“ အစိုးရ တပ်ဖွဲ့တွေက လိုင်ဇာကို စစ်ဆင်နိုင်ဖို့ ဗန်းမော်ကတဆင့် တာပိန် ရေအား လျှပ်စစ်ဖက်ကို လမ်းကြောင်း (၁) အနေနဲ့ တကြောင်း အင် အားဖြည့်တယ်။ ပြီးတော့ လမ်းကြောင်း (၂)အနေနဲ့ ဒေါ့ဖုန်ယန်မြို့နယ်ခွဲဘက်ကို အင်အားဖြည့်ပါတယ်။ ကျနော်တို့နဲ့ (၃) ရက်အတွင်းမှာ အပြင်းအထန် တိုက်ပွဲတွေ (၁၂) ခါဖြစ်ခဲ့တယ်။ သူတို့ဖက်က အကျအဆုံး မသိပေမဲ့ ဒါဏ်ရာရသူတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖက်ကို ပို့လိုက်တယ်” ဟု ဆိုပါသည်။
သြဂုတ်လ ၉ ရက်နေ့နေ့လည်ပိုင်းတွင် တာပိန်ရေအား လျပ်စစ်အနီး၌ အစိုးရခမရ ၃၁၉ နှင့်ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ ပါသည်။ အစိုးရတပ်ဖွဲ့သည် ကေအိုင်အေ ရှေ့တန်း ဌါနချုပ် (ယာယီ) ရုံးစိုက်ထားသော လိုင်ဇာဘက်ကို စစ်ဆင်နိုင်ရန်၊ ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် မြစ်ကြီးနား ဘက်မှ၎င်း၊ (၀၈-၀၈-၂၀၁၂) ရက်နေ့တွင် မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဒဘတ်ယန် တွင်လည်းကောင်း အင်အား ထပ်ဖြည့်ထားပါသည်။
ဗန်မော်ဘက်မှ စစ်အင်အားများကိုလည်း ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် ပြန်လည်အင်အားဖြည့်တင်းထားပြီး (လမ်းကြောင်း နှစ်ခုဖြင့် လိုင်ဇာဖက်ကို ချီတက်နေခြင်းဖြစ်ပါသည်။
လမ်းကြောင်း (၁) ဗန်းမော်မှ - တာပိန်ရေအားလျှပ်စစ်သို့
လမ်းကြောင်း (၂) ဗန်းမော်မှ- ဒေါ့ဖုန်ယန်မြို့နယ်ခွဲဘက်သို့ (လိုင်ဇာ မှ ၁၀ မိုင်ကျော်သာဝေး)
KIO ရှေ့တန်းစစ်မျက်နှာ တနေရာ (ဓါတ်ပုံ KIO)ဤကဲ့သို့သော အခြေအနေ၌ တရုတ်ပြည်ဖက်၌ ရောက်ရှိနေသော ကချင် စစ်ပြေး ဒုက္ခသည် များကိုလည်း တရုတ်အစိုးရက နှင်ထုတ်နေသည်ဟု ကချင်ဒုက္ခသည် အရေးကို ကူညီနေသော အဖွဲ့အစည်းများက ဆိုပါသည်။ KIO သည် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေးအတွက် အဆိုပြုမှုရှိသော်လည်း အစိုးရလက်မခံ ပယ်ချခဲ့ပြီးမှ လိုင်ဇာစစ်ဆင်ရေး တိုက်ပွဲများ ပြင်းထန် လာခဲ့ခြင်းဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1997--kio-.html







Saturday, August 11, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: