July 28, 2012

တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ UNFC စတင်ဖွဲ့စည်းကတည်းက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာ ဖြစ်သလို ခုလို ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းခြင်းအားဖြင့် အပစ်အခတ် ရပ်စဲမှုတွေလုပ်တဲ့အခါမှာ တစုတစည်းတည်း အားလုံး ပါ၀င်မှာဖြစ်တဲ့အတွက် ပိုပြီးထိရောက်နိုင်တယ်လို့ UNFC ရဲ့ စစ်ရေးအကြံပေး ဦးခွန်ဥက္ကာက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ အစီရင်ခံထားပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ပြည်ထောင်စု တပ်မတော် ထူထောင်ဖို့ ဆုံးဖြတ်ချက် ရှိခဲ့တဲ့အတိုင်း အခု အကောင်အထည် ဖော်နေတာဖြစ်ပြီး တပ်ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေ ပြဌာန်းတာ၊ လုပ်ငန်းစီမံချက် ချမှတ်တာ၊ တပ်ဖွဲ့အားလုံး လိုက်နာလုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်း ချမှတ်တာ စတဲ့ အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ UNFC အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌလည်းဖြစ်၊ UNFC ရဲ့ လက်ရှိ စစ်ရေးအကြံပေး ဦးခွန်ဥက္ကာက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ဖက်ဒရယ်ကောင်စီဖွဲ့ကတည်းကိုက ဒီကောင်စီဟာ တခြားကောင်စီတွေနဲ့ မတူအောင် ကျနော်တို့မှာရှိတဲ့ တပ်ဖွဲ့အင်အားတွေကို ပေါင်းစည်းပြီးတော့ ဖက်ဒရယ်တပ်မတော် တခါတည်းဖွဲ့ဖို့ စီမံကိန်းကရှိပြီးသားပါ။ အဲဒီကတည်းက မူကကျပြီးသားပဲလေ။ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ဖက်ဒရယ်ကောင်စီကို ကျနော်တို့ စုဖွဲ့တာတွေ၊ မွမ်းမံတာတွေ လုပ်တာက လေးငါးခြောက်လကနေ ကိုးလလောက် ကြာတဲ့အချိန်မှာ တပ်ကတော့ အကောင်အထည် မဖော်သေးတာပဲဖြစ်တာပေါ့။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် တပ်မတော်ကလည်း တတပ်တအား အထောက်အကူဖြစ်မယ်။ နောက်ပြီးတော့ စစ်ရေးအရ ဖိနှိပ်မှုတွေကိုလည်း စုပေါင်း တွန်းလှန်မယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားဒေသ တိုင်းရင်းသားနယ်မြေ တိုင်းရင်းသားပြည်သူလူထုတွေကိုလည်း  အကာအကွယ် ပေးသွားမယ်။ ဒါကတော့ ကျနော်တို့ ပဏာမထားတဲ့ရည်ရွယ်ချက်ပေါ့။ ပြည်တွင်းတည်ငြိမ်မှု ငြိမ်းချမ်းမှုရရင် ဒီတပ်တွေဟာ ပြည်တွင်းမှာ ဘာမှ သုံးဖို့မလိုဘဲနဲ့ ပြည်ထောင်စုကြီးကို ကာကွယ်တဲ့ ပြည်ထောင်စုတပ်အဖြစ် အသွင်ပြောင်းဖို့ ပြည်ထောင်စုတပ်ရဲ့ အစိတ်အပိုင်းအဖြစ်  ပါ၀င်သွားဖို့ ဒါက ကျနော်တို့ အဓိက ရည်ရွယ်တဲ့ဟာဖြစ်ပါတယ်။”
နောက်ဆုံးအဆင့်အနေနဲ့ အဖွဲ့ဝင်တပ်ဖွဲ့တွေရဲ့ ဦးစီးမှူးတွေညှိနှိုင်းပြီး စစ်ဦးစီးချုပ်ခန့်အပ်ပြီးတာနဲ့ ပြည်ထောင်စု တပ်မတော်နဲ့ပတ်သက်တဲ့ တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်သွားမှာဖြစ်ပြီး မကြာခင်မှာ ထုတ်ဖော်ပြောဆိုနိုင်မှာပါလို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။ ခုလို ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းလိုက်တဲ့အတွက် အဖွဲ့ဝင်တိုင်းရင်းသား တပ်ဖွဲ့တွေအားလုံး တစုတစည်းတည်း ပါ၀င်သွားတာမို့ အပစ်အခတ် ရပ်စဲမှုတွေလုပ်တဲ့အခါမှာ ပိုပြီးတော့ ထိရောက်မှုတွေ ရှိနိုင်တယ်လို့ ဦးခွန်ဥက္ကာ ပြောပါတယ်။
“ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ အပစ်အခတ်ရပ်တာတွေကို သွားထိခိုက်မယ့်သဘော မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေးကို အထောက်အကူတောင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ် တပ်မတော်က ဖက်ဒရယ်ကောင်စီအောက်မှာဆိုတော့ ကျနော်တို့ ရပ်မယ်ဟေ့ဆိုရင် အဖွဲ့ဝင်အားလုံးက ရပ်ရတော့မှာပေါ့။ မရပ်တဲ့သူက မရှိတော့ဘူးဆိုတော့ ဒါက ကျနော်တို့ တပြည်လုံးအတိုင်းအတာ ရပ်သလိုဖြစ်သွားတာပေါ့။ တစ်ယောက်တစ်မျိုး ကျနော် မရပ်ဘူးလို့ ပြောလို့မရတော့ဘူးလေ။ ပိုပြီးတော့လည်း အပစ်အခတ် ရပ်စဲရေးလုပ်တဲ့နေရာမှာ ထိရောက်တာပေါ့။”
မြန်မာအစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းခွဲထုတ်ပြီး စည်းရုံးမှုတွေလုပ်နေတာ ရှိတဲ့အတွက် UNFC အနေနဲ့ အခုလို ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီး တိုင်းရင်းသားအဖွဲ့တွေဘက်ကနေ ခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်တာလို့ ယူဆတဲ့အကြောင်း မြန်မာ့အရေးသုံးသပ်သူ ဦးဌေးအောင်က ပြောပါတယ်။
“ကျနော် မြင်တာကတော့ ဒီပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းဖို့ သူတို့ပြင်ဆင်တဲ့ဟာကတော့ အခုလက်ရှိပေါ့နော် မြန်မာ့တပ်မတော်ကို သူတို့အနေနဲ့ တစုတစည်းတည်းပေါ့လေ ပြန်ပြီးတော့ ခုခံနိုင်အောင် ရည်ရွယ်ချက်နဲ့ သူတို့ ဖွဲ့စည်းဖို့ ရည်ရွယ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒီလိုဖွဲ့စည်းတာကလည်းပဲ အခုလက်ရှိ ဦးသိန်းစိန်အစိုးရရဲ့ တပ်မတော်က တိုင်းရင်းသားအဖွဲ့တွေကို တဖွဲ့ချင်းခွဲပြီးတော့ ဖဲ့ထုတ်စည်းရုံးနေတဲ့ အနေအထားတွေရှိတယ်။ ဒီလိုစည်းရုံးတဲ့နေရာမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းမပြုဘဲနဲ့ တချိန်ချိန်မှာ စစ်ရေးအရ အရေးယူလာမယ် ဆိုလို့ရှိရင် သူတို့က တညီတညွတ်တည်းပေါ့လေ ဟန်ချက်ညီညီ ခုခံကာကွယ်နိုင်အောင် သူတို့စစ်မိန့်ပေးဌာနချုပ် တခုတည်းဖွင့်ပြီးတော့ သူတို့က ခုခံကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာလို့လည်း ကျနော်က မြင်ပါတယ်။ ခုချိန်မှာ သူတို့အနေနဲ့ပေါ့လေ ပြည်ထောင်စုတပ်သဘောမျိုး ဖွဲ့စည်းတဲ့အပေါ်မှာတော့ အခုလက်ရှိ အစိုးရအနေနဲ့ ဒါကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်လိမ့်မယ်လို့ ကျနော်တော့ မမြင်ပါဘူး။”
ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကို တိုင်းရင်းသားအဖွဲ့ပေါင်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ UNFC ရဲ့ ကာကွယ်ရေးဌာနကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက ဦးဆောင်နေတာဖြစ်ပြီးတော့ အခုဖွဲ့စည်းမယ့် ပြည်ထောင်စု တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဟာ ဒီဌာနရဲ့ လက်အောက်မှာ ရှိမှာဖြစ်ပါတယ်။ လက်တွေ့ စစ်ရေးလုပ်ငန်းတွေကို စစ်ဦးစီးချုပ်က ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြောပြခဲ့ပါတယ်။


http://burmese.voanews.com/content/unfc-army-12-04-11-134988553/1244136.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India