းကျွန်းဒေသခံတွေ တောင်းဆို
- သပိတ်ကျဉ်း မြို့နယ်အတွင်းက စစ်တပ်ပိုင်သိမ်းထားတဲ့ လယ်တွေပြန်ပေး
SSA နဲ့အစိုးရတပ် တိုက်ပွဲဆက်ဖြစ်
Friday, February 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) အဖြစ် လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ်ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ ကြာသပတေးနေ့က ငြိမ်သက်သလို ရှိခဲ့ပေမဲ့ အခုထပ်ပြီး ဖြစ်ပွားခဲ့တာပါ။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းဒေသက သူတို့အခြေစိုက်ရာ ဒေသထဲ မြန်မာစစ်တပ် ၀င်ရောက်လာရာက တိုက်ပွဲတွေ စဖြစ်ခဲ့ရတာလို့ SSPP/SSA အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ ကပြောပါတယ်။
“ဒီနေ့ ၆ နာရီခွဲမှာ ကျနော်တို့ရှိတဲ့တောင်ကုန်းကို သူတို့ ပြန်တက်ပြီးတော့ တိုက်တယ်လေ။ တန့်ယန်းမြို့နဲ့ တိုက်ပွဲဖြစ်တဲ့ လွယ်လန်းတောင်မှာပဲ၊ အဲဒီနယ်မြေက ကျနော်တို့ နေရာချထားရေး အတွက် အစိုးရဆီမှာ၊ ဦးအောင်မင်းတို့ဆီမှာ တရားဝင်တင်ပြပြီး သဘောတူညီချက် ရထားတဲ့ ဒေသတွေ ဖြစ်တယ်လေ။ ပြီးတော့ အဲဒီဒေသမှာ ကျနော်တို့နေတာလည်း ကြာပါပြီ။ ကချင်နဲ့တိုက်တုန်းက သူတို့ အဲဒီလို စကားမျိုး မပြောဘူးလေ။ ကချင်နဲ့ လက်နက်ဆိုင်းထားပြီးတော့ ဒီဘက်လှည့်ပြီးတော့ တိုက်ကွက်ပေါ်လာတာ အဲဒါတော့- သူတို့လုပ်ရပ်က မမှန်ကန်ဘူးဆိုတာ သိသာနေတာပဲ။”
တကျော့ပြန် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေထံ အကြောင်းကြားရာမှာတော့ သက်ဆိုင်ရာတပ်တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ထားကြောင်းလည်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။ မြန်မာအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ပဋိပက္ခတွေ ပြန်ဖြစ်နေတဲ့ သတင်းတွေ ရရှိထားတဲ့အတွက် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
“ထိတွေ့မှုတချို့ရှိတယ်လို့ ကျနော်တို့လည်း သိရပါတယ်။ ကျနော်တို့သိရသလောက်တော့ အရင်တုန်းက တပ်မတော်က ထိန်းသိမ်းထားတဲ့နေရာထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ SSA (မြောက်ပိုင်း) က အဖွဲ့တဖွဲ့ ရောက်နေတော့ အဲဒီမှာ နားလည်မှု နည်းနည်းလေး လွဲမှားနေတာရှိတယ်လို့ သိရပါတယ်။ အဲဒီအထိပဲ ကျနော်တို့ သိရပါသေးတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း သူတို့ကို လိုင်းကို ကျူးကျော်နေတယ်လို့ ကန့်ကွက်ထားတာ ရှိပါတယ်။ သူတို့ကလည်း အဲဒီနေရာကို ကျူးကျော်လာတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ နည်းနည်းလေး နားလည်မှု လွဲမှားနေတာလေးတွေ ရှိတယ်ဆိုတာတော့ သိရပါတယ်။ အဲဒါလေးကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာပါ။”
ဆက်တိုက်ဆိုသလို ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်ပြုလို့မရပါဘူး။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်က ပဋိပက္ခဖြစ်ရာ နယ်မြေထဲကို နောက်ထပ် စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ မြန်မာအစိုးရ တိုင်းရင်းသားတွေနဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းမယ်လို့ ကတိပြုထားတဲ့ ကြားကပဲ အပစ်အခတ် ရပ်စဲရေး ရယူထားတာ ၁ နှစ်ကျော်လာပြီဖြစ်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ ဒါဟာလည်း အစိုးရက ငြိမ်းချမ်းရေး ရချင်တယ်ဆိုပေမဲ့ စစ်တပ်ကတော့ အင်အားသုံး သြဇာချဲ့ထွင်ဖို့ ကြိုးပမ်း လိုတဲ့ အတွက်ဖြစ်တယ်လို့ ဗွီအိုအေရဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ် ထုတ်လုပ်သူ တဦးလည်းဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက စိုင်းမိန်း က ပြောပါတယ်။
“ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေကတော့ သံလွင်မြစ်ရဲ့အနောက်ဘက်ကမ်းမှာ ရှမ်းတပ်အချို့တွေ ရှိနေသေးတယ်။ SSPP/SSA ရဲ့တပ်စခန်းတချို့ ရှိုနေသေးတာပေါ့။ အဲဒါကို အစိုးရတပ်အနေနဲ့ သူတို့က အချော(အနု) နည်းနဲ့ပြောပြီးတော့မှ သိမ်းပိုက်ချင်သလိုလို၊ ပြောလို့ မရရင်လည်း အင်အားသုံး တိုက်ခိုက်တယ်။ ဆိုလိုတဲ့သဘောက ကျနော်တို့ လက်ရှိ လေ့လာ သိရှိချက်အရဆိုရင် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဦးအောင်မင်းရဲ့အဖွဲ့က သူတို့ လုပ်ချင်တာလုပ်၊ တဘက်ကကျတော့ စစ်ရေးပေါ်လစီအရနဲ့ နယ်မြေစိုးမိုးရေး၊ နယ်မြေ ရှင်းလင်းရေး ပေါ်လစီအရ အစိုးရရဲ့တပ်က အင်အားသုံးပြီးတော့မှ နယ်မြေကျူးကျော်မှုတွေကြောင့် တိုက်ပွဲဖြစ်ရတယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရတယ်ခင်ဗျ။”
မြန်မာအစိုးရနဲ့ SSPP/SSA တို့ကြား ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/SSA အပါအဝင် တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံချိန် မှာတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်စေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ ကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ သဘောတူ ထားကြတာလည်း ဖြစ်ပါတယ်။
http://burmese.voanews.com/content/ssa-north-and-myanmar-goverment-army-keep-fighting/1608680.html
December 3, 2012
SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်
Monday, December 03, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို ဦးတည် လာတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။
နိုဝင်ဘာ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် တော့ဆန်ဘက်၌လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် မိုင်းလုံ နှင့် ကျောက်မဲမြို့ ကြား အစိုးရတပ် စကခ ၁ လက်အောက်ခံ ပူးပေါင်းတပ်ရင်း အင်အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် SSPP/SSA ရှိရာတောင်ကုန်းတခုသို့လည်းကောင်း ၊နိုဝင်ဘာ ၂၈ ရက် ကျောက်မဲမြို့နယ် ခေးနင်းမ်းကျေးရွာ တောတွင်းတနေရာ၌ လည်းကောင်း တက်တိုက်ခဲ့သည်ဟု ဆိုပါသည်။
“ကျနော်တို့က သွားတိုက်တဲ့သူမဟုတ်ဘူး။ ကျနော်တို့ နေရာကို သူတို့ကဘဲ လူထုကို ရိုက်နှက် စစ်ဆေးမေးမြန်းပြီး လာလာတိုက်တယ်။ အများအားဖြင့် ကျနော်တို့က အားသာတဲ့နေရာမှာရှိတယ် ဆိုတော့ သူတို့ဘက်က အထိနာတာပေါ့ဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ပြောပါသည်။
ရှေ့တန်းရောက်တပ်မှူးတဦးကလည်း အစိုးရတပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အစိုးရတပ်က ၆၀ မမ၊ ၈၀ ၊ ၈၁ မမ စသည့်လက်နက်ကြီးများ အသုံးများသော်လည်း မိမိတို့ဘက်မှ အတည်တကျတပ်စခန်း မချထား ပါက စိုးရိမ်မှုမရှိကြောင်း၊ မန္တလေး- လားရှိုးကားလမ်းမြောက်ဘက်ခြမ်းတွင် လည်း သျှမ်းပြည်တပ်မတော်၏ တပ်မဟာ သုံးခုက တိုက်ခိုက်ရေး အင်အား ထောင်ကျော်ရှိသော အစိုးရ စစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း ပြောပါသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်း တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက် ရန်ရှာတိုက်ခိုက် ခြင်းသာဖြစ်ကြောင်း SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3698-ssppssa------.html
November 13, 2012
သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ
Tuesday, November 13, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။
“ ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ ” ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။
SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။
ဗိုလ်မှူးကြီးစိုင်းထူးက - “ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင် စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်” ဟု ဖြေရှင်းပြောဆိုသွားပါသည်။
အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3644-2012-11-13-09-09-55.html
အပစ် ရပ်စဲထားသော SSPP နှင့် အစိုးရ တိုက်ပွဲပြင်းထန်
Tuesday, November 13, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“အစိုးရ ဖက်ကတော့ တပ်ရင်း (၆) ရင်း သုံးပြီးတော့ ကျနော်တို့ တပ်မဟာ (၆၁၂) ကို စစ်ဆင်တာ ဖြစ်တယ်။ တိုက်ပွဲ တွေက ကြာလည်း ကြာသလို ပြင်းလည်း ပြင်းထန်တယ်။ လွိုင်လင့် တွတ်ဇံ ကျောက်မဲခရိုင် တောင်ကုန်းကို ဝင်တိုက် တာ (၅) နာရီလောက် ကြာသွားသလို၊ မိုင်းငေါ့နယ်မြေမှာ ရှိတဲ့ ကွန်ဖလမ်းပန်လော့ မှာဆိုရင် တိုက်ပွဲက (၂) နာရီ ခွဲကြာခဲ့ တယ်လေ။ အသေ အပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲ များသည်၊ အောက်တိုဘာ (၃၁) ရက်နေ့မှ စတင်လာပြီး၊ နိုဝင်ဘာလ (၂) ရက်နေ့၊ (၄) ရက်နေ့နှင့် (၉) ရက်နေ့၌ အပြင်းထန်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ (၉) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲမှာ နံက်(၈)နာရီမှ မွန်းလွဲ တနာရီထိ ကြာခဲ့ ပါသည်။
စစ်ဆင်ရေး၌ ပါ၀င်သော အစိုးရ တပ်ဖွဲ့များမှာ ခမရ (၅၀၁), (၅၀၂), (၅၀၃)၊ ခလရ (၂၃)၊ ခလရ (၇၁) အောင်လံနှင့် ခလရ (၉၅) မန္တလေး အခြေစိုက် တပ်ဖွဲ့တို့ ဖြစ်ပါသည်။ ဤစစ်ဆင်ရေးသည် အင်အား (၃၀၀) ကျော်ရှိသော SSPP တပ်မဟာ (၆၁၂) ကို အင်အား (၅၀၀) ကျော်နှင့် အစိုးရ တပ်ဖွဲ့က စစ်ဆင်နေခြင်းဖြစ်သည်ဟု SSPP ဖက်မှ ခန့်မှန်း ထားပါသည်။ တို်က်ပွဲ များသည်၊ တရုတ်ပြည်သို့ သွယ်တန်းထားသော နမ့်ခမ်းမြို့နယ် ချထားသော ရွှေဂက်ပိုက်လိုင်းတ လျှောက် ဖြစ်ပွားခြင်း ဖြစ်ပါသည်။
ဤတိုက်ပွဲ ကိစ္စကို နိုဝင်ဘာ (၉) ရက်နေ့၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ကို ရောက်လာခဲ့သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းအား အလွတ် သဘော တင်ပြ နိုင်ခဲ့သော်လည်း တစုံတရာ ပြန်လည် ပြောကြားခြင်း မရှိဟု ဆိုပါသည်။
SSPP သည် အရှေ့ အလယ်ပိုင်းတိုင်း တိုင်းဌာနချုပ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နေ့၌ နောက်ထပ်ဆက်ဆံ ရေးရုံးသစ်ကို ဖွင့်လှစ် ခဲ့ပါသည်။ ဤကဲ့သို့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနေခြင်းနှင့် ဆက်ဆံရေး ရုံးများကို တိုးချဲ့နေသော် လည်း နှစ်ဖက်အကြား ဖြစ်ပေါ်နေသော တိုက်ပွဲပြသနာများကို ဖြေရှင်းခြင်း မရှိပေ။ http://www.phophtaw.org/burmese/index.php/news/local-news/2302-sspp-.html
SSPP နှင့် အစိုးရတို့သည် ၂၀၁၂ခုနှစ် နှစ်ဆန်း ကတည်းက အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း ယနေ့အထိ တိုက်ပွဲပေါင်း (၅၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း SSPP တို့ကဆိုပါသည်။ ဤသည် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး သဘောထား များလားဟု မေးစရာဖြစ်နေကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2356--sspp-.html
အစိုးတပ်နှင့် SSPP တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ
Tuesday, November 13, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အင်အား ၃ဝဝ ခန့်ရှိသည့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား အစိုးရ စစ်ကြောင်းများမှ အပြင်းအထန် စစ်ဆင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ဘက်က ပြောတာတမျိုး လုပ်တာတမျိုး အခုလို လုပ်တာတော့ မကောင်းဘူး။ အခု တိုက်ပွဲတွေ ဖြစ်နေတဲ့
နေရာကလည်း မေမြို့ကနေ မူဆယ် အထိ ချထားတဲ့ ဂက်စ် ပိုက်လိုင်း တလျှောက် ဖြစ်နေတယ်။ ဂက်စ် ပိုက်လိုင်းက ကျနော်တို့ ထိန်းချုပ် နယ်မြေမှာ ရှိနေတယ်။ သူတို့ ဘက်က ဒီပိုက်လိုင်းကို လုံခြုံရေး ချချင်တဲ့ သဘော ရှိတယ်။ ဒီတိုက်ပွဲ ကိစ္စကိုလည်း ဦးအောင်မင်း နဲ့ UNFC နဲ့ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့တုန်းက တင်ပြထားပါတယ်။ တရားဝင်တော့ မဆွေးနွေးရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကျောက်မဲခရိုင်၊ မိုးမိတ် မိုင်းငေါ့ အကြားရှိ ခူးခမ်းခူးမိန် တောင်ကုန်းဒေသ၌ ဖြစ်ပြီး နံနက် ၈ နာရီ မွန်းလွဲ ၁ နာရီအထိ ၅ နာရီကြာ ဖြစ်ပွားခဲ့သည်။
အစိုးရတပ် ခမရ (၅ဝ၁)၊ (၅ဝ၂)၊ (၅ဝ၃)၊ ခလရ (၂၃)၊ တပ်ရင်း (၇၁) အောင်လံနှင့် တပ်ရင်း (၉၅) မန္တလေးတို့မှ တပ်များ အသုံးပြု၍ ပူးပေါင်း စစ်ကြောင်းများဖြင့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည်ဟု SSPP ဘက်က ဆိုသည်။ တိုက်ပွဲကြောင့် နှစ်ဖက်လုံး ထိခိုက်မှု ရှိခဲ့ပြီး စာရင်း အတိအကျ မသိရှိ ရသေးပေ။
ထို့ပြင် မိုင်းငေါ့ရှိ ပြည်သူလူထုများကိုလည်း အစိုးရစစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် SSPP တပ်၏ ခေါင်းဆောင်နှင့် အင်အား ပမာဏကို ခြိမ်းခြောက် မေးမြန်းခဲ့သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ခလရ (၂၃) ဒု-ဗိုလ်မှူးကြီး သန်းထွန်းအောင် ဦးဆောင်သည့် အင်အား ၉ဝ ရှိသည့် စစ်ကြောင်းနှင့် SSPP ၏ တပ်မဟာ ၆၁၂ စစ်ကြောင်းတို့ မိုင်းငေါ့နယ်ရှိ ကွန်ဖလမ်း ပန်လော့၌ နှစ်နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း SSPP ၏ တပ်မဟာ (၆၁၂) စစ်ကြောင်းနှင့် အစိုးရ တပ်တို့ မိုးမိတ်နှင့် မိုင်းငေါ့ နယ်ကြားရှိ ကျင်ကျိ၌ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ စစ်ကြောင်းမှ SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား သုံးနေရာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရတပ်မှ ဗိုလ်မှူးတဦး ဒဏ်ရာရကာ ကျောက်မဲ၌ ဆုံးသွားခဲ့ သည်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေကလည်း ရဲနိုင်ဦး (တာဝန် မသိရှိရ) ဦးစီးသည့် ခမရ ၅ဝ၃ စစ်ကြောင်း အင်အား ၁ဝဝ ခန့်ဖြင့် SSPP တပ်မဟာ စစ်ကြောင်း (၆၁၂)တို့ မိုးမိတ်ဘက်ရှိ ကျောက်လုံးကြီး ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း SSPP အဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်း
ကျေးရွာ အနီး၌ တပ်သားသစ်များအား စစ်ဘက်ဆိုင်ရာ သင်တန်း ပေးနေစဉ် ဖမ်းဆီးခံခဲ့ရမှုများနှင့် ပတ်သက်၍လည်း “အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးတဲ့ဟာက နှစ်ဦးနှစ်ဖက် သဘောတူပြီးမှ လက်မှတ် ရေးထိုးတယ်။ တဖက်နဲ့ တဖက် လက်နက်ကိုင်ပြီး သွားချင်လို့ရှိရင် အကြောင်းကြားရတယ်။ ဥပမာ သင်တန်းကျောင်းကို သွားဖမ်းတယ် ဆိုတာက အပစ်အခတ် ရပ်စဲရေးကို သဘော တူညီချက်ကို မလိုက်နာဘူး။ အဲလို နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာ မသင့်တော်ဘူးလို့ တင်ပြတယ်။ သူလည်း နောက် ဒီလို မဖြစ်ရပါဘူး။ မဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းဗိုလ်မှူးကြီး က ပြောသည်။
SSPP နှင့် မြန်မာ အစိုးရတို့သည် ပြည်နယ်အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် ထိမ်းချုပ်ရာ နယ်မြေ၌ လက်နက် ကိုင်ဆောင်ပြီး သွားလာပါက ကြိုတင် အကြောင်းကြားရေး အပါဝင် သဘောတူညီ ချက် ၅ ချက်ဖြင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားကြသည်။
အပစ်အခတ် ရပ်စဲ ပြီးချိန်မှ စ၍ ယနေ့အထိ SSPP နှင့် မြန်မာ အစိုးရ တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော်
ဖြစ်ပွားခဲ့ကြပြီး ဖြစ်ကြောင်း SSPP ဘက်မှ ပြောဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/10384--sspp----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

