“ ဖြစ်တာက ခနခနပါဘဲ။ (၁၀) မိနစ် တိုက်ပွဲလေးတွေ လိုမျိုးပေါ့ဗျာ။ ကျနော်တို့နယ်ထဲကို အကြောင်းမကြားဘဲ ၀င်လာ တယ် ပစ်ခတ်ကြတယ် ပြန်ထွက်သွားတယ် အဲဒီလိုမျိုးပေါ့။ ကျနော်တို့ကလည်း အပစ်သာ ရပ်စဲထားတယ်လို့ ဆိုပေမဲ့လို့ စစ်ရေး သတိကိုတော့ အပစ်မရပ်တုန်းက အခြေအနေလိုပါဘဲ။ နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲကိုပြောရရင် ပြီးခဲ့တဲ့နှစ်ရက်နေ့ ကပါ။ တန့်ဆန်းမြို့ အနောက်ဖက်က မိုင်ပန်မှာ ဖြစ်ပါတယ်။ ဒီလိုဟာမျိုးတွေက အပစ်ရပ်တဲ့နေ့ကစပြီး အခုထိပါဘဲ။ ဘာမှ မထူးပါဘူး” ဟုဆိုပါသည်။
ဤကဲ့သို့ အစိုးရတပ်များ တမင် ၀င်ရောက် တိုက်ခိုက်နေမှုကို သက်ဆိုင်ရာကို အကြောင်းကြားခဲ့သော်လည်း “ အောက်ခြေ တပ်ဖွဲ့တွေရဲ့ ထိတွေ့မှုတွေဟာ အထက်က ဘာမှမသိရဘူး” ဟု အစိုးရအရာရှိများက အကြောင်းပြန်လေ့ရှိပါသည်။ သို့ သော် ဤ လုပ်ရပ်သည် အောက်ခြေတပ်များမှာ အမိန့်မနာခံဘဲနှင့် တမင်လုပ်ယူ၍ရနိုင်မည့် ကိစ္စမဟုတ်ဟု RCSS က ဆို ပါသည်။
အစိုးရသည် နယ်မြေစိုးမိုးရေးအတွက်၄င်း၊ RCSS မှ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖေါ်၍မရအောင် RCSS ၏စီမံကိန်များ ပျက်ပျယ်သွားရန် အတွက်၄င်း၊ ပြည်သူလူထုများနှင့် အေးဆေးစွာ ထိတွေ့ခွင့်မရစေရန် အတွက်၄င်း တမင်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု RCSS က ယူဆပါသည်။
ဆွေးနွေးစဉ်တွေ့ရသော ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်
“ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေးမှာ နှစ်ဦး နှစ်ဖက်တွေ့ဆုံ လက်မှတ် ရေးထိုးပြီးရုံမျှဖြင့် ငြိမ်းချမ်းရေး ရပြီဟုမဆိုနိုင်၊ ထိ လွယ်ရှလွယ်သော အခြေအနေဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီသည်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတကြိမ် ယခုနှစ် မေလတွင် တကြိမ် အစိုးရ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပါ သည်။
http://www.phophtaw.org/burmese/index.php/news/local-news/2010-rcss-.html