August 1, 2012

အပစ်ရပ်အဖွဲ့များ၏ နောက်ခံအကျဉ်းနှင့် နောက်ဆုံးအနေအထား

အပစ်ရပ်အဖွဲ့များ၏ နောက်ခံအကျဉ်းနှင့် လက်ရှိနောက်ဆုံး အနေအထား
လွတ်လပ်ရေးရပြီးစ (၃) လအတွင်းမှာပင် ပြည်တွင်းစစ်စတင်ဖြစ်ခဲ့သည်။ ခေတ်အဆက်ဆက် အုပ်စိုးသူများသည် ပြည်တွင်း စစ်ကို မှန်ကန်စွာမဖြေရှင်းခဲ့သဖြင့် ယနေ့အထိတိုင် တောက်လောင်နေဆဲဖြစ်သည်။ နဝတ- နအဖ စစ်အစိုးရ၏ မမှန်ကန်သော ချဉ်းကပ်ဖြေရှင်းမှုများကြောင့် ယခုရရှိနေသော အပစ်အခတ်ရပ်စဲရေး ကိစ္စများမှာလည်း ပြီးပြည့်စုံသော ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အဆင့်ရှိသော ခြေလှမ်းများ ဖြစ်မလာခဲ့ပါ။

အပစ်ရပ်အဖွဲ့များ၏ နောက်ခံအကျဉ်း
၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားသည့် နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆက်တိုက်ပေါ်ပေါက်လာသည်။ ကိုးကန့်တပ်ဖွဲ့များ (၁၂-၃-၈၉) ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီးနောက် ပထမဦးဆုံး အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုမှစ၍ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ (၆-၄-၉၇) ရက်နေ့တွင် အပစ်ရပ်ခဲ့သော ဦးစောထွန်းဦးခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ဒေသ)အပါအဝင် စုစုပေါင်း(၁၇)ဖွဲ့ထိ ရှိလာခဲ့သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ် ရပ်စဲမှုသည် လပိုင်းအတွင်း ပျက်သွားသော်လည်း နအဖစစ်အစိုးရကမူ (KNPP) အားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စာရင်းတွင် ယခုတိုင် ထည့်သွင်းထားခဲ့သည်။
မြန်မာ့နိုင်ငံရေး အခြေအနေနှင့် စစ်အစိုးရ၏အကျပ်အတည်းကိုလိုက်၍ အပစ်ရပ်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် ထားရှိသည့် နအဖစစ်အစိုးရက ထားရှိသည့်သဘောထားနှင့် ပေးသည့်အခွင့်အရေးများမှာ အောက်ပါအတိုင်း ကွဲပြားခြားနားနေပါသည်။
မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးသောအဖွဲ့များ                        (၈) ဖွဲ့ (၁၉၈၉ မှ ၁၉၉၁ အထိ)
မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခြင်း မခံရသောအဖွဲ့များ        (၇) ဖွဲ့ (၁၉၉၂ မှ ၁၉၉၅ အထိ)
လက်နက်ချခဲ့ရသော အဖွဲ့အစည်းများ                                               (၂) ဖွဲ့ (၁၉၉၆-မှ ၁၉၉၇ အထိ)
နအဖစစ်အစိုးရသည် အပစ်ရပ် အဖွဲ့များမှ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တင်ပြတောင်းဆိုမှုတိုင်းကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ အပစ်ရပ်အဖွဲ့များအပေါ် နိုင်ငံရေးအရ တန်းတူရည်တူတန်ဖိုးပေး၍ လုံးဝမဆက်ဆံခဲ့ပါ။ စစ်အစိုးရ စိတ်တိုင်းကျ ပြုလုပ်သော အမျိုးသားညီလာခံသို့ တက်ရောက်စေသည့်အခါတွင်ပင် အပစ်ရပ်ထားသော ‘တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အစုအဖွဲ့’ အဖြစ် ဂုဏ်သိက္ခာရှိရှိ တက်ရောက်ဆွေးနွေးခွင့်ကို လုံးဝမပေးဘဲ ‘အထူးဖိတ်ကြားသင့်သူများ အစုအဖွဲ့’ အဖြစ်သာ စစ်အစိုးရက သဘောထားကြီးသဖြင့် ဖိတ်ကြားခံကြရသည့် သဏ္ဍာန်မျိုးဖြင့် သိက္ခာချ၍ တက်ရောက်စေခဲ့သည်။ ထိုအဖွဲ့များမှ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ တင်ပြချက် အသီးသီးကိုလည်း မှတ်တမ်းတင်ရုံတင်၍ ပယ်ချပစ်ခဲ့သည်။
နအဖ စစ်အစိုးရသည် အပစ်ရပ်အဖွဲ့များ၏ အားနည်းမှုများကို အခွင့်ကောင်းယူ၍ အပြီးသတ် ဖျက်သိမ်းရန် လုပ်ဆောင်ခဲ့သည်။ ဦးအိုက်မုန်း ခေါင်းဆောင်သည့် (PSLO) ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့သည် နအဖ စစ်အစိုးရ၏ ဖိအားပေး အကြပ်ကိုင်မှုကြောင့် ၂ဝဝ၅-ခု ဧပြီလတွင် လက်နက်ဖြုတ်သိမ်းခြင်း ခံခဲ့ရသည်။ ထို့အတူ ဦးတာကလယ် ခေါင်းဆောင်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) (SNPLO) ၏ ဌာနချုပ်ဖြစ်သော နော်ထောင်သို့ ရပခ ဒု-တိုင်းမှူး ဦးစီးသည့် နအဖစစ်တပ်မှ ဝင်ရောက်သိမ်းပိုက်မှုကြောင့် (၃-၈-ဝ၇) ရက်နေ့တွင် အများစုမှ လက်နက် ချသွားခဲ့ရသည်။
နအဖ စစ်အစိုးရသည် အပစ်ရပ်အဖွဲ့များအား လက်နက်ချခိုင်းရန်၊ လက်နက်ဖြုတ်ရန်၊ ပြည်သူ့စစ်အသွင်ပြောင်းရန်တို့ အတွက် သာ ဆက်တိုက်ဖိအားပေး ဆောင်ရွက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ကို အကြောင်းပြု၍ နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်း လဲဖွဲ့စည်းရန် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တရားဝင် ထုတ်ဖေါ် တောင်းဆိုလာသည်။ သွေးခွဲမှု၊ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှု နည်းမျိုးစုံသုံးပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် နောက်ဆုံးရက်များကို သတ်မှတ်ကာ ဖိအားပေးတောင်းဆိုခဲ့သည်။

နောက်ဆုံးအနေအထားများ
- ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်သည့်  “ဒီမိုကရေစီသစ်တပ်မတော်(ကချင်)” (NDA-K) သည် (၈-၁၁-ဝ၉) နေ့တွင် နယ်ခြားစောင့်တပ်ရင်း (၃)ရင်းအဖြစ် ပြောင်းလဲခဲ့သည်။ အမှတ်(၁ဝဝ၁)၊ (၁ဝဝ၂)၊ (၁ဝဝ၃) တို့ဖြစ်ပြီး လုပီ၊ ဂန့်ဂွင်း၊ စင်ကြိုင်ဒေသများတွင် တပ်စွဲထားသည်။
- ဥက္ကဌဦးစန္ဒာ၊ ဒုဥက္ကဌ ဦးထွန်းကျော် ခေါင်းဆောင်သော ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး” (ကလလတ) (KNPLF) သည်လည်း (၈-၁၁-ဝ၉)ရက်နေ့တွင် နယ်ခြားစောင့်တပ်ရင်း (၂)ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အမှတ်(၁ဝဝ၄)၊ (၁ဝဝ၅) တို့ဖြစ်သည်။ ဆွတ်ပိုင်နှင့် ပန်တိန်းဒေသများတွင် တပ်စွဲထားသည်။
- (၂၇-၈-ဝ၉)ရက်နေ့တွင် နအဖတပ်များ ကိုးကန့်ဒေသသို့ ဝင်ရောက်လာပြီး ဥက္ကဌ ဖုန်ကြားရှင်းကို ဖယ်ရှားလိုက်သည်။ နအဖက ယာယီဦးစီးကော်မတီ ဥက္ကဌအဖြစ် ပယ်စောက်ချိန်ကို ခန့်ထားခဲ့သည်။ ထို့နောက် (MNDAA) သည် (၄-၁၂-ဝ၉) ရက်နေ့တွင် အမှတ် (၁ဝဝ၆)နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
- မွန်ပြည်သစ်ပါတီ (NMSP) ကလည်း နအဖစစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ငြင်းပယ်ထားသည်။ ထို့ကြောင့် တောင်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက (NMSP) ဗဟိုအလုပ်အမှုဆောင် (၉)ဦးစလုံးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။ မွန်ပြည်သစ်ပါတီက နအဖစစ်အစိုးရ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်းနှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံကြောင်း ၂ဝဝ၉ သြဂုတ်လကတည်းက ပြောဆိုထားပြီး ဖြစ်သည်။
- (၁၂-၃-၁ဝ)ရက်နေ့၌ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် (KIO) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ရာတွင် (KIO)ဘက်မှ နယ်ခြားစောင့်တပ်အစား ပြည်ထောင်စု တပ်မတော်အတွင်းမှ တပ်များအဖြစ် ဖွဲ့စည်းသွားရန်၊ ၎င်းအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းပူးတွဲညှိနှိုင်းရေး ကော်မတီတရပ် ဖွဲ့စည်းရန်၊ တပြည်လုံးငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် တောင်းဆို ခဲ့သည်။ ဆွေးနွေးမှုမှာ (၁၂)ကြိမ်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ နအဖမှ ငြင်းပယ်နေသဖြင့်  အခြေအနေမှာ လိပ်ခဲတင်းလင်း ဖြစ်နေရသည်။
- အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား တပ်ဖွဲ့ကလည်း ၂ဝ၁ဝခုနှစ် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့တွင် ၎င်းတို့၏ တောင်းဆိုချက်ကို ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည်။ ၎င်းတောင်းဆိုချက် များမှာ
(၁) နအဖ စစ်အရာရှိများ မိုင်းလားတပ်ဖွဲ့အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း မပြုရန်
(၂) စစ်သင်တန်းများအား မိုင်းလားနယ်အတွင်းမှာသာ ပြုလုပ်ရန်
(၃) တာဝန်ထမ်းဆောင်နိုင်သေးသော အသက်(၅ဝ)ကျော် အရာရှိများအား ရာထူးမှ ရပ်နားခြင်း မပြုရန်
(၄) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများကို နဂိုအတိုင်း ထားရှိရန်
(၅) နအဖ၏ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများ မိုင်းလားဒေသအတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း မပြုသေးရန်၊
(၆) မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်း ထားရှိရန်တို့ဖြစ်သည်။
သို့သော် နအဖစစ်အစိုးရမှ ဤတင်ပြချက်များအပေါ်  တစုံတရာ လက်ခံခြင်း မရှိဘဲ အသွင်ပြောင်းရေးကိုသာ ဖိအားပေး တောင်းဆိုနေသည်။
- (UWSA) ‘ဝ’ အမျိုးသား သွေးစည်းညီညွတ်ရေးတပ်မတော်က အချက်(၉) ချက်ပါသော တောင်းဆိုချက်ကို (၁ဝ-၁၁-ဝ၉)ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့သည်။ သို့သော် နအဖစစ်အစိုးရဘက်မှ ဤတင်ပြချက်များအပေါ် တစုံတရာမှ တုန့်ပြန်ပြောဆိုခြင်း မပြုသည့်နည်းဖြင့် ပယ်ချထားသည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန်သာ တောင်းဆိုနေပြီး ထိုးစစ်ဆင်နိုင်ရန် စစ်အင်အားတိုးချဲ့ နေသည်ကို တွေ့ရှိရသည်။ ၂ဝ၁ဝခုနှစ် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် (UWSA) ဥက္ကဌ ပေါက်ယူချန်းကိုယ်တိုင် တန့်ယန်းသို့သွားရောက် တွေ့ဆုံပြီး ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပါ။
- ရှမ်းပြည်တပ်မတော် (SSA) ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်က ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့် ၂ဝ၁ဝ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နအဖမှ နယ်မြေစောင့်တပ်/ ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းရေး အမြန်ဆုံး စာရင်းပေးသွင်းရန်သာ ဖိအားပေး တောင်းဆိုခဲ့သည်။ (SSA) ဘက်ကမူ အသွင်ပြောင်းရေးကို စတင်၍ အပစ်ခတ် ရပ်စဲခဲ့ စဉ်ကာလက ကတိအတိုင်း နောင်တက်လာမည့် ဒီမိုကရေစီအစိုးရလက်ထက်ရောက်မှ ဤကိစ္စကို စဉ်းစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။


အပစ်ရပ်(၁၇) ဖွဲ့၏နောက်ခံအခြေအနေပြ ဇယား
စုစည်းသူ
(ကိုထွန်းဦး)
(၂၀၁၀ ခုနှစ်၊ မတ်လ)
စဉ် အဖွဲ့အစည်းအမည် ဦးစီးအမည် အင်အား အပစ်ရပ်ရက်စွဲ အခြေစိုက်ဒေသ မှတ်ချက်
(MNDA) မြန်မာနိုင်ငံ
လူမျိုးစုဒီမိုကရေစီ
တပ်ပေါင်းစု
ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)
ကိုးကန့်ဖွဲ့
ပယ်စောက်ချိန် (ယာယီဦးစီးမှုး -  နအဖ ခန့်ထား) - ၃၁/၃/၈၉ လောက်ကိုင် - (န၀တ) စစ်အစိုးရ လက်ထက် ၃၁/ ၃/၈၉ နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။
(UWSA/UWSP ) ဝပြည်သွေးစည်းညီညွတ် ရေးပါတီ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၂) ဦးပေါက်ယူချန်း ၃၀၀၀၀ (ခန့်) ၉/၅/၈၉ ပန်ဆန်း(ပန်ခမ်း) - (န၀တ) စစ်အစိုးရ လက်ထက်  ၉/၅/၈၉ နေ့တွင် မတရားအ သင်းမှအဖြစှ် ပယ်ဖျက်ပေးခဲ့၊ - (BGF) အ သွင် ကူးပြောင်းရေး နှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေ။
(NDAA ) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့
ရှမ်းပြည် အရှေ့ပိုင်းအထူးဒေသ
(၄)မိုင်းလား/ အခါဒေသ
ဦးစိုင်းလင် (လီမင်းရှင်)၊ ဦးကြည်မြင့် (ကျန်းဇီးမင်) ၃၃၀၀ (ခန့်) ၃၀/၆/၈၉ မုန်လားဒေသ။ ရှမ်းပြည်တောင်ပိုင်း - (န၀တ) စစ်အစိုးရလက်ထက် ၃၀/၆/၈၉ နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။ (BGF) အ သွင် ကူးပြောင်းရေး နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေ။
SSA(N) ရှမ်းပြည်တပ်မတော်
ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၃)
ဦးလွယ်မောင် ဦးကိုင်ဖ ၂၀၀၀ (ကျော်) ၂၄/၉/၈၉ သီပေါမြို့နယ်။ စိန်ကျော့ကျေးရွာ - (န၀တ) စစ်အစိုးရလက်ထက် ၂၄/၉/၈၉နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။ - ၄/၉/၈၉ နေ့တွင် DAB/ NDF မှ နှုတ်ထွက်ကြောင်းကြေညာခဲ့။
-Home Guard Force နယ်မြေ ခံပြည်သူ့စစ်ကူးပြောင်းရန် ငြင်း ဆန်နေဆဲ
NDA(K) ဒီမိုကရေစီသစ်တပ်မတော်(ကချင်) ကချင်ပြည်နယ်အထူးဒေသ (၁) ဦးဆခုန်တိန့်ယိန်း
၁၅/၁၂/၈၉ ပန်ဝါ ဒေသ ကချင်ပြည်နယ် - (န၀တ) စစ်အစိုးရလက်ထက် ၁၅/၁၂ /၈၉နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။
(KDA ) ကချင်ကာကွယ်ရေးတပ် ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၅)။ ဦးမထုနော် ၈၀၀ ၁၁/၁/၉၁ ကောင်းခါဒေသ။ ကွတ်ခိုင်မြို့နယ် - (န၀တ) စစ်အစိုးရ လက်ထက် ၁၁/၁/၉၁ နေ့တွင် မတရားအ သင်းမှ ပယ်ဖျက်ပေးခဲ့။
(PNO) ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်
ရှမ်းပြည်နယ်
အထူးဒေသ(၆)
ဦးအောင်ခမ်းထီ ၁၄၀၀ ၁၈/၂/၉၁ ကျောက်တလုံးဒေသ - (န၀တ) စစ်အစိုးရလက်ထက် ၁၈/၂/၉၁နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။ -ပြည်သူ့စစ်အသွင်ပြောင်းရန်
အလားအလာရှိ
(PSLP) ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ ဦးတာအိုက်မွန်း ၁၄၀၄ ၂၁/၄/၉၁ မန်တုန်မြို့နယ် ရှမ်းပြည်မြောက်ပိုင်း - (န၀တ) စစ်အစိုးရလက်ထက် ၂၄/၉/၈၉နေ့တွင် မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့။ -၂၄/၄/၉၁ DAB/NDF မှ နှုတ် ထွက်ကြောင်းကြေညာခဲ့၊
-၂၀၀၅ ဧပြီ လက်နက် ဖြုတ်ခံရ။
ထိုအချိန်မှစ၍ ပြည်သူ့စစ်အ သွင် ပြောင်းလဲဖွဲ့စည်းခိုင်း။
(KNG) ကယန်းအမျိုးသား
စောင့်ရှောက်ရေးအဖွဲ့
ကယားပြည်နယ်
အထူးဒေ သ (၁)
ဦးဌေးကို ၈၀ ၂၇/၂/၉၂ မိုးဗြဲ၊ ဖယ်ခုံ ပြည်သူစစ်အသွင်ပြောင်းရန် အလားအလာရှိ
၁၀ (KIO/KIA)  ကချင်လွတ်လပ်ရေးအဖွဲ့ ကချင်ပြည်နယ် အထူးဒေသ(၂) ဦးဇောင်းဟရာ ၆၀၅၀ ၂၄/၂/၉၄ လိုင်ဇာ။ ကချင်ပြည် နယ်။ တရုတ်နယ်စပ် (BGF) အ သွင် ကူးပြောင်းရေးနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပွားနေ
၁၁ (KNPLF) ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေး တပ်ဦး
ကယား ပြည်နယ် အထူးဒေသ (၂)
ဦးစန္ဒာ။ ဦးထွန်း ကျော် ၁၆၀၉ ၉/၅/၉၄ ဟွေဆိုင်း။ မယ်စဲ့မြို့နယ် BGF အ သွင်ကူးပြောင်း (၈/၁၁/၀၉)
၁၂
(KNLP) ကယန်းပြည်သစ်ပါတီ
ကယားပြည်နယ် အထူးဒေသ (၃)
ဦးသန်းစိုးနိုင် ၁၄၉၆ ၂၆/၇/၉၄ ပြင်ဆောင် ပြည်သူစစ်အဖြစ်အသွင်ပြောင်းရန် (နအဖ)၏ဖိအားပေးမှု ခံနေရသည်
၁၃
(SNPLO) ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဦးတာကလယ် ၃၁၄၈ ၉/၁၀/၉၄ နော်ထောင် ၂၀၀၇/သြဂုတ်လဆန်းပိုင်းက ရပခဒုတိုင်းမှုးဦးစီးပြီး (ရလလဖ) ဌာနချုပ်အားဝင်ရောက်သိမ်း ပိုက်။ ၃/၈/၂၀၀ရ အများစုလက်နက်ချ
၁၄
(KNPP ) ကရင်နီပြည်တိုးတက်ရေး ပါတီ

၂၁/၃/၉၅ ဒေါတမကြီး။ ထီ ပိုးကလိုး လပိုင်းအတွင်း အပစ်ရပ် ပျက်ပြားပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွား
၁၅
(NMSP ) မွန်ပြည်သစ်ပါတီ နိုင်ထောမွန် ၇၈၆၀ ၂၉/၆/၉၅ ရေးချောင်းဖျား ရေဖြူမြို့နယ် BGF နှင့် ပြည်သူစစ်ဖွဲ့စည်းရန် နအဖ တောင်းဆိုမှုကို ငြင်းပယ် ထားဆဲ
၁၆
Mong Tai Army ဦးခွန်ဆာ(ကွယ်လွန်) ၁၄၀၀ ၅/၁/၉၆ ဟော်မိန်း လွယ်လန် အကြွင်းမဲ့လက်နက်ချ
၁၇
ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ဒေသ) ဦးစောထွန်းဦး ၂၉၈ ၆/၄/၉၇ ဘူးသီးတောင်၊ မောင်းတော လက်နက်ချ



အပစ်ရပ်အဖွဲ့ မှ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖြစ်သို့ ပြောင်းလဲသွားသည့်အဖွဲ့အစည်းများ အခြေအနေပြဇယား
စဉ် အပစ်ရပ် အဖွဲ့အစည်းအမည် တပ်ဖွဲ့အမျိုးအစား ကူးပြောင်းရက်စွဲ မှတ်ချက်
NDA(kachin) ဒီမိုကရေစီသစ်တပ်မတော်(ကချင်) ကချင်ပြည်နယ်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ဖွဲ (BGF) ၈/၁၁/၂၀၀၉ လုပီ၊ ဂန့်ဂွင်း၊ စင်ကြိုင်ဒေသများတွင် အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ်
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ်
ဖွဲ့စည်းထားသည်၊
KNPLF ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့
လွတ်မြောက်ရေးတပ်ဦး
(ကလလတ)
ကယား ပြည်နယ်အထူးဒေသ (၂)
နယ်ခြားစောင့်တပ်ဖွဲ (BGF) ၈/၁၁/၂၀၀၉ ဆွတ်ပိုင်၊ပန်တိန်းဒေသများတွင် အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ် အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ်
ဖွဲ့စည်းထားသည်၊
MNDA (ကိုးကန့်) ရှမ်းပြည် မြောက်ပိုင်း၊ အထူး ဒေသ(၁) နယ်ခြားစောင့်တပ်ဖွဲ (BGF) ၄/၁၂/၂၀၀၉ ၂၇/၈/၀၉ ရက်တွင် (နအဖ)စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့ပြီး၊ကိုးကန့် ခေါင်းဆောင် ဖုန်ကြားဖူး ထွက်ပြေး တိမ်း ရှောင်သွား၊  လက်ရှိဦးစီးမှာ ပယ်စောက်ချိန် ဖြစ်၊(နအဖ)မှယာယီဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ထား၊။
(LDF) လားဟူပြည်သူစစ် ပြည်သူ့စစ် ၃၀/၁/၂၀၁၀ ရှမ်းပြည်တောင်ပိုင်း/မိုင်းတုံနယ်တွင် အင်အား(၈၀၀)ဖြင့်ပြည်သူ့စစ်အသွင်ကူး ပြောင်း၊မိုင်းတုံမိုင်းဆတ်မြို့များတွင်အခြေ စိုက်၊လားဟူပြည်သူစစ်ခေါင်းဆောင် ဂျပီကွယ်ကိုတပ်ရင်းမှူးရာထူးပေး (သျှမ်းသံတော်ဆင့်- ၂၈/၁/၁၀ )
(PSLP) ပလောင်ပြည်နယ်လွတ်မြောက်ရေး ပါတီ ပြည်သူ့စစ် ၂၀၀၅/ နှစ်လည် ၂၀၀၅၊ဧပြီ လက်နက်ဖြုတ်ခံရသည့် အချိန်မှ စပြီး ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းစေခဲ့၊
(KDA) ကချင်ကာကွယ်ရေးတပ် ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၅)။ ပြည်သူ့စစ်
ကောင်းခါ(၁)။ ကောင်းခါ(၂) ပြည်သူ့စစ်ဖွဲ့ ပေးတာကို လက်ခံသဘောတူထား၊ တပ်ဖွဲ့ တဖွဲ့ကို အင်အား (၉၀) ဖြင့်ဖွဲ့ခွင့်ပြုထား။ အခြားနာမည်ဖြင့် ပြည်သူ့စစ်များကိုလည်း ဖွဲ့ခွင့်ပြုမည်ဟု သျှမ်းသံတော်ဆင့် သတင်း တွင် ၂၃/ ၁၁/၀၉ နေ့ကဖော်ပြထား၊

http://www.dpnsburmese.org/?p=1161

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India