July 27, 2012

တွေ့ဆုံ ဆွေးနွေးရန် အစိုးရအား KIO ထပ်မံ အဆိုပြု

KIO_23egfdsအစိုးရနှင့် KIA တွေ့ဆုံစဉ် (ဓါတ်ပုံ - အင်တာနက်)

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO/KIA သည် အပစ်အခတ် ရပ်စဲရေး ကိစ္စကို တရုတ်ပြည် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေး သင့်သည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့အား ထပ်မံ အဆိုပြုထားကြောင်း ပြောရေးဆို ခွင့်ရှိ ဆလန်ကဘာလနန်း
(ဦးလာနန်း) က ယနေ့ မနက်ပိုင်းတွင် ရွှေဟင်္သာ သတင်းဌာနအား ထုတ်ဖော် ပြောကြားခဲ့ပါ သည်။
“ဒီလိုပါ ဇူလိုင်လမှာ ပြန်တွေ့ကြဖို့ ဦးအောင်မင်းက ပြီးခဲ့တဲ့ ဇွန်လ (၂၀) ရက်နေ့မှာ ကမ်းလှမ်းခဲ့တယ်။ သူတို့က ဗန်းမော်မှာ တွေ့ခိုင်းတယ်။ ကျနော်တို့က လွယ်ဂျယ်မြို့အနီးက မိုင်ဂျာယန်မှာတွေ့ဖို့ အဆိုပြုတယ်။  တကယ်တော့ အဲဒီ ချိန်းထားတဲ့ အချိန်တွေဟာ တိုက်ပွဲတွေက အဆက်မပြတ်နဲ့ အပြင်းအထန်ဖြစ်နေတယ်လေ။  ဒါကြောင့် တွေ့ဆုံဖို့ ခက်နေတယ်။ ပြီးတော့ တခါ ဒီရက်ပိုင်းလေးမှာဘဲ အစိုးရဖက်က ထပ်မံ လူလွှတ်ပြန်တယ်။ သူတို့က မူဆယ်မှာတွေ့ဖို့ ချိန်းပါတယ်။ ဒါလည်းဘဲ မဖြစ်နိုင်ဘူး။ အဲဒီနေရာမှာ စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေ လုပ်နေတယ်လေ ၊ ဒါကြောင့် မတွေ့နိုင်တာပါ” ဟု ဦးလာနန်း က ဆိုပါသည်။

KIA သည် တိုက်ပွဲပြင်းထန်မှု အခြေအနေကို အကြောင်းပြု ပြီး အစိုးရ ချိန်းဆိုသော နေရာသို့ မသွားနိုင်သလို အစိုးရ က လည်း တိုက်ပွဲပြင်းထန်သော နေရာကိုသာ ရွေးပြီး ချိန်းဆိုနေသလိုဖြစ်နေပါသည်။ ဤသို့ကြောင့် အစိုးရ၏ငြိမ်းချမ်းရေး အဖွဲ့သည် ကိုယ်စားလှယ် စေလွှတ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် မူဆယ်မြို့၌ စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေး ရန် ထပ်မံ ကမ်းလှမ်းလိုက်ပါသည်။ သို့သော်KIA က ထိုနေရာမဖြစ်နိုင်သဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံကြရန် ဇူလိုင်လ (၁၇) ရက်နေ့တွင် ထပ်မံ အဆိုပြု လိုက်ခြင်းဖြစ်ပါသည်။

KIA သည် အစိုးရတပ်များအနေနှင့် စစ်ဆင်ရေး ရပ်စဲပြီး တပ်ဖွဲ့များ ကချင်ပြည် လွတ်မြောက်ရေးဒေသမှ ဆုတ်ခွာပေးပါက အ ပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးမည်ဟု အဆိုပြုထားပါသည်။ သို့သော် အစိုးရက အပစ်အခတ်ရပ်စဲရေးရပြီးမှ တပ်ဖွဲ့များ ဆုတ်ခွာရေးကို ထပ်မံဆွေးနွေးသွားမည်ဟု KIA အား အသိပေးထားပါသည်။

အစိုးရသည် သူတို့၏ သဘော တူညီချက်များကို တမင် ဖေါက်ဖျက်တတ်သဖြင့် KIA မှ လက်မခံနိုင်ခြင်းဖြစ်သည်ဟု ဆိုပါ သည်။ သာဓကအားဖြင့် အစိုးရသည် လက်ရှိ၌ အပစ်ရပ်ထားသော ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် လည်းကောင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနှင့်လည်းကောင်း သူတို့ပေးထားသော ဂတိကို တမင် ဖေါက်ဖျက်နေခြင်း ဖြစ်သည်ဟု UNFC က ဆိုပါသည်။

အစိုးရသည် KIA စခန်းများအား ပြင်းထန်သော စခန်းသိမ်း တိုက်ပွဲများဖြင့် ဆင်နွဲနေပါသည်။ ဤကဲ့သို့ ပြင်းထန်သော တိုက် ပွဲများစစ်ဆင်သည့် နေရာကိုဘဲ ရွေးချယ်ပြီး တွေ့ဆုံဆွေးနွေးကြရန်  KIA အား ကမ်းလှမ်းလေ့ရှိပါသည်။ အကယ်၍ KIA က ထိုနေရာကို လက်မခံပါက KIA သည် ငြိမ်းချမ်းရေးကို မလိုလားသယောင်၊ တွေ့ဆုံဆွေးနွေးရေးကို မလိုလား သယောင် ပြည်တွင်း မီဒီယာများကို အသုံးချပြီး ၀ါဒဖြန့်ပြီးသာ ပေါ်လစီကို ကျင့်သုံးနေသည်ဟု KIA ဖက်မှ တွက်ဆနေပါသည်။
ဤသို့ကြောင့် KIA သည် အစိုးရ ကမ်းလှမ်းသော နေရာ၌ တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း အမြဲတမ်း ပယ်ချနေရပြီး၊ အေးဆေး တည်ငြိမ်သော နေရာကို ရွေးချယ်ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

UNHCR အဖွဲ့ကလည်း အစိုးရ၏ အကူအညီဖြင့် ကချင် ဒုက္ခသည်များကို ကူညီရန် ပြီးခဲ့သည့် ဧပြီလက ဆောင်ရွက်ခဲ့ဘူး ပါသည်။ သို့သော် အစိုးရ၏ အစီစဉ်သည် ဒုက္ခသည်ထံ ထိရောက်သော အကူအညီများ မပို့နိုင်ခဲ့ပေ။ ဤသို့ကြောင့် UNHCR သည် ပြီးခဲ့သည့် ရက်ပိုင်းက KIA ကိုယ်စားလှယ်နှင့် တွေ့ဆုံပြီး ထိရောက်သော အကူအညီပေးရေး နည်းလမ်းများ ကို ဆွေး နွေးတိုင်ပင်ခဲ့ပါသည်။

ဤကဲ့သို့ ထိရောက်သော နည်းလမ်းများရပြီးသည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ကချင်ဒုက္ခသည်အား ဒေါ်လာ (၃) သန်း ကူညီမည်ဟု သတင်းစာ ရှင်းလင်းပွဲများ ကျင်းပပြီး ကြေညာခဲ့ပါသည်။ ဤသည်အစိုးရ၏ အားနည်းမှုကို ဖေါ်ပြနေသည်ဟု ဝေဖန်သူများက ထောက်ပြပါသည်။
ဤသို့ကြောင့် အစိုးရသည် KIA နှင့် အပစ်အခတ်ရပ်စဲရေး တကယ်လိုလားနေသည့် သဘောထားမရှိဟု သံတမန်များကပါ ဝေဖန်နေကြပါသည်။ အစိုးရ၏ ၀ါဒဖြန့်မှုကို တုန့်ပြန်ရန် KIA ကလည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြဲတမ်း တံခါးဖွင့်ပေးထားသည်ဟု ပြောကြားထားပါသည်။

KIA နှင့်အစိုးရတို့သည် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက အပစ်အခတ် ရပ်စဲထားရာမှ အစိုးရက ဂတိဖျက်ပြီး စတင်တိုက်ခိုက် လာခဲ့ပါသည်။ ယနေ့အထိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အရှိန်လျှော့ကျ လာခြင်း မရှိသေးဘဲ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို (၂) ကြိမ်တိုင် ကျင်းပနိုင်ခဲ့သည့်အပြင်၊ အလွတ်သဘော တွေ့ဆုံပွဲပါ (၃) ကြိမ် ဆွေးနွေးခဲ့သော် လည်း ယနေ့အထိ ပြေလည်ခြင်း မရှိသေးပေ။ ဤအတောတွင်း KIA နှင့် အစိုးရတို့၏ ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အထိ ကာလအတွင်း တိုက်ပွဲပေါင်း (၂၀၀) ခန့် ဖြစ်ပွားခဲ့သည်ဟု ကချင်ဖက်က ဆိုပါသည်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India