August 22, 2012

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လစာနည်း ကွန်မြူနစ်စနစ်အတိုင်းသွားနေဆဲ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် လူသူလက်နက်ငွေအင်အား အကြီးဆုံးဖြစ်သည့် ဝ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်က တပ်ဖွဲ့ဝင်များအတွက် လစာများအား ကွန်မြူနစ်စနစ် အတိုင်းသွားနေဆဲဖြစ်ကြောင်း ကွန်မြူနစ်ပါတီ ဝင်ဟောင်းများကပြောသည်။
001-UWSA
UWSA ဝ တပ်သားများ

“ဝ တပ်ဖွဲ့ထဲကပေါ့နော်။ အောက်ခြေတပ်သားကနေ တပ်ရင်းမှူးအထိ လစာကို တရုတ် ယွမ်ငွေ ၆၀ ယွမ် တန်းတူ ညီမျှပေး တယ်။ သို့ပေမယ့် ဝမ်းရေးအတွက် လုပ်ပိုင်ခွင့်တော့ ပေးထားတာပေါ့နော်။ အရင်းအနှီးအတွက် ငွေဆိုလဲချေးပေးတယ်။ ပစ္စည်းလဲ ထုတ်ပေးတယ်။ လုပ်ငန်းလည်ပတ်မှုရသွားပြီဆိုရင် အရင်းပြန်ဆပ်ရတယ်” ဟု တာချီလိတ်ရောက် ကွန်မြူနစ် ဝန်ထမ်း ဟောင်းတဦး ကပြောသည်။

တပ်စုမှူး၊ တပ်ဖွဲ့မှူးတို့ကိုလည်း တာဝန်အလိုက် ဆိုင်ကယ်တစီး၊ လယ်ထွန်စက်တစီး၊ တပ်ရင်းမှူးကို ကားတစီး စသဖြင့် သုခုမကြေး အဖြစ်ချီးမြှင့်သေး သည်ဟု ဆို၏။

မိသားစုဝင်ငွေအတွက်လည်း တပ်ဖွဲ့မှ ငွေကြေးချေးပေးကာ လုပ်ငန်းလည်ပတ်စေသကဲ့သို့ အကျိုး အမြတ် ရရှိလာပါက ချေးငွေများပြန်လည်ပေးဆပ်ရကြောင်း ထို့အတွက် UWSA  ဝ တပ်သားများ အတွင်း ပျော်ရွှင်ကျေနပ်မှုများရှိသည် ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“ကူးသန်းရောင်းဝယ်ရေး ကုန်ပစ္စည်းတွေကိုလဲ ဌာနချုပ်မှာ တံဆိပ်တုန်းထု လက်မှတ်နဲ့ထုတ်ယူပြီး သွားရောင်းခွင့်ပေး တယ်။ ဖမ်းမိပြုမိရင် ဌာနချုပ်တံဆိပ်ပါရင် အဲဒီပစ္စည်းတွေ ဌာနချုပ်ကိုဘဲပြန်ပို့တယ်။ ဌာနချုပ်ကထုတ်သွားတဲ့ ပိုင်ရှင်ထံ ကိုဘဲ ပြန်အပ်ပေးတယ်။ အဲဒီလိုလုပ်ပိုင်ခွင့်ရှိတာ” - ဟု မိုင်းပေါက်မှ ဝ အရာရှိငယ်တဦးက ပြောသည်။

မိုင်းလားတပ်ဖွဲ့ခေါ် NDAA-ESS တပ်ဖွဲ့အတွင်း၌မူ အခြေခံလစာတရုတ်ယွမ်ငွေ ၂၅၀ မှ စတင် ကြောင်း မိုင်းလား တပ်ဖွဲ့ နှင့် နီးစပ်သူတဦးကပြောသည်။

“သူတို့ကို အဲဒီစာထဲကနေ စားသောက်စရိတ် တဝက်ဖြတ်တယ်။ ၁၂၅ ယွမ် လောက်ရတယ်။ ကျနော်တို့ လူကြီး ကတော့ အရင်နှစ်တုန်းက ကျနော်တို့ကိုပြောဖူးတယ်။ တပ်သားတွေ ကေဒါတွေကို ပေးဖို့လစာမရှိခဲ့ရင်တောင် လူကြီးကိုယ်တိုင် နိုင်ငံခြားထွက်အလုပ်လုပ်ပြီး ရှာကျွေးမယ် - လို့ပြောတယ်” - ဟု အဆိုပါ ကေဒါဟောင်းကပြောသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်း၌မူ စေတနာ့ဝန်ထမ်း တပ်သားများတဦးလျင် ကျပ်ငွေ ၁၀၀၀၀ (ထိုင်းနယ်စပ်နေတပ် သား များအတွက် ကျပ်တသောင်းနှင့်ညီမျှသော ဘတ်ငွေ ၃၉၀) နှင့် အမြဲတမ်း ဝန်ထမ်း အောက်ခြေတပ်သား များအတွက် ကျပ်ငွေ ၁၂၀၀၀ (နယ်စပ်နေသူများ ၎င်းငွေပမာဏ နှင့် တူညီသော ထိုင်းဘတ်ငွေ ၄၆၈)အပြင် အဆင့်ဆင့်ရာထူးတက် သွား ပါက ကျပ် ငွေ ၂၀၀၀ စီတိုးမြင့် ပေးဆောင်ကြောင်း သျှမ်းပြည်တပ်မတော်အကြီးအကဲတဦးကပြောသည်။

“သူတို့တွေ ဒီလစာအပြင် တာဝန်အလိုက်ဆုကြေးတွေလည်း ရှိသေးတယ်” ဟု အဆိုပါအကြီးအကဲကပြောသည်။

မြန်အမာအစိုးရ စစ်တပ်မှာမူ စစ်လေ့ကျင့်ရေးကျောင်း ၂ နှစ်ပြီးဆုံးပါကအရည်အချင်းအလိုက် ဒု တပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး ရာထူးရမည်ဖြစ်ပြီး အခြေခံ  လစာမှာ ကျပ် ၁ သိန်း ခွဲအနည်းဆုံးရှိကြောင်း၊ ဗိုလ်ကြီးတဦးလာစာမှာ လစာ မှာ တသိန်းခွဲနှင့်အထက်ရှိကြောင်း၊  ဗိုလ်မှူးမှာမူ ကျပ်နှစ်သိန်းဝန်းကျင်ရှိကြောင်း၊  ထို့ထက်ကြီးသည့် အရာရှိများလည်း ကျပ် နှစ်သိန်းအထက် လခရကြောင်း တပ်မတော်အသိုင်းအဝိုင်းက ပြောပါသည်။ မည်သို့ပင်ဆိုစေ အိမ်နီးချင်းတိုင်းပြည်များ၏ အစိုးရ ပညာရေးဝန်ထမ်းများမှာ မြန်မာ့ပညာရေးဝန်ထမ်းများထက် လစာ ၇ ဆ ပိုများနေသည်ဟု မောက္ခပညာရေးသတင်း က ရေးသားပါသည်။    

http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3424-2012-08-22-08-48-48.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India