July 29, 2012

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” နောက်ကွယ်မှာ ဘာတွေရှိသလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ကို မလွတ်တန်းဆုပ်ကိုင်ထားသည့် အခြေခံပေါ်တွင် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၁/၂၀၁၁) ကို သမ္မတဦးသိန်းစိန် အစိုးရက သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို အောက်ပါအတိုင်း တွေ့ရသည်။
၁။ တစ်ဖွဲ့ချင်းသာ ဆွေးနွေးမည်။
၂။ ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရမည်။
၃။ ပဏာမအဆင့်ပြီးစီးပါက အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်။
ဤဖိတ်ကြားချက်သည် “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုပြီး “လုံးချထား” သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တို့၏ တစ်တိုင်းတစ်ပြည်လုံး အရေးဦးတည်သည့် “တွေ့ဆုံဆွေးနွေးရေး” တောင်းဆိုချက်ကို လျစ်လျူရှုထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ “ကွက်ပြီး” ဖိတ်ခေါ်ထားချက် ဖြစ်သည်။
ဖိတ်ခေါ်ချက်တွင် ဖေါ်ထုတ်ထားသည်မှာလည်း “လက်နက်ကိုင်ပဋိပက္ခများ” ဟူ၍သာ ယေဘုယျအဆန်ဆုံး ဖေါ်ပြထားသည်။
ဤဖိတ်ခေါ်ချက်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ထုတ်ပြန်ထားသည့် “တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံရေးအရ ဖိတ်ခေါ်ကမ်းလှမ်းလာလျှင် တစ်ဖွဲ့ချင်းအနေဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုရန်နှင့် (UNFC) အနေဖြင့်သာ စုစည်းဆွေးနွေးရန်” ဟူသော အချက်ကို ပယ်ချထားသည်။
ထို့အပြင် အောက်ပါအချက်များကိုလည်း တိတိကျကျ ရှင်းလင်းပေးဖို့လိုသည်။
ပဏာမအဆင့် ဆောင်ရွက်လိုအပ်သော လုပ်ငန်းစဉ်ဆိုသည်မှာ ဘယ်လိုလုပ်ငန်းတွေ ပါဝင်သလဲ။
ပဏာမအဆင့် ဘယ်လိုအချိန်မှာ ပြီးဆုံးမှာလဲ။ ဘယ်လိုကိစ္စတွေဆောင်ရွက်ပြီးစီးမှ ပဏာမအဆင့်ပြီးဆုံးသည်ဟု သတ်မှတ်မှာလဲ။ ပဏာမအဆင့်ပြီးဆုံးပြီးလို့ မည်သူက/မည်သည့်အဖွဲ့အစည်းက (နှစ်ဦးနှစ်ဘက်သဘောတူ သတ်မှတ်မှာလား) သတ်မှတ်မှာလဲ။
ပဏမအဆင့် ပြီးစီးမှ အစိုးရဘက်က “ဆွေးနွေးမည့်အဖွဲ့အစည်း ဖွဲ့စည်းမည်” ဆိုသည့် အချက်ကလည်း တစ်ဖက်သတ် လက်ဦးမှုယူထားသည့်အချက် ဖြစ်နေသည်။ ဘာကြောင့် ပဏာမအဆင့်ပြီးစီးမှ ဖွဲ့စည်းရတာလဲ။
ထိုဆွေးနွေးမည့်အဖွဲ့အစည်းတွင် မည်သူတွေပါဝင်မှာလဲ။ မည်မျှပါဝင်မှာလဲ။  မည်သူက ဖွဲ့စည်းပေးမှာလဲ။ လက်ရှိအစိုးရက ဖွဲ့စည်းပေးမှာလား၊ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးမှာလား။ ပြည်သူလွှတ်တော်က ဖွဲ့စည်းပေးမှာလား။ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးမှာလား။
“ဆွေးနွေးရေး လုပ်ငန်းစဉ်” များဆိုသည်မှာ ဘာတွေကိုပြောတာလဲ။ တည်ရှိနေသည့်နိုင်ငံရေးပြဿနာများကို ဆိုလိုတာပါသလား သို့တည်းမဟုတ် လက်နက်အပ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ပြည်သူ့စစ်ဖွဲ့စည်းရေး လုပ်ငန်းများကို ဆိုလိုပါသလား။
“တစ်ဖွဲ့ချင်းသာ” ဆွေးနွေးမည်ဟု ဖိတ်ခေါ်နေသည်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမည်သို့ တုန့်ပြန်ကြမည်နည်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု” နှင့် ယခုထုတ်ပြန်လိုက်သော “ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခြင်း” မည်သို့မည်ပုံ ကွဲပြားခြားနားပါသနည်း။
“ရွှေဂုံတိုင်ကြေညာစာတမ်း” တွင် (က) မှ (စ) အထိ ဖေါ်ပြထားသည့် “အဖွဲ့ချုပ်၏ ရပ်တည်ချက်” များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ဤဖိတ်ခေါ်ချက်အပေါ် မည်သို့တုန့်ပြန်မည်နည်း။
အကယ်၍ (အကယ်၍)  ဇူလိုင်လ (၂၈) ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏  အိတ်ဖွင့်ပေးစာပါ “အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်” ဆိုသောအချက်ကို အသုံးချပြီး လက်ရှိဦးသိန်းစိန်အစိုးရက ပဏာမအဆင့်ပြီးစီးလျှင် ဖွဲ့စည်းမည်ဟူသည့် “ဆွေးနွေးမည့် အဖွဲ့အစည်း” တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် အဆိုပြုခဲ့လျှင်/ဖိတ်ကြားခဲ့လျှင် မည်သို့တုန့်ပြန်ပါမည်နည်း။
သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် “စီးပွားရေးဆိုင်ရာ အပြောင်းအလဲ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ” တက်ရောက်ရန် လက်တွေ့ဖိတ်ကြားမှုလည်းရှိနေခဲ့သည် မဟုတ်ပါသလော။

တူမောင်ညို

(၂၀၁၁ သြဂုတ် ၁၉)
ရိုးမ(၃)
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India