August 11, 2012

ကချင် ဒုက္ခသည်များ အရေး တရုတ်မြန်မာ ညှိနှိုင်းပြီး ဆောင်ရွက်ဖွယ်ရှိ

Kachin_refuge_01မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ်ခမ်းမြို့ နယ်စပ်တဖက်ခြမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နောင်တောင်းခရိုင် ၊(ရွှေလီနယ်စပ်) ၌ ၀င်ရောက်ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် တသောင်းခန့်များအား ယခုသြဂုတ်လအကုန်ပိုင်းတွင် မြန်မာနိုင်ငံဖက်ခြမ်းသို့ အပြီး ပြောင်းရွေ့ပေးရမည်ဟု တရုတ်အာဏာပိုင်များက ဖိအားပေးလျှက်ရှိကြောင်း ဒုက္ခသည် စ ခန်းတာဝန်ခံ တစ်ဦးကပြောပါသည်။
“ပြောင်းရွေ့ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ တကြိမ်၊ ပြီးတော့ ဇူလိုင်လ (၂၀) ရက်နေ့မှာတကြိမ် နှစ်ကြိမ်တိုင် သူတို့ လာပြောခဲ့ပြီးပြီး။ ကျနော်တို့ကလည်း ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။ စိုးရိမ်စရာ အခြေအနေ လည်းရှိနေတယ်။ ဒါကြောင့် တရုတ်ကအတင်းဖိအားပေး ရွှေ့ခိုင်းရင်တောင် ကျမတို့ ရွှေ့မှာမဟုတ်ဘူး။ ဒါကတော့ တရုတ် အာဏာပိုင်တွေကို မလေးစားလို့ မဟုတ်ပါဘူး။ တကယ့်အခြေအနေက မပေးလို့ပါ”ဟု ဆိုပါသည်။
Kachin_refuge
ကချင်ဒုက္ခသည်များအခြေချနေရပုံ
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ထိုဒုက္ခသည်များကို ပြောင်းရွှေရန် လိုလားသော်လည်း လက်တွေ့၌အစိုး ရ တပ်ဖွဲ့များသည် လိုင်ဇာ ရှေ့တန်းဌာနချုပ် စခန်းကို ပြင်းထန်စွာ စစ်ဆင်နေသည့်အတွက် လောလောဆယ်၌ တာဝန်မယူ နိုင်သေးဟုဆိုပါသည်။ တိုက်ပွဲများသည် ဇူလိုင်လ (၇၊၈၊၉) ရက်နေ့ သုံးရက်အတွင်း၌ တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ဤသို့ ကြောင့် KIO အနေဖြင့် ဒုက္ခသည်အရေးကို မစဉ်းစားနိုင်ခြင်းဖြစ်ပါသည်။
ကချင်ဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့ရန် တရုတ်အာဏာပိုင်များက လိုလားနေဟန် ရှိပါသည်။ အစိုးရတပ်ဖွဲ့များ၏ စစ် ဆင်မှုသည်လည်း ဤလအကုန်ပိုင်း၌ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုစခန်းကို သိမ်းပိုက်နိုင်လိမ့်မည်ဟု တရုတ်ဖက်က တွက်ဆဖွယ် ရှိပါသည်။  ဤကဲ့သို့ သိမ်းပိုက် နိုင်ခဲ့လျှင် ဒုက္ခသည်များအား နေရပ်ရင်းပြန်ရေး အစီစဉ်ကို အချိန်တိုအတွင်း အကောင်အထည်ဖေါ်နိုင်ရန်  ဒုက္ခသည်များအား အဆင်သင့်ဖြစ်နေစေရေးကို ရည်ရွယ်ပြီး ကြိုတင်ဖိအား ပေးထားဟန်ရှိနေကြောင်း ဒုက္ခသည်စခန်း တာဝန်ခံများက ယူဆပါသည်။
“ ဒါကတော့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရက ညှိနှိုင်းထားပုံ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုက္ခသည်ရှိနေရင် အမေ ရိကန်နဲ့ UNHCR က ၀င်လာမယ်လေ။ ဒါကိုနှစ်နိုင်ငံစလုံးက လိုလားပုံ မရှိပါဘူး။ ဒီတော့ KIO ဗဟိုအမြန်ပြုတ်အောင် ဗမာ ဖက်က စစ်ဆင်နေပုံရပါတယ်” ဟု ဆိုပါသည်။
အစိုးရသည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လကတည်းက KIO ကို စစ်ဆင်လာခဲ့ပါသည်။  စစ်ရေးအခြေအနေကြောင့် ကချင် လူထုများသည် စစ်ဘေးကိုရှောင်တိန်းရင်း ဒုက္ခသည် (၇) သောင်း ခန့်ဖြစ်သွားခဲ့ပါသည်။ UNHCR သည်လည်း ကချင်ဒုက္ခသည်များကို ကူညီမည်ဟု ညှိနှိုင်းခဲ့သော်လည်း ယနေ့အထိ အကောင်အထည် မတွေ့ရ သေးပေ။

http://www.phophtaw.org/burmese/index.php/news/local-news/2000-2012-08-10-11-56-14.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India