August 9, 2012

ငြိမ်းချမ်းရေးခရီးစဉ် နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်သူရိန်နှင့် ဆက်သွယ်မေးမြန်း

pa-o-govt-peacetalk
(PNLO)အတွင်းရေးမဦးမှူးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၇) ဦးနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့ ဂျူလိုင်လ (၂၇) မှာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပြီး   နိုင်ငံရေးဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက်ဆုံးဖြတ်ခဲ့တယ်လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ဥက္ကာကပြောပါတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ နိုင်ငံရေးဆွေးနွေးရာမှာ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံချိန်က ပမာဏသဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အချက် (၆) ချက်ကို   အဓိကထား ဆွေးနွေးသွားပြီး သဘောတူလက်မှတ်ရေးထိုးမှုတစုံတရာတော့မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး ခွန်သူရိန်ကပြောပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး PNLO ရဲ့   အတွင်းရေးမှူး လဲဖြစ် ပြောခွင့်ရ ပုဂ္ဂိုလ်လဲဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်သူရိန်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဂျူလိုင်လ နောက်ဆုံးပတ်က PNLO နဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေပြည်တွင်းမှာတွေ့ဆုံခဲ့ကြတယ်လို့ ပြောတယ်ခင်ဗျ။ ဘာအကြောင်းတွဆွေးနွေးလဲခင်ဗျ။

ဖြေ။    ။ ဂျွန်လတုန်းက နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းနဲ့ ကျနော် တို့ကိုယ်စားလှယ်တွေ ဘန်ကောက်မှာတွေ့ခဲ့ကြတယ်။ အဲဒီမှာတွေ့တုံးက ကျနော်တိုရဆွေနွေးချက် ၆ ချက် အလွတ်သဘော ဆွေနွေးသဘောတူထားပါတယ်။ ဦးအောင်မင်းက ကျနော်တို့ကိုပြောတယ်။ အပစ်အခတ်ရပ်စဲရေး မလုပ်ခင် အစိုးရဲ့ဖြစ် ပေါ်ပြောင်းလဲမှုကို  လေ့လာပါလို့ဖိတ်ခေါ်လို့ ကျနော်တို့သွားရောက်ခဲ့ပါတယ်။ တခြားအပစ်ရပ်တွလေို အပစ်ရပ် သဘော တူညီတာတွေ ပဏာမအဆင့်ဆွေးနွေးတာတွေမရှိပါဘူး အဓိကအားဖြင့် ကျနော်တို့သွားရောက်လေ့လာတာဘဲဖြစ်ပါတယ်။

မေး။    ။ လေ့လာရေးခရီးစဉ်က ဘယ်တွေရောက်သေးလဲခင်ဗျား။
 ဖြေ။    ။ တောင်ကြီး၊ ဟိုပုန်း၊ ရန်ကုန်၊ သထုံ၊ ဘီးလင်း တွေရောက်ပါတယ်။ အားရမှုတွေလဲရှိခဲ့ပါတယ်။ လူထုနဲ့တွေ့ဆုံခဲ့တယ်။ အဓိကအားဖြင့် လေ့လာမှုပါဘဲ။ ကျနော်တို့ပြောပြစရာရှိတာတွေ ရှင်းလင်းစရာရှိတာတွေနဲ့ စည်းရုံးရေး သဘောမျိုးပါ။

မေး။    ။ လူထုအပေါ်နဲ့ အပစ်ရပ်အပေါ် ဘယ်လိုရပ်တည်ချက်တွေရှိလဲ။
ဖြေ။    ။ အဓိကအားဖြင့် လူထုအပေါ်ရပ်တည်ချက်က - လူထုအနေနဲ့ တကယ်ဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ခေတ်အလိုက်ဖြစ်ပေါ်နေတဲ့အခြေအနေအရ အပစ်အခတ်ရပ်စဲရေးကနေစရမယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မပေါ်ပေါက် တဲ့ကာလပတ်လုံး ကျနော်တို့လူထု ဆင်းရဲဒုက္ခရောက်နေဦးမယ်။ လူထုအပေါ်ရပ်တည်မှုကတော့ လူထုလွတ်မြောက်ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ပေါက်ရေးဆိုတာ မပြောင်းလဲပါဘူး။ ကျနော်တို့က အပစ်ရပ်စဲထားပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးမရသေးဘူး။ ဘာဘဲဖြစ်ဖြစ် အဖွဲ့အစည်းအားလုံး နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွား မယ်ဆိုတဲ့ ရပ်တည်ချက် ရှိပါတယ်။

မေး။    ။ အရင်တခေါက်အပစ်ရပ်တာနဲ့ ဒီတခေါက်ထပ်အပစ်ရပ်ဖို့ အခြေအနေဘယ်လိုကွာခြားလဲ။
ဖြေ။    ။ ဒီတခေါက်အပစ်ရပ်တာဟာ ပထမတကြိမ်အပစ်ရပ်တာနဲ့ ကွာခြားတာရှိပါတယ်။ ၁၉၈၉- ၁၉၉၀ ဝန်းကျင် လုပ်ခဲ့တဲ့ အပစ်ရပ်ကာလမှာ အစိုးရက အပစ်ရပ်အဖွဲ့တွေကို စီးပွါးရေးမက်လုံးတွပေးပြီး အခွင့်အရေးပေးတာရှိတယ်။ အခုတခေါက်အပစ်ရပ်တာတော့ အထူးဒေသတွေဘာတွေ မရှိပါဘူး။ နောက်တခု စစ်အုပ်ချုပ်မှုနဲ့အစိုးရပုံသဏ္ဍာန် ခြားနားမှုလေးပေါ့နော်။ အရင်တခေါက်အပစ်ရပ်တုန်းက နိုင်ငံတကာရဲ့စိတ်ပါဝင်စားမှုသိပ်မရှိဘူး။ အခုတခေါက်က နိုင်ငံတကာရဲ့စိတ်ဝင်စားမှုများတယ်။ ကွာခြားချက်လေးတွပေါ့နော်။ ဒါပေမယ့်နိုင်ငံရေးကိစ္စမှာတော့ အရင်တခေါက်က ဗိုလ်ချုပ်ခင်ညွန့်က  “ အပစ်ရပ်ဖို့အတွက်တော့လာပါ။  နိုင်ငံရေးကိုတော့ လာမယ့်အစိုးရသစ်မှာဆွေနွေးတာပေါ့ ” လို့ပြောတယ်။ ဒီတခေါက်အပစ်ရပ်တာလဲ “အခု အပစ်ရပ်ရေးဆွေးနွေးမယ်။ နိုင်ငံရေးကိုလွှတ်တော်မှာဆွေးနွေးမယ်” ဆိုတာ ပြောပြန်တယ်။ ဒီကိစ္စတာ့ အရင်တခေါက်နဲ့ခပ်ဆင်ဆင်တွေ့ရတယ်။  ဒါကြောင့်တခုတခေါက်လဲ နိုင်ငံရေးကို လာမယ့်အစိုးရမှာ ဆွေးနွေးပါလို့ မကြားချင်တော့ပါဘူး။ လွှတ်တော်ထဲမှာဆွေးနွေးဖို့ မျှော်လင့်ချက်နဲ့ အစိုးရဖက်က အချို့ကို ဖွင့်ပေးတာဟာ အကောင်းဆုံးဘဲလို့ မြင်မိပါတယ်။

မေး။    ။ သျှမ်းပြည်တပ်မတော် SSPP/SSA ဆိုရင် ဒုတိယအကြိမ် အပစ်ရပ်ပြီဆိုတာတောင်မှ ယနေ့ထိ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ခံနေရသေးတယ်။ ဒီအနေအထားအပေါ်ကော ဘယ်လိုမြင်မိပါသလဲ။
ဖြေ။    ။ အစိုးရနဲ့ စစ်တပ်ကြားမှာ အာဏာပါဝါ အသုံးချမှုအပေါ် မတူတာရှိတယ်။ တချို့မှာအစိုးရက တကယ်ဘဲ အပစ်ရပ်စဲရေး လုပ်ချင်တဲ့ဆန္ဒရှိပေမယ့် စစ်တပ်ထဲမှာတော့ နည်းပါးတဲ့ဆန္ဒရှိတယ်။ သူတို့ကြားမှာ အပေးအယူ လုပ်ဖို့လိုအပ်နေသေးတယ်လို့မြင်ပါတယ်။

မေး။    ။ သမ္မတကြီး ဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေးလုပ်လာတာ တနှစ်ပြည့်တော့မယ်။ တိုးတက်မှုရှိတယ်လို့မြင်ပါသလား။
ဖြေ။    ။ ငြိမ်းချမ်းရေးဆိုတာ သမ္မတကြီးကပြောခဲ့တာဘဲ။ မြေပြန့်မှာနေတဲ့ဗမာအမျိုးသားတွေနဲ့ တောင်ပေါ်မှာနေတဲ့ တိုင်းရင်းသားတွေကြားမှာ ဖွံ့ဖြိုးမှုအဆင့်မညီမျှသေးဘူးဖြစ်နေတယ်။  သမ္မတဟာ တိုင်းရင်းသားတွဒေသကိုမြေပြန့်မှာလို လမ်းတံတားတိုးတက်မှုတွေလုပ်ပေးဖို့ဆန္ဒရှိမယ်ဆိုရင် တိုင်းရင်းသားနဲ့ ဗမာကြားမှာ အမြင်တိမ်းစောင်းမှု မရှိတော့ ဘူးလို့ သမ္မတကပြောတယ်။ သမ္မတရဲ့ယူဆချက်ဟာ မမှန်ဘူးလို့မပြောပါဘူး။ တချို့အားဖြင့်သာမှန်ပါတယ်။ အများစုလို အပ် ပါသေးတယ်။ ဘာလဲဆိုတော့ တိုင်းရင်းသားဆိုတာသူ့အမျိုးသားရဲ့ အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်ကို  ရချင်တာကိုး။ လမ်းပန်းဆက်သွယ်ရေး ဘာရေးညာရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စလိုချင်တာမှန်ပေမယ့် အဲဒီထက်အရေးကြီးတဲ့ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးက ပထမတန်းပိုကျနေတဲ့အတွက်ကြောင့် အဲဒီဟာကိုနိုင်ငံတော်သမ်မတဖြစ်တဲ့ သိန်းစိန်တို့ကနေပြီး စဉ်းစား ဝေဖန်ပိုင်းခြားပေးရင် နိုင်ငံတော်သမ္မတပြောနေတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ပြောလိုပါတယ်။ အဲလိုမစဉ်းစားဘဲခုနပြောတဲ့ဟာလေးနဲ့အပေါ်ယံတည်ဆောက်မှုလောက်ဘဲလုပ်မယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးကိစ္စရပ်ဟာတော်တော်ကြီးကိုစဉ်းစားလို့မရလောက်အောင် ရှိတဲ့အနေအထားမှာရှိပါတယ်။

မေး။    ။ မေလ သမ္မတထုတ်ပြန်ချက် ၈ ချက်မှာ ၁ ကနေ ၄ အထိ အများအားဖြင့် လက်ခံနိုင်တယ်ပြောကြတယ်။ ၅ ကနေ ၈ အထိတော့ လက်နက်ချဖို့ဘာဖို့ပါလာတော့ လက်မခံနိုင်ကြဘူး။ ဗိုလ်မှူးတို့အနေနဲ့ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။ ထာဝရငြိမ်းချမ်းရေးရဖို့ ဒို့တာဝန်အရေးသုံးပါးထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့အချက် အရေးကြီး ဆုံးဘဲ။ စည်းရုံးရေးဆိုတာ ငါတို့ကိုလာပေါင်းပါ ငါတို့လုပ်သလိုလုပ်လိုက်ပါ ငါတို့ပြောသလိုလုပ်လိုက်ပါဆိုတာ စည်းလုံးညီ ညွတ်ရေးလက်ခဏာမဟုတ်ပါဘူး။ အနိုင်ကျင့်တဲ့လက်ခဏာဖြစ်ပါတယ်။ စည်းလုံးဖို့အတွက် တိုင်းရင်းသားအားလုံး ရသင့်ရ ထိုက်တဲ့အခွင့်အရေးရကြရင် မစည်းလုံးစရာအကြောင်းမရှိဘူးလို့မြင်တယ်။ တကယ်လို့စည်းလုံးညီညွတ်ပြီဆိုရင် တိုင်းရင်း သားတွဟော အမြင်မကွဲတော့ဘူး။ ဥပမာ ဒီကနေ့ကွဲပြားချက်တွဟော အားလုံးအသိ ဆုံးပါဘဲ။ ဒီကွဲပြားချက် တွေကိုဦးသိန်း စိန်က အလေးအနက်ထားပြီးတော့မှ စဉ်းစား  ပြီးတော့မှ အကောင်အထည်ဖော်မယ်ဆိုရင်တော့ တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးအားကောင်းလာမယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စ တိုင်းရင်း သားပြိုကွဲနေလို့ ပြည်တွင်းစစ်ဖြစ် နေတယ်။ တကယ်လို့ ခုနအခွင့်အရေးကိုပေးလိုက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မြဲမှာဖြစ်ပြီး ပြည်ထောင်စုပြို ကွဲမှာ ကြောက်စရာမလိုဘူး။ ဒါကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာအဓိကဖြစ်နေတယ်။

ပါတီထောင်ဖို့ ထာဝရငြိမ်းချမ်းရေးအတွက် လက်နက်ပေးအပ်ဖို့ဆိုတာ ကျနော်တို့တိုင်းရင်းသားတွေမှာ ပါတီထောင်ပြီး ဝင်ဆန့နိုင်တဲ့ ဖွဲ့စည်းကပုံအခြေခံဥပဒေလိုအပ်နေတယ်။ ဒီကနေ ပြင်ဆင်ရမယ့်အချက်တွအေများကြီးရှိတယ်။ ဒီကနေ့ ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် လက်နက်အပ်မယ်။ တချို့ဆိုရင် ပြည်သူ့စစ်လုပ်လိုက်မယ်။ ဒါပေမယ့်ကျနော်တို့ဝင်ဆန့်နိုင်တဲ့ ဥပဒေမျိုးကို အစိုးရက ပြုပြင်ပေးမယ်ဆိုရင် အခက်အခဲက တော်တော်လေး နဲသွားမယ်။ အဲလိုမျိုးမဟုတ်ဘူးဆိုရင် တော့ ဒီတခေါက်အပစ်ရပ်တဲ့အခြေအနေက မီးခဲပြာဖုံးတဲ့အခြေအနေမျိုးနဲ့စိုးရိမ်စရာဖြစ်နေပါတယ်။

ဒီကနေ့ဆိုရင် အပစ်ခတ်ရပ်စဲရေးကိစ်စနဲ့ပတ်သက်တဲ့အခါမှာ သမ္မတအဖြစ်တာဝန်ယူနေတဲ့ဦးသိန်းစိန်အစိုးရကနေ သဘောထားကြီးကြီးထားပြီးဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုသားအားလုံးမျှော်လင့်တဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေး ဧကန်မုချဖြစ်မှာဘဲလို့ပြောချင်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ   ဇူလိုင်လ (၂၃)နေ့မှ (၂၆) ရက်နေ့အထိ  တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့ ရန်ကုန်မြို့တို့ရှိ ပအိုဝ်း လူမှုအဖွဲ့အစည်း တွေနဲ့တွေ့ဆုံပြီး  ရှင်းလင်းပွဲလုပ်၊ စစ်တမ်းသဘောထား ကောက်ယူခဲ့ပါတယ်။၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနဲ့ PNLO  တို့ပထမအကြိမ်တွေ့ဆုံခဲ့ပါတယ်။  ယခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တွင် SPNLO ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်သည့် PNLO အဖွဲ့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် PPLO အဖွဲ့နဲ့ အခြားပအိုဝ်းလူမှုအဖွဲ့အစည်းများ စုပေါင်းထားသည့်အဖွဲ့ဖြစ်သည်.။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3387-2012-08-06-14-25-41.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India