Showing posts with label RCSS/SSA. Show all posts
Showing posts with label RCSS/SSA. Show all posts

May 3, 2013

RCSS တပ်ဖွဲ့ နယ်မြေ ထဲသို့ အစိုးရ တပ်ဖွဲ့များ တိတ်တဆိတ် ကျူးကျော်

RCSS အထူးတပ္မ်ား RCSS အထူးတပ္မ်ား (ဓါတ္ပုံ RCSS)


အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း ကြားခြင်း မရှိဘဲ တိတ်တဆိတ် ၀င်လာသည့် အတွက် မေလ (၁) ရက်နေ့ တွင် တနာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
“ အစိုးရ နယ်မြေခံ တပ်တွေ ပေါ့ဗျာ၊ သူတို့က တောထဲ ၀င်လာတယ်။ ကျနော်တို့ နယ်မြေခံတပ်နဲ့ တစ်နာရီလောက်ကို တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။ သူတို့က နယ်မြေ ရှင်းလင်းရေး ဆိုပြီး အကြောင်း မကြားဘဲနဲ့ အခုလိုမျိုးသာ ဆက်သွား နေမယ် ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ် နေဦးမှာဘဲ”ဟု ဆိုပါသည်။
တိုက်ပွဲသည် ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှ သံလွင်မြစ် ထဲရှိ တာပိန် ကူးတို့ဆိပ် အနီးမေလ ၁ ရက်နေ့ မွန်းလွှဲ တစ်နာရီခန့်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ထိခိုက် ကျဆုံးမှု အခြေအနေ မသိရသေးပေ။
ယင်းကဲ့သို့ ကြိုတင် အကြောင်းမကြားဘဲ RCSS နယ်မြေထဲသို့ တိတ်တဆိတ် ၀င်ရောက် မှုကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ရခြင်းအပေါ် အစိုးရ တပ်ဖွဲ့တာဝန် ရှိကြောင်း RCSS က သဘောထား ပါသည်။  နယ်မြေခံ အစိုးရတပ် ကလည်း မိမိတို့ ခွင့်ပြု ထားသော သစ်လုပ်ငန်းနှင့် ရွှေကျင် လုပ်ငန်းများကို သွားရောက် စစ်ဆေးရန် ရှိသဖြင့် စစ်ကြောင်း ဖွဲ့ပြီး ထိုနေရာသို့ သွားရောက် ရခြင်း ဖြစ်ကြောင်း အကြောင်းပြန် ခဲ့ရပါသည်။
ထိုကဲ့သို့ သွားရောက် စစ်ဆေး ခဲ့ရာမှ နယ်မြေ ရှင်းလင်းရေး အတွက် တာပိန် ကူးတို့ဆိပ် ပတ်ဝန်းကျင်သို့ ဆက်လက် လှုပ်ရှားခဲ့ရာက တိုက်ပွဲဖြစ်ပွား သွားရခြင်း ဖြစ်ကြောင်း RCSS အား အကြောင်း ပြန်ကြား ခဲ့သည်ဟု ဆိုပါသည်။
“ အစိုးရ ကတော့ သူတို့ကိုယ် သူတို့ နိုင်ငံရဲ့ မိဘ တွေပါလို့ သဘော ထားပြီး၊ ကျနော်တို့ကို ဟိုဟာ မလုပ်ရ၊ ဒီမှာ မနေရဆိုပြီး လိုက်ပြီးချုပ်ချယ် ဖိအား ပေးနေတာလေ။ ကျနော်တို့က သူတို့ သားသမီးတွေ မဟုတ်ဘူး။ ဒီနိုင်ငံကို ထူထောင်ခဲ့စဉ်က တိုင်းရင်းသား ညီအစ်ကိုတွေ အနေနဲ့ ပါလာခဲ့တဲ့ လူတွေပါ။ အဲဒါကြောင့် တန်းတူရေး ဆိုတဲ့ စကားကို ပြောနေရတာလေ။”ဟု ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
RCSS သည် ရှမ်းပြည်နယ် အတွင်းရှိ သစ်တော၊ တွင်းထွက်နှင့် အခြား သယံဇာတများအား ရှမ်းပြည်သူ လူထု အကျိုးကို ရည်ရွယ်ပြီး ထိန်းသိမ်း ထားချင်သည်။ ဤသို့ကြောင့် ရှမ်းပြည်နယ် အတွင်း သယံဇာတ ကာကွယ် ထိန်းသိမ်းရေးအတွက် အချက် (၃) ချက် ပါသော ကြေညာချက် တစ်ရပ်ကို ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့တိုင်းကို အခြေခံ နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိပေ။ အစိုးရသည် မတူညီသော တစ်ဖွဲ့ချင်းစီ၏ အခြေအနေများကို အသုံးချပြီး အမျိုးမျိုး ဂတိပေးခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ပါသည်။ တိုင်းရင်းသား အဖွဲ့များဆီမှ အပစ်အခတ် ရပ်စဲရေးဂတိ ရပြီးသည်နှင့် ၄င်းတို့ ပေးထားတဲ့ ဂတိအတိုင်း လိုက်နာမှု မရှိတော့ပေ။
ဤနည်းအတိုင်း RCSS နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူခဲ့စဉ်က အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် လက်ရှိ RCSS ရောက်ရှိနေသော နေရာများတပ်တည်ခွင့်ပြုသည်ဟု ဂတိ ပေးခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့ဖက်မှ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲပေါင်း (၅၀) ကျော် ဖြစ်ပွား ခဲ့ရသည့် အပြင် နယ်မြေ စိုးမိုးရေးနှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပြသနာ များယနေ့အထိ ပြသနာ ရှိနေဆဲဟု ဆိုပါသည်။
RCSS နှင့် အစိုးရ တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲ လာခဲ့ပါသည်။ ဤကာလ အတွင်း၊ မူးရစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ခြင်းကို အတူ ဆောင်ရွက် နိုင်ခဲ့ပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/275-rcss.html

April 21, 2013

ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ

ssa-hq-b305
ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတဝိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
RFA 
 
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေ တဲ့အတွက် တန့်ယန်းမြို့၊ အောင်မင်္ဂလာကျောင်းတိုက် မှာဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ စတင်တွေ့ကြံုနေရပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်းမှာ ဒေသခံဒုက္ခသည်တွေ နေ့စဉ် လိုလို လာရောက်ခိုလှုံနေကြရာမှာ အခုဆိုရင် ဒုက္ခသည် ၅၀၀ နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့  ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးစိုင်းလှရွှေက RFA ကို ပြောပါတယ်။
"စားနပ်ရိက္ခာက အခြေမနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ ထပ်ရောက်တဲ့သူတွေကို ပေးဖို့မရှိတော့ဘူး၊ အိုးခွက်၊ ပန်းကန်တွေလည်းလိုတယ်"
အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အကူအညီပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးအတွက် အစားအသောက်နဲ့ ခြံုစောင်တွေ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

April 11, 2013

ရှမ်းမြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး SSA ဦးဆောင်လုပ်ကိုင်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စာရိတ္တပြုပြင်ရေးစခန်းများ ဆေးဖြတ်ရန် ဆေးရုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (RCSS/ SSA) တပ်ရင်း ရ၀၁ က ဦးစီး၍ ဆောင်ရွက် နေကြောင်း သိရသည်။
မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများ ပါ၀င််ရန် အရေးကြီးကြောင်း၊ ယခုအခါ ရှမ်းပြည်မြောက်ပိုင်းရှိ RCSS/SSA တပ်ရင်း ရ၀၁ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးစွဲသည့် လူငယ်များ၏ စာရိတ္တ ပြုပြင်ရေး စခန်းနှင့် ဆေးစွဲသူများ ဆေးဖြတ်ရန် အတွက် ဆေးရုံကို တည်ဆောက် နေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း ရှေ့ဆက် တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အဆိုပါ တပ်ရင်းမှ ဦးစဝ်ကမ့်ခေးက ဧရာဝတီသို့ ပြောသည်။
“အခုလောလောဆယ် နမ့်ခမ်းမြို့ နောင်မတာ ကျေးရွာမှာရှိတဲ့ ဆေးခန်းကတော့ မူးယစ်ဆေးဖြတ်ဖို့ အတွက် အထောက်အပံ့ ပေးပါတယ်။ ဒါပေမယ့် နောက်ထပ် စခန်းတွေ ဆေးရုံတွေ ဆက်ဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ရှမ်းပြည်သူတွေ အားလုံ ပါ၀င်တိုက်ဖျက်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု စဝ်ကမ့်ခေးက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်းရှိ RCSS/SSA ထိန်းချုပ်သည့် တပ်ရင်း ၁၀၇ နယ်မြေ နောင်မတာ ကျေးရွာတွင် ဧပြီ ရ ရက်နေ့က နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်းမြို့ များမှ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများကို ယင်းနယ်မြေမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူ ၂၀၀ ကျော်၏ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“အခုလို မူးယစ်ဆေးဝါးတွေ မီးရှို့တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့အချိန်မှာ နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်ရင်တော့ ပိုကောင်းမယ်၊ ပိုထိရောက်မယ်။ ဘိန်းဖြတ်ဖို့ ဆေးရုံတွေဆောက်နေ တာလည်း ကောင်းပါတယ်” ဟု နမ့်ခမ်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူများသည် တနှစ်ထက် တနှစ် ပိုမိုတိုးလာကြောင်း၊ အမျိုးသမီးများလည်း သုံးစွဲမှု များ လာကြောင်း၊ မူးယစ်ဆေးဝါးကို လွဲမှားစွာ သုံးစွဲနေကြကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူများပါ ပူးပေါင်း ပါ၀င်ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။
“ရှမ်းပြည်မှာက အသက်ငယ်တဲ့ ကလေးတွေကအစ မူးယစ်ဆေးဝါးကို သုံးစွဲလာကြတယ်။ အရက်သောက်ရင် လူကြီးတွေ သိမှာစိုးလို့ ဆေးပြားတွေကို သုံးစွဲကြ တယ်။ ဆေးပြားတွေက စျေးလည်း ပေါတယ်လေ” ဟု မူဆယ်မြို့တွင် နေထိုင်သည့် ဦးစိုင်းမြတ် က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးများကို ၀ယ်ယူရန် အလွန်ပင်လွယ်ကူကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းနေသော် လည်း ရောင်းဝယ်သူ၊ သုံးစွဲသူများက နည်းမျိုးစုံဖြင့် လုပ်ဆောင် နေကြသောကြောင့် ဒေသခံ ပြည်သူများပါ ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
လူအများ အသုံးစွဲများပြား၍ အရောင်းသွက်နေသည့် ဆေးမှာ WY စာတမ်းပါသည့် ယာဘဆေးပြား အနီရောင် ဖြစ်ပြီး ဆေး တလုံးကို တရုတ်ယွမ်ငွေ ၁၀ ယွမ် (မြန်မာကျပ် ရ၀၀) ခန့်ရှိကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဆေး သုံးစွဲသည့် ပမာဏမှာ လူဦးရေ၏ ရ၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ဒေသခံ များက ဆိုသည်။

http://burma.irrawaddy.org/archives/37534

February 28, 2013

တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းများ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။

တန့်ယန်း မြို့နယ်တွင်းရှိ SSPP/SSA ၏ လွယ်လန်း တပ်စခန်း ဆုတ်ပေးရန် အစိုးရတပ်ဘက်မှ ပြောကြားလာခြင်
နှင့်အတူ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း၌ SSPP/SSA ဘက်မှ ၎င်းကိစ္စကို သမ္မတထံ စာရေး တင်ပြခဲ့ပြီး သမ္မတမှလည်း အကြောင်းပြန်ခဲ့ကြောင်း SSPP/SSA မှ တပ်ပေါင်းစုရေးရာ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က မဇ္စျိမကို ပြောသည်။

“သမ္မတ က လွယ်လန်းက နေပြီးမှ သူတို့တပ် ဆုတ်ခွာဖို့ ညွှန်ကြားထားတယ်။ မိုင်းအွတ်မှာ လေယာဉ်ကွင်း
ဆောက်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းဖို့။ အဲလိုတော့ ကျနော်တို့ဆီ လိပ်မူပြီး စာရေးလာတယ်လို့ ဌာနချုပ်က ကျနော့်ဆီ အကြောင်းကြားတယ်” ဟု ဆိုသည်။

လွယ်လန်း တပ်စခန်းအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးရန် အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လားရှိူးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး အောင်လ ထံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောကြားခဲ့ပြီးလည်း ဖြစ်ကာ ယနေ့၌မူ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ဖိန်ဖ က ဆက်လက် ပြောဆိုသည်။

၎င်းလွယ်လန်း တပ်စခန်းသည် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်း မြို့နယ်၏ တောင်ဘက် နမ့်လောဝ် ကျေးရွာအုပ်စု အနီးရှိ SSPP/SSA တပ်မဟာ (၃၆)၊ တပ်ရင်း (၁၉၂) တပ်စခန်း ဖြစ်သည်။

“သမ္မတ က တပ်ရုတ်သိမ်းဖို့ ညွှန်ကြားထားတာက သမ္မတက ဥပရောပ ခရီးစဉ် ထွက်တဲ့အချိန် ဖြစ်နေတော့ တိုက်ပွဲ ဖြစ်တယ်ဆိုတာက သူ့အတွက် အနှောင့်အယှက် ဖြစ်မယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး ဖိန်ဖ က သုံးသပ်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စ၍ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ အကျအဆုံးများကာ လူနာ
ကောက်ရန်အတွက် ၎င်းတို့ထံ လာရောက် ပြောကြားလာခြင်းလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ရှမ်းသံတော်ဆင့် သတင်း ဖော်ပြချက်အရ အစိုးရ တပ်ဘက်မှ အကျအဆုံး ၃၀ ခန့် ရှိသည်ဟု ရေးသား ဖော်ပြချက် ရှိသော်လည်း အကျအဆုံး များသည်ကို အတည်ပြုနိုင်ပြီး အရေအတွက်ကိုမူ အတည်ပြုချက် မပေးနိုင်သေး ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

အလားအတူ ဖေဖော်ဝါရီ လကုန် နောက်ဆုံးထား၍ တပ်စခန်း နှစ်ခု ဆုတ်ပေးရန် တြိဂံတိုင်း စစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမိန့်ပေးလာပြီး ၂၅ ရက်နေ့တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)ကလည်း တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ သမ္မတထံ စာပို့ခဲ့သည်။ ၎င်းကို တစုံတရာ အကြောင်း ပြန်လာခြင်း မရှိသေးကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

“ကျနော်တို့က ၂၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတဆီ လိပ်မူပြီးတော့၊ မိတ္တူကိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း (ဒု-ကာ/ချုပ်)၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အခြား သက်ဆိုင်တဲ့ ဝန်ကြီးတွေထံကို ပို့ပါတယ်။ မလိုအပ်တဲ့ ပစ်ခတ်မှုတွေ မဖြစ်အောင် ရှေ့တန်း တပ်တွေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး လွယ်ကူတဲ့ အနေ အထားမျိုး ရောက်ရှိအောင်၊ အစိုးရတပ်တွေကိုလည်း ဒီလိုမျိုး မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ မပြုလုပ်ရအောင် ညွှန်ကြားပေးစေလိုတဲ့အကြောင်း တင်ပြထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ယနေ့မှာ တပ်ရုတ်ပေးရန် အမိန့် နောက်ဆုံးရက် ဖြစ်သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းထား မြို့နယ်ခွဲ တွင်းရှိ RCSS/SSA တပ်စခန်း တနေရာနှင့် ဟိုမိန်း မြို့နယ်ခွဲအတွင်းရှိ တပ်စခန်း တနေရာတို့ အား ရုတ်သိမ်းပေးရန် SSPP/SSA သက်ဆိုင်ရာ တပ်စခန်းများသို့ အစိုးရ ဗျူဟာတပ်မှ စာရေး အကြောင်းကြား
ခဲ့ခြင်း ဖြစ်သည်။

RCSS/SSA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းဟိုမိန်းနှင့် မိုင်းထား မြို့နယ်ခွဲ နယ်မြေဒေသများအား RCSS/SSA ၏ တပ်မိသားစု နေရာချထားရေးနှင့် လုပ်ကိုင် စားသောက်ရေးအတွက် အပ်ပေးမည်ဟု သဘောတူထားပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း( SSPP/SSA)မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က လည်းကောင်း၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က လည်းကောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အသီးသီး ရရှိခဲ့ကြပြီး ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11042-2013-02-28-15-30-38.html

RCSS/SSA တောင်ပိုင်း စခန်း ၂ ခုကို အစိုးရတပ်က ရွှေ့ခိုင်း

RCSS/SSA တောင်ပိုင်းအဖွဲ့က စခန်း ၂ခုကို ဒီနေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ အစိုးရတပ်က အကြောင်းကြားထားပြီး  ဒါဟာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့  SSA တောင်ပိုင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ တပ်စခန်းချရာ ဟိုမန်းမြို့နယ်နဲ့ မိုင်းထားမြို့နယ်အတွင်းရှိ  စခန်းနှစ်ခုကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒေသခံစစ်တိုင်းဗျူဟာမှူးတွေက ရွှေ့ခိုင်းတာဖြစ်တယ်လို့ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက RFA ကို ပြောပါတယ်။
"သူတို့က အဲဒီမှာရှိနေတဲ့ ကျနော်တို့တပ်ကို အကြောင်းကြားလာတာပါ၊ အခုနေထိုင်နေတဲ့ တောင်ကုန်း ၂ခုပေါ့ဗျာ၊ တခုကတော့ ဟိုမိန်းမြို့နယ်ခွဲထဲမှာရှိတယ်၊ နောက်တောင်ကုန်းတခုကတော့ မိန်းထား(မိုင်းထား)မြို့နယ်ခွဲထဲမှာ ရှိတယ်။ ဒီလကုန်နောက်ဆုံးထားပြီးတော့ ရွှေပေးပါလို့ အကြောင်းကြားလာပါတယ်၊ ဟိုမိန်းဗျူဟာမှူးကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ နောက်ပြီးတော့ မိန်းတော မိန်းထားမှာရှိနေတဲ့ တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ သူတို့ပြောတဲ့အတိုင်း မဖယ်ပါဘူး၊ ကျနော်တို့ အရင်တုန်းကလဲ သွားသွားလာလာ နေထိုင်နေတဲ့နေရာဖြစ်ပါတယ်၊ ဒီနေရာဖယ်ပေးလိုက်ရင် နောက်ထပ်တနေရာ ဖယ်ခိုင်းအုံးမှာပဲ"
ဟိုမိန်းမြို့နယ်ခွဲအတွင်း  လွယ်လန်းတောင်ကုန်းရှိ စခန်းတခုနဲ့ မိုင်းထာမြို့နယ်ခွဲအတွင်း လွယ်မွတ် နမ့်လန်တောင်ကြောရှိ တပ်စခန်းတွေကို ဒီလ ၂၄ ရက်နေ့မှာ စာနဲ့အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ့တပ်စခန်းတွေဖယ်ခိုင်းတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးအရ ဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကတမျိုး၊ စစ်တပ်ကတမျိုး  လုပ်ဆောင်တာနေတာ တွေ့နေရပြီး  SSA တောင်ပိုင်းအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆက်ဆံရတာ အခက်အခဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။
ဒါ့အပြင် အခုလို  တပ်စခန်းတွေ ရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး သူက
"ကျနော်တို့ သဘောတူညီချက်ထဲမှာ တောထဲမှာရောက်တဲ့နေရာမှာ ရပ်နေမယ်၊ အဲဒီနေရာမှာပဲ နေထိုင်ကြမယ်၊ မြို့ထဲမှာ ကားလမ်းပေါ်မှာ ကျေးရွာတွေမှာ ကျနော်တို့သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားသွားလာလာလုပ်ပါ၊ လှုပ်ရှားလာတော့မယ်ဆိုရင် ကျနော်တို့ကို အသိပေးပြီးလုပ်ပါ၊  ကျနော်တို့ဖယ်ရှားဖို့ လိုအပ်ရင် ဖယ်ရှားပေးမယ်၊ ဒီလိုကျနော်တို့ သဘောတူညီချက်ရထားတာပဲ၊  အခုတော့ ဟိုရွှေ့ခိုင်း ဒီရွှေ့ခို်င်းလုပ်လာတော့ မလိုအပ်တဲ့ ပြဿနာပေါ်လာပါတယ်၊ ကျနော်တို့အတွင်းမှာလဲ တပ်တွေကလဲ သိပ်ပြီးတော့ မကျေနပ်တော့ပါဘူး၊ ဘာဖြစ်လို့ တပ်တွေကို ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်နေလဲဆိုတာ သူတို့သဘောမပေါက်ကြတော့ပါဘူး"
အစိုးရတပ်က SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့က စခန်းတွေကို ဆုတ်ခိုင်းတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ကိုတော့  အလားတူစခန်းတွေကို ဖယ်ခိုင်းခဲ့တဲ့အတွက် စခန်းသုံးလေးခုလောက် ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

February 14, 2013

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

လွှတ်တော်တွင်းဝင်ရောက်ပြီး အစိုးရနှင့် လက်တွဲလုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ကြောင်း ရှမ်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လွိုင်တိုင်းလျန်း ဌာနချုပ်၌ ဧရာဝတီ နှင့် မကြာ သေးခင်က သီးသန့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီ တံခါးကို ဖွင့်ပေးခဲ့သူဖြစ်ကြောင်း ထို့အတူ သူ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ပြုလုပ်ခဲ့သော “ပင်လုံ စာချုပ်” သဘောတူညီချက်အတိုင်း ပြုစုပျိုးထောင်ပြီး လုပ်ဆောင်သွားမည် ဆိုသည့် အချက်အပေါ်လည်း RCSS/SSA အနေဖြင့် ယုံကြည်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က သွားရောက်သည့် ၆၆ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ခရီးစဉ်၌ တွေ့ဆုံရာတွင် သူက ပြောဆိုခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အနေနဲ့လည်း ယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်ထောင်စုထဲမှာ ဒီမိုကရေစီကို လမ်းစ တံခါးလာဖွင့်ပေးတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကြေညာ ထားတာတော့ ရှိတာပေါ့နော်၊ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလုပ်သွားတဲ့ ပင်လုံစာချုပ် သဘောတူညီချက်အတိုင်း သူပြန်လာပြီးတော့ ပြုစု ပျိုးထောင်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့ အချက်ကိုလည်း ကျနော်တို့အနေဲ့ ယုံကြည်ထားပါတယ်”ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဒုတိယ ပင်လုံညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက် လာရေးအတွက် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်များကဲ့သို့ပင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင် အများစုကလည်း ကြိုးပမ်းမှုများ ရှိနေသကဲ့သို့ မျှော်လင့်မှု များလည်းရှိနေ ကြသည်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က လက်ရှိအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများသည် တံခါးဖွင့်သည့် အဆင့်၌ သာ ရှိပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ အပစ်အခတ်ရပ်စဲမှု လုပ်ဆောင်နိုင်သည့် အစိုးရ ဖြစ်သော်လည်း ယခု အချိန်အထိ လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများကို သေသေချာချာ တွေ့မြင်ရခြင်း မရှိသေးကြောင်း ပြောသည်။
ထို့အတူ လက်ရှိ အစိုးရစစ်တပ်သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော် မဟုတ်တော့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် အတိတ်ကာလတွင် ပြိုကွဲပျက်စီး သွားခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။
“ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းလိုက်ကတည်းက ဒီတပ်တွေ အကုန်လုံး ပျက်သွားပြီ၊ အဲဒီနောက်ပိုင်း တပ်မတော် ဆိုတာက ဗိုလ်ချုပ်အောင််ဆန်း တည်ထောင်လာခဲ့တဲ့ တပ်မတော် မဟုတ် တော့ဘူး၊ ဒီလို ကျနော်တို့ ယုံကြည်ထားတယ်” ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
RCSS/SSA နှင့် အစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသော်လည်း အစိုးရ စစ်တပ်ဘက်က ချိုးဖောက်မှုတွေရှိနေပြီး သဘောတူညီမှုရရှိပြီးနောက် နှစ်ဘက် တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင် ရပ်တည်ကာ ပြဿနာများကို ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
RCSS/SSA အနေဖြင့် နိုင်ငံရေး ပါတီတရပ်အသွင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရန်ရှိမရှိ သတင်းထောက်များက မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ စနစ်ကိုလက်ခံကြောင်း ရွေးကောက်ပွဲဝင်ရောက်ရေး အခြေအနေမှာ အစိုးရနှင့် ဆက်လက် ဆွေးနွေး ရမည့် ဆွေးနွေးပွဲ ရလဒ်များအပေါ်တွင်မူတည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှင်းပြသည်။

http://burma.irrawaddy.org/archives/33901

January 4, 2013

RCSS/SSA နှင့် UWSA တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ မူးယစ် ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစီမံကိန်းအတွက် ဒုတိယအကြိမ်တွေ့ ဆုံကြသည်။

အောက်ပါဓါတ်ပုံများမှာ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထံမှ ရရှိပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ၂၀၁၂ ခု စက်တင်ဘာလ ၁၆ ရက်က ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။ ဒုတိယအကြိမ်တွေ့ဆုံပွဲကိုမူ ၂၀၁၂ ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
bwd  Set 1/5  fwd
သျှမ်းပြည်တပ်မတော် RCSS/SSA  ကိုယ်စားလှယ်များအားမိုင်းတုံမြို့နယ် ဟွေ့အော့ဌာနချုပ်မှ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က ကြိုဆိုကြစဉ် (၂၈ ဒီဇင်ဘာ ၂၀၁၂)
UWSA နှင့် RCSS/SSA ဆွေးနွေးပွဲ
အစည်းအဝေး နာယက Li Wen

December 20, 2012

အစိုးရ မူးယစ် တိုက်ဖျက်ရေး အဖွဲ့များ၊ RCSS နယ်မြေထဲ ၀င်ခွင့် မပြု


Shan 0009ကုလ သမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် သဘောတူထားသည့် ပူးတွဲ အစီစဉ်ကို ဆန့်ကျင်ပြီး အစိုးရသည် ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းဆတ်မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ရှမ်းပြည် ပြန်လည်ထူးထောင်ရေး ကောင်စီ RCSS/SSA ကို ပါဝင်ခွင့် မပြု ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှုုးစိုင်းလောင်ဆိုင်က ပြောပါသည်။
“အစိုးရဖက်က ဘာကြောင့် လက်တွဲပြီး မဆောင်ရွက်နိုင်တာလဲ ဆိုတာကိုတော့ နားမလည်ဘူးဗျ။ အဲဒါကြောင့်ဘဲ ကျနော် တို့ ထိန်းချုပ်နယ်မြေထဲကို ကျနော်တို့နဲ့ မညှိနှိုုင်းဘဲနဲ့ ဝင်လာရင်တော့ တားရမှာဘဲ။ ကျနော်တို့ဘက်မှာလဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ရှိနေပြီးသားပါ။ ပူးပေါင်းသင့်ပါတယ်။ တကယ်တော့လည်း သူတို့ဖက်က တိုက်ဖျက်လာတာကိုက ကြိုဆိုစရာပါ။ သူတို့ဖက်က မူးယစ်ဆေးဝါး တိုက်ဖျက်နေတာလဲ နှစ်ပေါင်းက မနည်းတော့ဘူးလေး။” ဟု ဆိုပါသည်။
ရှမ်းပြည် အရှေ့တောင်ပိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က တာချီလိတ်မြို၌ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး UNODC ၊ RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ နှင့် အစိုးရ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ကြပါသည်။ ဤအထဲ မူးယစ်ဆေးဝါး အစားထိုး ဖွံဖြိုးရေးနှင့် တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာပါ ဆွေးနွေးခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးတွဲဆောင်ရွက်ကြရန် သဘောတူညီချက်များ ရရှိခဲ့ပါသည်။ သို့ သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်သည့် နေရာတွင် လုံခြုံရေးအတွက် ပူးပေါင်းတာဝန်ယူသွားရန် ဆိုသည့် အချက်အ ပေါ် အစိုးရဘက်က လက်မခံနိုင်သဖြင့် ယနေ့တိုင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆိုပါသည်။
snan
       ဓါတ်ပုံ (ရှမ်းသံတော်ဆင့် သတင်းဌာန)

ဤသဘောထားကြောင့် အစိုးရသည် မိမိတို့၏အစီစဉ်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့ ရှမ်းပြည်နယ် အရှေ့ တောင်ပိုင်း မိုင်းဆတ်ခရိုင်တွငခရိုင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် ၄င်းတို့၏ လုံခြုံရေးအစီစဉ်ဖြင့် မူးယစ်ဆေးဝါးများကို လိုက်လံဖျက် ဆီးနေပါသည်။ ဤသို့ကြောင့် အစိုးရ၏မူးရစ်ဆေးတိုက်ဖျက်ရေးအဖွဲ့များ RCSS နယ်မြေထဲသို့ ၀င်ခွင့်ပိတ်လိုက်ခြင်းဖြစ် ပါ သည်။
ဤကဲ့သို့ ညှိနှိုုင်းမှုများမရှိသောကြောင့် ပူးပေါင်းတိုက်ဖျက်ရေး အစီအစဉ်များ ကြန့်ကြားနေရခြင်းဖြစ်ပါသည်။ အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အကြောင်းပြပြီး RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အင်အားဖြင့် ဝင်လာပါက မ လွှဲမသွေ ပိပက္ခများ ဖြစ်လာဖွယ် ရှိသည်ဟုဆိုပါသည်။
RCSS ၏ မူးစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများကို အကြောင်းပြုပြီး ထိုင်းမူးစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည်၊ ပြီး ခဲ့သည့် ဇွန်လ (၂၃) ရက်နေ့တွင် RCSS အား ရွှေလင်းယုန် (Gold Eagle Award) ဆု နှင့် ဂုဏ်ပြုလွှာကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ နွန်ထဘူရီခရိုင်တွင် ကျင်းပသည့် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြုင့်ခဲ့ပါ သည်။

http://www.phophtaw.org/burmese/index.php/news/local-news/2541--rcss-.html

December 18, 2012

လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
SYS at KT
RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်

အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အပစ်ရပ်ခြင်းတနှစ်တာကာလအတွင်းမှ  ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက   မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက်တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင် ထားနေရကြောင်းဖော်ပြထားသည်။ 

အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။    

အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည်ကံကြမ္မာကို  သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင်တိုက်ခိုက်သည့်လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားပါသည်။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က အပစ်ရပ်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမတကြီးဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးမှုအကောင်အထည်ဖော်နိုင်ခဲ့သည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3743--rcssssa-.html

December 13, 2012

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/SSA ပြော

မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/SSA က ပြောကြားလိုက်သည်။
Paung Khur
ကျိုင်းတုံ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၌ တွေ့ရသည့် ဗိုလ်မှူးချုပ် ပေါင်ခေး (Photo : Kawli Media)

“သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးရင် ဦးအောင်မင်း ကို လည်း ဖမ်းရမယ်။ ဦးအောင်မင်းကလည်း သူပုန်နဲ့ဆက်သွယ်တယ်ပေါ့” - ဟု ကျိုင်းတုံ သျှမ်းနှစ်သစ် ကူးပွဲ တက်ရောက်သူတစ်ဦးက ပြောပါသည်။

တပ်မတော်၏ အခန်းမှာ တိုင်းပြည်နှင့် လူထုကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ လူထုက ညှင်းပန်း နှိပ်စက်ခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်း ရှိပါက RCSS/SSA ၏ ဆက်ဆံရေးရုံးသို့မဟုတ် ပြန်ကြားရေးရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ လူထု၏ ကြုံတွေ့နေရသည့် ပြဿနာများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဖေါ်အောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး က ပြောဆိုခဲ့သည်ဟု ဆို၏။

ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးအောင်မင်း ကိုယ်တိုင်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ခွန်ထွန်းဦး အား “ခွန်ထွန်းဦး သူပုန်နှင့်ဆက်သွယ်၍ အဖမ်းခံရလျှင် ကိုယ်တိုင်လာ ရောက် အာမခံ လွှတ်ပေးမည်။ မလွှတ်ပေးနိုင်ပါက ကိုယ်တိုင် ခွန်ထွန်းဦးနှင့်အတူ အကျဉ်းကျခံမည်” ဟု ဂျူလိုင် ၂၂ ရက်နေ့က ပြောခဲ့သည်။

“ကိုယ်စားလှယ်ရုံးထားရှိရာမြို့တွေ မှာ RCSS/SSA ပြန်ကြားရေးရုံးတွေလဲ ဆက်တိုက်ဖွင့်သွားမယ်လို့ ပြောတယ်။ လူထုရဲ့ မကျေနပ်ချက်တွေကို တိုင်ြကားဖို့လို့ပြောတာဘဲ။ ဘယ်အဆင့်အထိ လုပ်ပေး နိုင်မလဲဆိုတာတော့ စောင့်ြကည့်ရမှာပေါ့” - ဟု ကျိုင်းတုံပွဲတော်ရောက် ချင်းမိုင်မှ စိုင်းဆိုင် က ပြောပါသည်။

လူထုအနေဖြင့် မေလ ၁၉ ရက်နေ့ သဘောတူညီချက်အရ RCSS/SSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရထားသော်လည်း ယခုတိုင် ပုဒ်မ ၁၇/၁ ကြောင့် စိတ်ပူမှုရှိနေကြကြောင်း သတင်းအရင်းအမြစ်များက ဆိုပါသည်။

ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ တိုင်းရင်းသားစာပေဆိုင်ရာ ဟောပြောပွဲကျင်းပ ရာ အားဂျန်နန်သန်းက ကျိုင်းတုံမြို့သမိုင်းကြောင်း၊ ဆရာစိုင်းအောင်ထွန်းက သျှမ်းလူမျိုးများ၏ သမိုင်းကြောင်း၊ စိုင်းဆမ်တစ် ခေမရဌ်က သျှမ်းလူမျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ခံယူမှုအကြောင်း၊ ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းအမျိုးသားရေးအကြောင်း၊ စိုင်းပင်ခမ်းက သျှမ်းနှစ်သစ်ကူးအကြောင်းကို ဟောပြောခဲ့ကြသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3730------rcssssa-.html

December 7, 2012

ငြိမ်းချမ်းရေးကိစ္စ RCSS ကိုယ်စားလှယ်အဖွဲ့ မူစယ်မြို့ခံများနှင့် တွေ့မည်

အစိုးရနှင့် လက်မှတ်ထိုးထားသော ငြိမ်းချမ်းရေးအပေါ် သျှမ်းလူထု၏ သဘောထား သိရှိနိုင်ရန် သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)  ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ သျှမ်းပါတီများ ၊ ရပ်မိရပ်ဖ များနှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည် ။
Baung Khur
အောက်တိုဘာလ တာချီလိတ်တွေ့ဆုံပွဲက တွေ့ရသော ဗိုလ်မှူးချုပ်ပေါင်ခေး

အဆိုပါကိစ္စ တွေ့ဆုံဆွေးနွေးရန် မူစယ်မြို့ပေါ်ရှိ သျှမ်းနိုင်ငံရေးပါတီများ ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရပ်မိ ရပ်ဖများအား RCSS ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးဦးဆောင်သည့် အဖွဲ့မှ ဖိတ်ကြားထား ကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီကနေ့ကျနော်တို့ ယဉ်ကျေးမှုရုံးမှာပဲ စဝ်ပေါင်ခေးဦးဆောင်တဲ့ အဖွဲ့က တွေ့ဆုံပွဲလုပ်မယ်။ ရပ်မိရပ်ဖတွေပါမယ် ။ သျှမ်းပါတီ နှစ်ခုပါမယ်။ ယဉ်ကျေးမှုအဖွဲ့ကပါမယ်။ နောက်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို လည်းဖိတ်ထားတယ် ။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရသေးတယ် ”  အဆိုပါ တာဝန်ရှိသူက ပြောသည် ။

ငြိမ်းချမ်းရေးကိစ္စ RCSS / SSA နှင့် အစိုးရတို့ နှစ်ဘက် လက်မှတ်ထိုးအပြီး RCSSမှ သျှမ်းပြည်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ရရန် အစိုးရထံ တင်ပြထားရာ ယခုအခါ  သျှမ်းလူထုနှင့်တွေ့ဆုံခွင့် ရရှိ၍ ၄င်းကိုယ်စားလှယ်အဖွဲ့ သျှမ်းပြည် (မြောက်ပိုင်း)သို့ ထွက်ခွာလာခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်တိုင်းတွင် သျှမ်းလူထုနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည် ။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3715--rcss---.html

December 6, 2012

ထိုင်းဘုရင့်မွေးနေ့ဂုဏ်ပြုပွဲ၌ သျှမ်းအလုပ်သမားများအတွက် RCSS/SSA ခေါင်းဆောင်မိန့်ခွန်းပြော

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၏ သက်တော် ၈၅ နှစ်ပြည့်မွေးနေ့ပွဲအား ထိုင်းနိုင်ငံရှိမြို့နယ်တိုင်း အုပ်စုတိုင်းတွင်ကျင်းပရာ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားသျှမ်းများလည်း မိမိနီးစပ်ရာ၌ကျင်းပသော ပွဲတော်သို့ ပါဝင်  ဂါရ၀ပြုကြကြောင်း စုံစမ်း သိရှိရသည်။
shan cm 1
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ ဘုရင့်မွေးနေ့ဆုတောင်းပွဲနှင့်အတူ သျှမ်းနှစ်သစ်ကူးကျင်းပ

သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမား အများဆုံးနေထိုင်သော ထိုင်းနိုင်ငံချင်းမိုင်မြို့၌လည်း ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့နှင့်အတူ ၂၁၀၇ သျှမ်းနှစ်သစ်ကူးအကြိုပွဲပါ ပူးတွဲကျင်းပကြောင်း၊ ထိုပွဲ၌ ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများအတွက် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က တက်ရောက် မိန့်ခွန်းပြောကြားကြောင်း တက်ရောက်သူများကပြောပါသည်။

“ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်း ဘုရင်ကြီးအသက်ရှည်စေဖို့ ဇာတာဆက်ပွဲလုပ်တယ်။ ဘုန်းတော်ကြီး ၉ ပါးက မင်္ဂလာတရား ဟောပြီး ဆုတောင်းပေးတယ် အဲဒီကျောင်းမှာ။ ထိုင်းနိုင်ငံသားတွေနဲ့အတူ သျှမ်းပြည်အလုပ်သမား ၁၀၀ ကျော် ပူးပေါင်း ပါဝင်တယ်။ ညပိုင်းပျော်ပွဲရွှင်ပွဲမှာတော့ ပရိသတ် ၁ သောင်းထက်မနည်းဘူး။ RCSS/SSA ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ကဏ်း ဂျစ်နဲ့ ဥက္ကဌကြီး စဝ်ယွက်စစ်က တက်ရောက်မိန့်ခွန်းပြောတယ်” ဟု ပွဲတက်ရောက် သတင်းယူသည့် သျှမ်းသံတော်ဆင့် သတင်း ထောက် စိုင်းဖောန်းလီက ပြောသည်။

ဥက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က - မွေးရပ်မြေစွန့်ခွါကာ တခြားတိုင်းတပါး၌ ခိုလှုံရောက်ရှိနေကြသော သျှမ်းပြည် သားတို့အချင်းချင်း သစ္စာရှိကြရန်၊ သတိ၊ ဝိရိယ ထားရှိကြရန်သတိပေးပြောဆိုလိုက်သည်ဟု စိုင်းဖောန်းလီက ပြန်လည် ပြောပြသည်။
shan cm 2
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့တွင်တွေ့ရသော RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

“ သစ္စာ၊ သတိ၊ ဝိရိယ ကင်းမဲ့တဲ့သူဟာ တိုးတက်ဖို့လမ်းမရှိဘူး လို့ပြောတယ်။ နောက်တခုက အချင်းချင်းကြားမှာ တရားမ ဝင်ကိုယ်ပိုင်ကဒ်ပြားလို့ဖို့ မဖြားယောင်းကြဖို့၊ ထိုင်းအစိုးရမှ တရားဝင်ပြန်ပြီး ဌာနဆိုင်ရာတွေ၊ နှစ်နိုင်ငံသဘောတူညီမှုမှ လုပ်ပေးတဲ့ ကဒ်ပြားတွေသာလုပ်ဖို့ တွန်းအားပေးသင့်တယ်။ သဘောကတော့ သူများချွေးနဲစာကို တန်ဖိုးထားတတ်ဖို့ပေါ့။ အရေးကြီးတာက ကိုယ့်ရွာကိုယ့် ဒေသကလူတွေကို ထိုင်းကိုထပ်ပြီး မခေါ်လာဖို့ပေါ့။ လူကုန်ကူးမှုမပြုဖို့။ ခုတလာသျှမ်းပြည် က မိန်းခလေးတွေ မလေးရှား အထိသွားပြီး မကောင်းတဲ့လုပ်ငန်းတွေပါ လမ်းမှားပြီးသွားလုပ်နေတယ်ဆိုတာ ဆက်တိုက် ကြားနေရတယ်လို့ပြောသွားတယ်” ဟု ဆိုပါသည်။
at BKK
ဘန်ကောက်မြို့၌ကျင်းပသောပွဲတွင်လည်း သျှမ်းလူမျိုးများ ပူးပေါင်းဂါရ၀ပြု

အလားတူ ချင်းမိုင်မြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ တော်ဝင်ပန်းခြံ Royal Flora Ratchaphruek တွင်လည်း ထိုင်းနိုင်ငံ အစိုးရက မွေးနေ့ဆုတောင်းပွဲကျင်းပရာ သျှမ်းဝတ်စုံဖြင့်တက်ရောက်ဆုတောင်းခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ အများအပြား တွေ့ရကြောင်း၊ ဘန်ကောက်မြို့ အနန္ဒဆမားခုံး(မ်း) နန်းတော် ရင်ပြင်၌ ကျင်းပသည့် အခန်းအနား၌လည်း သျှမ်းလူမျိုး ၅၀၀ ကျော်က သျှမ်းဝတ်စုံဖြင့်တက်ရောက်ကြကြောင်း သိရပါသည်။
http://www.burmese.panglong.org/news/101-2008-08-13-15-01-23/3710---rcssssa-.html

November 27, 2012

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၏မိန့်ခွန်း

ရက်စွဲ ၂၀၁၂ခုနှစ် နို၀င်ဘာလ (၂၅)ရက်

လေးစားအပ်ပါသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံသို့ တက်ရောက် အားပေးချီးမြင့်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးစိုးသိန်းနှင့် တာဝန် ရှိလူကြီးမင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါသည်ခင်္ဗျား။
Sao Baung Khur
RCSS/SSA ၏မိန့်ခွန်းကိုဖတ်ကြားနေသော ဗိုလ်မှူးချုပ်ပေါင်ခေး

မူလက ကျနု်ပ်ကိုယ်တိုင် ဤညီလာခံကြီးကို တက်ရောက်မည်ဟု ရည်မှန်းထားသော်လည်း ကျနု်ပ်၏ ကျန်းမာရေးအခြေ အနေကြောင့် မတက်ရောက်နိုင်ခဲ့သည်ကို ခွင့်လွှတ်ပေးစေလိုပါ သည်။

ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ပြည်ထောင်စု ပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မိမိတို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ အမြင်သဘော ထားများကို အချက် (၆) ချက်ဖြင့် တင်ပြလိုပါသည်။

၁။ ပြည်ထောင်စုကြီးကို (၈) ပြည်နယ်သို့မဟုတ် ပြည်နယ်နှင့်တိုင်း (၁၄)ခုပါ ပြည်ထောင်စုစစ်စစ်ဖြင့် တည်ဆောက်ပါက တိုင်းရင်းသားများအားလုံး လက်ခံမည်ဖြစ်ပါသည်။ မိမိတို့  RCSS  သည်လည်း ဖက်ဒရယ်မူကို လက်ခံပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ်များကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီနည်းကျသော လွတ်လပ်ခွင့်များအား ပေးအပ်ရပါမည်။ ပြည် နယ်နှင့်တိုင်းများ၏ ၀န်ကြီးချုပ် များကို ဗဟိုအစိုးရမှ ခန့်အပ်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူလူထုမှ တိုက်ရိုက်ရွေးကောက် တင် မြှောက်ရပါမည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွင်လည်း အာဏာများကို တိတိကျကျ ခွဲခြားပြဌာန်း ပေး ရပါမည်။ ပြည်နယ်နှင့်တိုင်းအစိုးရများမှ ဗဟိုအစိုးရ၏အာဏာများကို သတ်မှတ်ပေးရပါမည်၊ အာဏာမည်မျှပေးမည်ကို ပြည်သူများက အဆုံးအဖြတ်ပေးရပါမည်။ နိုင်ငံ တော်သမ္မတကိုလည်း ပြည်သူများမှ တိုက်ရိုက်ရွေးကောက် တင်မြှောက် ရပါမည်။

၂။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များကို အခွင့် အရေးများ ပေးသင့်ပါသည်။ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် အခြေခံဥပဒေပြင်ဆင်ရေးကို လမ်းပိတ်မထားသင့်ပါ။ အားလုံး လက်ခံနိုင်သည့် အခြေခံဥပဒေဖြစ်မှသာ ဒီမိုကရေစီနိုင်ငံအသွင် ပေါ်မည်ဖြစ်ပါသည်။ အတင်းအကြပ် ဒီမိုကရေစီကို မလို လားပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရာ၌ လက်နက်ကိုင်တိုင်းရင်းသား အစုအဖွဲ့များအား ပါလီမန်ပြင်ပတွင် လွတ် လပ်စွာပြင်ဆင်ခွင့် ပေးရန် လိုအပ်ပါသည်။

၃။ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို သက်ဆိုင်ရာပြည်နယ်အလိုက် လုံခြုံရေးတပ်ဖွဲ့အဖြစ်ထားရှိ ရမည်ဖြစ်ပါသည်။ နိုင်ငံခြားမှ တိုက်ခိုက်လာပါက စုပေါင်းကာကွယ်နိုင်ရေးအတွက် တိုင်းရင်းသား တပ်များအား ပြည်ထောင်စုတပ်မတော်တွင် ပါ၀င်ခွင့်ပေးရပါမည်။ လက်ရှိတပ်မတော်ကို အားလုံး လက်ခံနိုင်သည့် တပ်မတော်ဖြစ်အောင် ပြုပြင်ရပါမည်။ တပ်မတော် သည် နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ၀င်မစွက်ဖက်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံတော်တည်တံ့ခိုင်မြဲ ရေးကိုသာ ဆောင်ရွက်ရပါမည်။

၄။ သဘာဝအရင်းအမြစ်ဖြစ်သည့် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအစိုးရများအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်၊ ကုန်သွယ်ပိုင်ခွင့်နှင့် အကျိုးခံစားခွင့် အပြည့်အဝရှိစေရမည်။ ပြည်နယ် နှင့်တိုင်းများမှ အခွန်အကောက် များအပေါ်တွင် ပြည်ထောင်စုအစိုးရရံပုံငွေသို့ အချိုးကျ ညှိနှိုင်း၍ ထည့်ဝင်ရမည်။

၅။ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များနှင့် ပိုင်ဆိုင်မှုများကို ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက် ပေးရပါမည်။

၆။ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပပေးရပါမည်။ နိုင်ငံရေးဆွေးနွေးရာတွင် လုံခြုံမှု၊ လွတ်လပ်စွာ ပြောဆိုမှု၊ တန်း တူမှု၊ တဦးအပေါ်တဦးယုံကြည်စိတ်ချမှုနှင့် အသိအမှတ်ပြုမှု စသည့်အချက်များ ရှိရပါမည်။ အထင်အမြင်မှားခြင်း၊ အထက် စီးယူခြင်းများကို ရှောင်ကြဉ်ရပါမည်။ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်သည်အထိ နှစ်ဦးနှစ်ဘက် အပစ်အခတ် ရပ်စဲထားရ ပါမည်။ တိုက်ပွဲများ ဖြစ်ပွါးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။

နိဂုံးချုပ်အနေနှင့် စိတ်သဘောထားကျယ်ပြန့်လှသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ညီလာခံသို့ တက်ရောက် လာကြသည့် လူကြီးမင်းများအားလုံးကို ကျေးဇူးဥပကာရ အထူးတင်အပ်ပါသည်။ အားလုံးတွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော် ဖွံ့ဖြိုးစည်ပင်ဝပြောတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင် ရွက်နိုင်ပါစေဟု ဆုမွန်တောင်းအပ်ပါသည်။

ချစ်ကြည်လေးစားစွာဖြင့်
ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်
ဥက္ကဌ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

သျှမ်းတို့၏ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲ အလားအလာကောင်း

ရန်ကုန်၌ကျင်းပနေဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် အားရကျေနပ်ဖွယ် ရှိကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ စိုင်းမောင်တင်က ပြောပါ သည်။
with NCT
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဓါတ်ပုံရိုက်ကြစဉ်

“အားရကျေနပ်ဖွယ်ကောင်းပါတယ်။ ကျနော်တို့ မနေ့က ဆွေးနွေးပွဲမှာဆိုရင် အင်အား ၂၀၀ ကျော်ရှိတယ်။ ကျားဖြူပါတီ ကဘဲ ၃၀ ကျော်နေပြီလေ။ အကူရော တက်ရောက်နားထောင်သူရောပေါ့နော်။ ကျနော့် တသက်မှာ ဒီလိုဆွေးနွေးမှုမျိုး ဒီတခါဘဲတွေ့ဖူးတယ်။ တကယ်ကိုအားရကျေနပ်ဖွယ်ကောင်းပါတယ်။ သျှမ်း တိုင်းရင်းသား အ ချင်းချင်း ကြား ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်း သားတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှာ မဟုတ်ဘူးလေ။ ” ဟု ကျားဖြူပါတီ၏ လက်ထောက်အတွင်းရေးမှူး စိုင်းမောင်တင်က ပြောပါသည်။

ယမန်နေ့ကစတင်သော ဆွေးနွေးပွဲသို့  NDAA/ RCSS-SSA/ SSPP-SSA/ TNDP/SNDP/SNLD မှ ကိုယ်စားလှယ်များက အဖွဲ့မှပို့ပေးသော စာတမ်းများအသီးသီးဖတ်ပြီး ဥရောပ မြန်မာရုံးမှဒါရိုက်တာ စဝ်ဟန်ယောင်ဟွေ့၊ သျှမ်းစာပေ ဘာသာ ဗေဒ ပညာရှင် ဒေါက်တာစိုင်းဆန်ဖေတို့လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည်များကို ပြောကြားခဲ့ကြောင်း၊ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နှင့် ဦးစိုးသိမ်း တို့ မှမိန့်ခွန်းပြောကြားခဲ့ကြကြောင်း အစည်းအဝေး တက် ရောက်သည့် ကျားဖြူပါတီအသိုင်း အဝိုင်းက ဆိုပါသည်။

“ ညနေပိုင်းမှာ အုပ်စုလေးတွေခွဲပြီး ဝေါ့ခ်ရှော့ပ်လုပ်ကြတယ်။ ဆန္ဒတွေကောက်ယူကြတယ်။ တက်ရောက်သူတွေရဲ့ ဆန္ဒတွေအာ အားလုံးနီးပါး ထပ်တူကျနေတာကိုတွေ့ရတော့ အားရ စရာကောင်းပါတယ်။ လှပတဲ့ သမိုင်းစာမျက်နှာသစ် လို့တောင်တင်စားချင်တယ်။ ဒီဆွေးနွေးပွဲမှာ ငြင်းကြခုံကြတာ မရှိဘူး။ သမိုင်းကတောင်း ဆိုလာတဲ့အတိုင်းဖြစ်လာပြီလို့ ကျနော်ပြောချင်ပါတယ်” ဟု ကျားဖြူပါတီ ဗဟိုကော်မတီဝင် စဝ်ဆိုင်မိန်းက ပြောပါသည်။  

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ Trust Building for Peace ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း’ ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ယခုလ ၂၆ ရက် (ယနေ့) မှ ၂၈ ရက်အထိ ၃ ရက် ကျင်းပနေခြင်းဖြစ်ပါသည်။

တက်ရောက်သူများမှာ သျှမ်းနိုင်ငံရေးပါတီတွေဖြစ်သော ကျားဖြူပါတီ SNDP ၊ ကျားခေါင်းပါတီ SNLD၊ သျှမ်းနီပါတီ TNDP ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် RCSS/SSA ၊ SSPP/SSA နှင့်မိုင်းလားတပ်ဖွဲ့တို့မှ အဆင့်မြင့်ခေါင်းဆောင် များ အပြင် မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား သား စဝ်ဟန်ယောင့်ဟွေ့၊ ရန်ကုန်သျှမ်းစာပေယဉ်ကျေး မှုကော်မတီမှ ဒေါက်တာစိုင်းဆန်အိုက်၊ မြန်မာ့သမိုင်းသုတေသန ဥက္ကဌ ဟောင်း ဆရာစိုင်းအောင်ထွန်း၊ နိုင်ငံကျော် တေးရေး ဆရာ ဒေါက်တာစိုင်းခမ်းလိတ် ၊ သျှမ်းအမျိုးသမီးအဖွဲ့ မှ နန်းချမ်တောင်း တို့အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀၀  ကျော် တက်ရောက်သည်ဟု သိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3685-2012-11-27-10-57-43.html

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မလိုက်နာလျှင် ငြိမ်းချမ်းရေး ပျက်နိုင်

ရှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓာတ်ပုံ တွဲရိုက်ကြစဉ် (ဓာတ်ပုံ – မေငယ်)

အစိုးရ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကို လိုက်နာခြင်းမရှိပါက ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင် သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) က ယမန်နေ့တွင် ပြောဆိုလိုက်သည်။
အစိုးရနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်မှာ တနှစ်ပြည့် နီးပါးရှိ ချိ န် အထိ တိုက်ပွဲပေါင်း ၅၀ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း RCSS/SSA ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီမှ ဦးစဝ်ပေါင်ခေး က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမ၌ နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အချိန်မှာ နှစ်ဘက်က အပြန်အလှန် သဘောတူညီမှုကို မလိုက်နာရင် မလိုလားအပ်တဲ့ နှစ် ဘက် တိုက်ပွဲတွေဖြစ်နိုင်တယ်။ ပြီးတော့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာလည်း အခက်အခဲကြုံတွေ့နိုင်တယ်။ ငြိမ်းချမ်းရေး ကိုလည်း ပျက်ပြယ်နိုင်တယ်”ဟု ဦးစဝ်ပေါင်ခေးက ပြောဆိုသည်။
ပြည်သူလူထုနှင့် အဖွဲ့အစည်းများအသီးသီး လွတ်လပ်စွာအကြံပြုဆွေးနွေးနိုင်မှသာလျှင် ဒီမိုကရေစီနည်းကျကာ ထာဝရ တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အဖြေများရရှိနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်လည်း ပိုမို အဓိပ္ပာယ် ရှိလိမ့်မည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသွားသည်။
ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း“ငြိမ်းချမ်းရေး လိုလားတဲ့ ရှမ်းပြည်သူတွေစုဝေးပြီး ကျင်း ပတဲ့ ပွဲဖြစ်သွားတဲ့အတွက် ၀မ်းသာပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ကြံုတွေ့နေရတဲ့ တိုင်းရင်းသားပြဿနာ အဓိကဖြစ်နေတယ်။ ပြဿနာတွေပြေလည်ဖို့ ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ တန်းတူညီမျှဖို့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့ လို အပ်တယ်။ အချင်းချင်း ယုံကြည်မှုရှိဖို့လည်း လိုအပ်တဲ့အတွက် ဒီအခမ်းအနားကိုပြုလုပ်ရတာပါ”ဟု ပြောကြားသည်။
ယခု ကျင်းပသည့် ညီလာခံမှ စ၍ ရှမ်းပြည်နယ် တခုလုံး ငြိမ်းချမ်းရေးရရှိစေရန် နှင့် ပြည်ထောင်စု တဝန်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆွေးနွေးတို်င်ပင်ကြရမည်ဟုလည်း ဆိုသည်။
ယင်း ညီလာခံသို့ တက်ရောက်လာသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း ကလည်း သမ္မတ ဦးသိန်းစိန် ပြောသည့်အတိုင်း အခြေခံမူဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မည် မဟုတ်ကြောင်း၊ ဒီမိုကရေစီမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောာင်နိုင်ကြောင်း ပြောကြားသွားသည်။
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအောက်မှာပဲဆွေးနွေး ယုံကြည်မှုကို တည်ဆောက်မယ်ဆိုရင် သံသယ မာန်မာန တွေချပြီး တော့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ရှမ်းတိုင်းရင်းသား အချင်းချင်းယုံကြည်မှု တည်ဆောက်နိုင်မှ ကျန်တိုင်းရင်းသားတွေလည်း တည် ဆောက် မယ်။ ပြီးတော့ ဒုတိယ အဆင့်ကိုတက်ရောက်နိုင်မယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNDP) တွဲဖက်အတွင်းရေးမှူး ဦးစိုင်မောင်တင် ကလည်း ပြောဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအကြား ယုံကြည်မှု တည်ဆောက်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ရှုထောင့်အမြင်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျန်းမာရေး၊ လူထုအခြေပြု အဖွဲ့များ၏ ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် ပါဝင်နိုင်မည့် နည်းလမ်းများ စသည်တို့ကို အဓိကထား ဆွေးနွေးသွားသည်။
ထို ညီလာခံသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်လာခြင်း မရှိကြောင်း၊ သမ္မတရုံးဝန်ကြီးများ ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီထားသည့် ရှမ်းလက်နက်ကိုင် ၄ ဖွဲ့၊ ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊
ရှမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းလူမှုအဖွဲ့အစည်း စုစုပေါင်း ၁၂ ဖွဲ့နှင့် ပြည်ပ ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက် လာကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် အစိုးရနှင့် SSA-S တို့ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး သဘောတူညီချက် ၁၂ ချက် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုအတွက် အစိုးရ စစ်တပ်မှ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက SSA-S သို့ တရားဝင် တောင်းပန်ခဲ့သည်။

http://burma.irrawaddy.org/archives/26560

November 24, 2012

သံလွင်အရှေ့ခြမ်း၌ တိုက်ပွဲထပ်ဖြစ် RCSS/SSA ဘက်မှတဦးကျ

သံလွင်အရှေ့ခြမ်း မိုင်းဆတ်ခရိုင်၌ သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် မြန်မာအစိုးရတပ် တို့ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွားရာ RCSS/SSA  ဘက်မှတဦးကျဆုံးကြောင်း ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးက ပြောပါသည်။

SSA-kengtung-front
ကျိုင်းတုံစစ်မျက်နှာမှ သျှမ်းပြည်တပ်မတော်RCSS/SSA စစ်ကြောင်း

“မိုင်းတူး(မ်း) ကျေးရွာအုပ်စု အရှေ့မြောက်ဘက် (တာချီလိတ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်) လွယ်ပန်မော့မှာဖြစ်တာ။ တိုက် ပွဲ က မွန်းတည့်လောက်ကနေ မွန်းလွဲ ၂ နာရီ ခွဲ လောက်အထိ  ။ အစိုးရဘက်တော့မသိဘူး။ ကျနော်တို့ ဘက်က တယောက်ကျတယ်။ တယောက်ဒဏ် ရာရ တယ်” - ကျိုင်းတုံစစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့် က ပြောပါသည်။

နိုဝင်ဘာ ၂၄ ရက် မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံ ခမရ ၅၅၃၊ ၅၅၄ မိုင်းတူး(မ်း) နှင့် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA  အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသတို့ တိုက်ပွဲသုံးနာရီခန့်
ဖြစ်ပွားကြောင်း၊ မိုင်းဆတ် - တာချီလိတ်လမ်းလည်း ယနေ့ သွားလာမှု ပိတ်ထားကြောင်း  တာချီလိတ်မှ မိုင်းတူး(မ်း) ကားဆရာတဦးကပြောပါသည်။

“ကျနော်တို့စစ်ကြောင်းကို ခမရ ၅၇၈ ၊ ၅၈၀ တို့က နောက်ယောင်ခံလိုက်နေတာ။ ကျနော်တို့က အပစ် ရပ်ထားတယ်ဆိုတော့ အပစ်အခတ်မဖြစ်ဖို့ အထူးရှောင်ရှားတဲ့ကြားထဲက ဗိုလ်မှူးကျော်ကျော်လင်း ဦးဆောင်တဲ့ ခမရ ၅၅၃၊ ဗိုလ်မှူး သန်းကျော်ဌေး ဦးဆောင်တဲ့ ခမရ ၅၅၄ ပူးပေါင်းတပ်ဖွဲ့နဲ့ ပက်ပင်း တိုး လို့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ရဲ့ လက်နက်ကြီး ၆၀ မမ က ကျနော်တို့ နောက်တန်းရုံးနားမှာ ကျကွဲလို့ပေါ့။ ရှေ့တန်းစစ်မျက်နှာက ဘာမှမဖြစ်ဘူး” - ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က ဆက်လက် ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA  ဘက်မှကျဆုံးသူမှာ ဒုဗိုလ်ကွန်ခမ်း၊ ဒဏ်ရာရှိသူမှာ ဗိုလ် စိုင်းစံ ဖြစ်ကြောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မည်သို့ တုန့်ပြန်မည်ကို ဌာနချုပ် (လွယ်တိုင်းလျဲန်း) နှင့် တိုင်ပင်နေကြောင်း ပြောပါသည်။

ဒီဇင်ဘာ ၂ ရက် ၂၀၁၁ ပဏာမ အဆင့် အပစ်ရပ်ရန် အစိုးရနှင့် သဘောတူညီမှုရပြီးနောက်ပိုင်း တိုက် ပွဲ ပေါင်း အကြိမ် ၃၀ ကျော်ဆက်လက်ဖြစ်ပွားနေရာ အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးနှင့် ရန်ရှာမှု ကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း RCSS/SSA  ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3678--rcssssa-.html

November 7, 2012

ငြိမ်းချမ်းရေးတနှစ်ပြည့် RCSS/SSA ဥက္ကဌအမြင်

အခုလ ၁၉ ရက်နေ့မှာ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့အစိုးရတပ်ဖွဲ့တို့ ဆွေးနွေးခဲ့ကြတာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။ တနှစ်တာကာလအတွင်းမှာ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးတည်ဆောက်ကြ တာ ဘယ်အတိုင်းအတာအထိရှိပြီလဲ။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သျှမ်းပြည်တပ်မတော်ဘက်က ဘယ်ခံယူချက်ကိုအဓိကကျတယ်လို့ မြင်ပါသလဲ။ အပြည့်အစုံသိရအောင် သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကို ရှဲန်ချိုဖှက ဆက်သွယ်မေးမြန်းထားပါတယ်။

SYS_at_KT
မေလ ကျိုင်းတုံကိုရောက်ရှိစဉ်ကတွေ့ရသော RCSS/SSA ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

မေး။    ။ ဟုတ်ကဲ့။ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးတာ ဒီလ ၁၉ ရက်ဆိုရင် ၁ နှစ်ပြည့်တော့မယ်။ ဒီ ၁ နှစ်တာကာလအတွင်းမှာ သျှမ်းပြည်တပ်မတော်ဘက်က  လက်တွေ့အကောင်အထည်ဖော်ခဲ့ရတာတွေကိုပြောပြပေးပါလား။

ဖြေ။    ။ ၁ နှစ်တာကာလအတွင်းမှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိ။ မြန်မာ စစ်တပ်ဘက်က  ကျနော်တို့တပ်စခန်းတွေကို တက်တိုက်နေလို့ပါဘဲ။ တနှစ်တာအတောအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ၃၂ ကြိမ်လုံးလုံး  ကျနော်တို့ဘက်က ခုခံတာဘဲ။ သူတို့ကျတော့ အထက်က တိုက်ခိုင်းလို့ တိုက်နေတာ ဖြစ်တယ်။ ကျနော်တို့က တိုက်ပွဲဖြစ်တဲ့အခါတိုင်း ဦးအောင်မင်း  ဆီစာရေး အကြောင်းကြားတယ်။ ထိရောက်အောင် တားဆီးပေးနိုင်စွမ်းမရှိဘူး။ နောက်တခု ကျနော်တို့ တပ်သား မိသားစုနေရာချထားရေးအတွက် မုံးတော့ မုံးထားပေးတယ်လို့သဘောတူညီချက်မှာပါပေမယ့် ခုထိဘာမှမဖြစ်လာသေးဘူး။ ကျနော်တို့ အဲဒီကိုနေရာပြောင်းရွှေ့ချဖို့ တပ်သားမိသားစု ၁၀၀၀ ပြင်ဆင် ထားတယ်။  နေရာချဖို့မပြောသေးနဲ့ ရှေ့ ပြေး ပြင်ဆင်ဖို့ တပ်သား ၆၀ ပို့ထားတာတောင်မှ ဘာမှ လှုပ်ရှားခွင့်မရှိသေးဘူး။ လှုပ်ရှားလို့ မရသေး ဘူး။ မြန်မာစစ်တပ်ဘက်က လိုက်ပြီး ခွင့်မပြုလို့ဘဲ။

မေး။    ။ တိုက်ပွဲပေါင်း ၃၀ စလုံးမှာ  မြန်မာအစိုးရဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖက်က စတိုက်တယ် လို့ပြောတယ်။

ဖြေ။    ။ အဲတာသူတို့ပြောတာဘဲလေ။ သက်သေက လူထုရှိတာဘဲ။  လူထုမြင်တယ်။ လူထုသိတယ်။ မိုင်းပန်မြို့ နောင်လေမှာ အပစ်ရပ်ပြီး ကတည်း က ကျနော်တို့ တပ်ဖွဲ့နေထိုင်လာတယ် ၈ လတာ ကာလ အတွင်း။ ဒါကိုမြန်မာစစ်တပ်က ၃ တပ်ရင်းနဲ့တက် တိုက်ဖို့အမိန့် ထုတ်တယ်။ မိုင်းစစ် လိုင်ခါး မှာ ၄၂၅၊  ၄၂၂ -  နှစ်ဖက်ညှပ်ပြီးတိုက်တယ်။ ဒါတွေအကုန်လုံးလူထု မြင် တယ်။ သူတို့အခုလို ပြော တာက ခေါင်းရှောင်ဖို့ဘဲလေ။   

မေး။    ။ သျှမ်းတပ်ဘက်က စတိုက်တာ ရှိခဲ့ဖူးလား။

ဖြေ။    ။ ကျနော်တို့ဘက်က စတိုက်ရင်တော့ သူတို့ ဒီထက်ပိုပြီး ကျမှာပေါ့ဗျ။ အခု ကျနော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ဘဲ။

မေး။    ။ နှစ်ဦးနှစ်ဘက်ကြားက ယုံကြည်မှုတည်ဆောက်ရမယ်ဆိုကြတဲ့အတိုင်း စဝ်ယွက်စစ်တို့ အနေနဲ့လဲ အစိုးရနဲ့ မကြာခဏ  ဆွေးနွေးခဲ့တယ်။ သို့ပေမယ့်လဲ တိုက်ပွဲတွေက ဆက်ဖြစ်နေ သေးတယ်။ ဒီတိုင်းဆက်သွားနေရင် ယုံကြည်မှုက တည်ဆောက်လို့ရနိုင်မယ်လို့ ထင်လား။

ဖြေ။    ။ အစိုးရအပေါ် စစ်တပ်အပေါ်မူတည်တယ်။   အစိုးရက ဘယ် လောက်ထိ ငြိမ်းချမ်းရေးလိုချင်လဲ၊ ယုံကြည်မှုဘယ်လောက်ထားရှိချင်လဲဆိုတာ သူတို့ပေါ်မှာမူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးအတွက် သူတို့ဘက်က စတင်ကမ်းလှမ်းတာဘဲလေ။

မေး။    ။ ဒီလိုဆိုရင် ယုံကြည်မှုရဖို့အတွက် ဘာတွေအဓိက ရှိဖို့လိုအပ်တယ်လို့ထင်ပါသလဲ။

ဖြေ။    ။ ၁-  တပ်မှူးတွေ အစိုးရနဲ့ နားလည်အောင်လုပ်ရမယ်။ အစိုးရနဲ့ တပ် တခြားစီ  မဖြစ်စေချင်ဘူး။
၂- စစ်တပ်နဲ့အစိုးရ ၂ ယောက်စလုံး ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စိတ်ပိုင်းဆိုင်ရာ ကုသပေးသင့်တယ်။ ခွင့်လွတ်နားလည်ပေးနိုင်တဲ့အထိပေါ့နော်။
၃- နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ အမြန်ဆုံးကျင်းပ သင့်တယ်။ ဒီ ၃ ချက်အဓိက ဘဲ။ ဒီဟာလုပ်နိုင်ရင် အစိုးရကို ယုံကြည်နိုင်ပြီလို့ ပြောလို့ရပါပြီ။

မေး။    ။ ဒီလိုဆိုရင် တိုင်းရင်းသားတွေအပေါ် အစိုးရက ယုံကြည်လာအောင် ဘာတွေလုပ်သင့်သလဲ။

ဖြေ။    ။ အစိုးရက အပေါ်စီးကနေ ကျနော်တို့ကို တိုက်ခိုက်တဲ့သူပါ။ ကျနော်တို့ကသာ အောက်ကနေ ခံစစ်ဆင်ရတဲ့သူပါ။ နားလည်မှုရှိအောင်ယုံကြည်မှုရှိလာအောင်လဲ သူတို့ဘက်ကလုံး၀ မကြိုးစားဘူးလေ။ တနှစ်အတွင်းမှာဘဲ ၃၂ ကြိမ်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လေ။ မကြာသေးခင်ကဘဲ ပင်လုံမြို့ဘက်မှာ မြန်မာစစ်တပ်က ဝင်ပြီးတိုက်ခိုက်သေးတယ်လေ။ ရွာသူ ၂ ယောက်ကို ပစ်ခတ်မိလို့ သေတာရှိတယ်လေ။

ဒါကြောင့် တနှစ်အတွင်း မှာ လက်တွေ့အကောင်အထည်ဖော်နိုင်တာ ဘာမှမရှိသေးဘူးလို့ပြောရမယ်။ အပစ်ရပ်တယ်ဆိုတာ စကားဘဲရှိတယ်လေ။ နိုင်ငံရေးဆွေးနွေးတာလဲဘာမှမရှိသေးဘူး။ နယ်မြေဖွံ့ဖြိုး ရေးဆိုတာကလည်း  မုံးတော့ မုံးထားပေးမယ်လို့ပြောပေမယ့် ခုထိ တခွန်းမှမဟ သေးဘူး။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတာ ပြီးခဲ့တဲ့အပတ်က တာချီလိတ်မှာဆွေးနွေးတယ်။ သဘောတူညီမှု မရသေးတော့ ဘာမှမလုပ်နိုင်သေးဘူး ဆိုတော့ ဘာမှ အကောင်အထည်မဖော်နိုင်သေးဘူးလို့ပြောရမှာပါ။

မေး။    ။မုံးတော့ မုံးထားမှာ တပ်မချနိုင်သေးတဲ့အကြောင်း အစိုးရကို ထပ်ပြီး သတိပေးမေးမြန်းတာ မရှိဘူးလား။

ဖြေ။    ။ ဘယ်လောက်ဘဲမေးမေး ဘယ်လောက်ဘဲ သူတို့က ပေးတယ်လို့ဖြေဖြေ အဲဒီနေရာကနေ သူတို့တပ်စခန်းမခွါပေးရင် ဘယ်လိုလုပ်သွားနေနိုင်မလဲ။ ကျနော်တို့သွားနေရင်လဲ ချဖို့ဘဲရှိတော့တယ်လေ။

မေး။    ။ ရှေ့ရေးအတွက် ဘာဖြစ်လာနိုင်မလဲ။

ဖြေ။    ။ အစိုးရမှာဘဲမူတည်တယ်။ လူထုကို မရှင်းပြရင်၊ ဒီတိုင်းဘဲဆက်သွားမယ်ဆိုရင် အခြေအနေ ဟာ အရင်အတိုင်းဘဲပြန်ဖြစ်သွားမယ်။ တိုက်ပွဲတွေလဲ ဒီထက်ပိုပြီးဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်။

မေး။    ။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး ဖျက်သိမ်းဖို့ အခြေအနေစောင့်ကြည့်ဖို့အချိန်သတ်မှတ်ထားလား။ ဖြေ။    ။ မသတ်မှတ်ထားဘူး။ တိုက်ပွဲဖြစ်ပွါးတဲ့အကြိမ်တိုင်း ဦးအောင်မင်းနဲ့ ဆက်သွယ်မယ်။ တိုက်ပွဲတွေဆက်ဖြစ်နရင် ကျနော်တို့ ဆက်လက်ခုခံသွားမှာဘဲ ။ ခုခံတာများသွားရင် ငြိမ်းချမ်းရေး ဟာလဲ အလိုလိုပျက်စီးသွားလိမ့်မယ်။

မေး။    ။ နောက်တကြိမ်တွေ့ဆုံဖို့ သတ်မှတ်ပြီးပြီလား။

ဖြေ။    ။ ဒီမဝေးတော့တဲ့ကာလမှာနောက်တကြိမ်တွေ့ဖို့ ရှိသေးတယ်။ တောင်ကြီးမှာဖြစ်နိုင်မယ်။ ရက်မသတ်မှတ်ရသေးဘူး။ ငြိမ်ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ဆွေးနွေးမယ်လို့စီစဉ်ထားတယ်။

မေး။    ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အပေါ် ဘယ်လိုသုံးသပ်ပြောဆိုချင်ပါသလဲ။

ဖြေ။    ။ ထပ်ပြီး များများတွေ့ဆုံမယ်။ များများပြောဆိုဆွေးနွေးကြမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမယ်။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3628--rcssssa-.html

November 6, 2012

သျှမ်းညီလာခံအပေါ် စဝ်ယွက်စစ်အမြင်

အခုလထဲမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကမကထပြုကျင်းပမယ့် သျှမ်းညီလာခံ ရှိမယ်လို့ ကြားသိရပါတယ်။ အဲဒီညီလာခံကို သျှမ်းပြည်က လူမှုရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းနဲ့ လက် နက်ကိုင်တပ်ဖွဲ့တွေ ဒါ့အပြင် နိုင်ငံရေးပါတီတွေပါဝင်မယ်လို့ကြားသိရပါတယ်။ ဘယ်ရက်မှာ ကျင်းပ မယ်ဆိုတာအတိအကျမသိရသေးပေမယ့် ညီလာခံကို တက်ရောက်မလား၊ ညီလာခံအပေါ် ဘယ်လိုမြင် သလဲဆိုတာသိရအောင် သျှမ်းပြည်တပ်မတော် RCSS/SSA  ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကို နန်းရှဲန်ချိုဖှက ဆက်သွယ်မေးမြန်းထားပါတယ်။
SYS
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

မေး။    ။ ဒီလထဲမှာ  သျှမ်းညီလာခံကို ရန်ကုန်မှာကျင်းပမယ်လို့ကြားတယ်။ ကိုယ်တိုင်သွားတက် မလားရှင့်။ ဖြေ။    ။ ကျနော့ဆီကိုတော့ ဖိတ်စာလာတယ်။ အခြေအနေကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ လဲ ကျနော်တို့ ဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေလဲ ရှိနေတယ်လေ။

မေး။    ။ ဘယ်လိုအခြေအနေကိုပြောတာလဲ။
ဖြေ။    ။ကျန်းမာရေးအခြေအနေကြည့်ရမယ်။ ခုတလောကျန်းမာရေးမကောင်းဘူး။ နောက်တခုက အဲဒီအစည်းအဝေးက ဘယ်အဆင့် ဘယ်အတိုင်းအတာရှိလဲ ကြည့်ရမယ်။

မေး။    ။ ဒီညီလာခံကိုဘယ်လိုမြင်လဲ။
ဖြေ။    ။အရေးကြီးတဲ့ညီလာခံတရပ်ဖြစ်တယ်လို့မြင်တယ်။ သျှမ်းပြည်ထဲမှာနေတဲ့တိုင်းရင်းသား အားလုံး စုပေါင်းပြီးဖြေရှင်းမှပြဿနာက ငြိမ်းအေးနိုင်မယ်။  ကျနော်တို့ အစိုးရနဲ့ အပစ်ရပ်ပြီး နောက်ပိုင်း လက်တွေ့ အကောင်အထည်ဖော်နိုင်တာနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်တွဲပူးပေါင်းမှုမရလို့ပါဘဲ။  တိုင်းရင်းသားတွေမှာဖြစ်နေတဲ့ ပြဿနာဖြေရှင်းဖို့ အရေးကြီးပါတယ်။ ဦးသိန်းစိန် အစိုးရတို့ကဘဲ ဖြေရှင်းလို့မရနိုင်ဘူး။ အားလုံးတက်ညီလက်ညီရှင်းမှရမှာပါ။

မေး။    ။  ညီလာခံမှာ သွားဆွေးနွေးဖို့ ဘာတွေ ပြင်ဆင်ထားသလဲ။
ဖြေ။    ။ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်စေချင်တယ်။ ဒီမိုကရေစီစစ်စစ်နဲ့ ထူ ထောင်တဲ့ နိုင်ငံဖြစ်စေချင်တယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလဲ ၇၅ ရာနှုန်းရှိမှပြင် နိုင်မယ် ဆိုတာ မဖြစ်စေချင်ဘူး။ လွှတ်တော်ပြင်ပက လူထုကလဲ ပြင်လို့ရသင့်တယ်။ ဒါမှ အကောင်းဆုံး ဖြစ်လာနိုင် မယ်လို့ အကြံပေးသွားပါတယ်။

နိုင်ငံရေးဆိုတာ ပင်လုံကနေအခြေခံစတင်တာပါ။ ကချင်တွေပြောနေသလို နိုင်ငံရေးကို ပင်လုံကဘဲ ဆွေးနွေးချင်တယ်ဆိုတာ စဉ်းစားစရာတခုပေါ့။ အရေးကြီးပါတယ်။

မေး။    ။ဘာကြောင့်လဲရှင့်။
ဖြေ။    ။ပင်လုံစာချုပ်ကနေစတာဘဲလေ ပြဿနာက။ ဗမာက ပင်လုံအတိုင်းမလုပ်လို့ အခုလို ပြဿနာကြီး ရှင်းရခက်ကြီးဖြစ်သွားတာပေါ့။ ဒါကြောင့်အခု ပြန်ဆွေးနွေးမယ်ဆိုရင် ပင်လုံကို ဘယ်လိုပြင်မလဲ ဘယ်လိုပြင်သင့်လဲဆိုတာ ဆွေးနွေးရမှာပေါ့။

ပုဂ္ဂိုလ်ရေးအရကော နိုင်ငံရေးပါတီတွေကကော ကျနော်တို့ တိုင်းရင်းသားတွေပြင်ချင်တဲ့ဥပဒေ၊ အစိုးရကလက်ခံလာအောင် ဝိုင်းဝန်းတိုက်တွန်းပေးမှရမှာပါ။

မေး။    ။ဒီလိုဆိုရင် ဒီလထဲမှာကျင်းပဖို့ရှိတဲ့ သျှမ်းညီလာခံကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လို မျှော်လင့်ထားလဲ။
ဖြေ။    ။ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအားလုံးကမျှော်လင့်နေတဲ့ အရာတခုဖြစ်တယ်။ စစ်မှန် တဲ့ငြိမ်းချမ်းရေးလိုချင်လို့ပါ။ ပြီးခဲ့တာတွေကိုပြန်ကြည့်ရင် ငြိမ်းချမ်းရေးဆိုတာဗမာအစိုးရက အမြဲတမ်း စ ဖျက်တာချည်းပါဘဲ။ ကချင်၊ ကရင်နီ၊ မြောက်ပိုင်းသျှမ်းတပ်တွေဟာ ငြိမ်းချမ်းရေးယူလာတာ နှစ် ၂၀ ရှိပြီ အခု ပြန်တိုက်တယ် ငြိမ်းချမ်းရေးပြန်လုပ်တယ်  အပြစ်ရှာတယ် ပြန်တိုက်တယ်။ အပြစ်ဆိုတာ ရှာလေတွေ့လေဘဲ။ အဲလိုဖြစ်နေတာဟာ နှစ်ဦးနှစ်ဘက်ကြား ယုံကြည်မှုတည်ဆောက်လို့မရစေတဲ့ အဓိက အကြောင်းရင်းဘဲ။ အဲလိုသာ တိုက်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင်  ငြိမ်းချမ်းရေးတည်ဆောက် လို့ ရမှာမဟုတ်ဘူး။ မြန်မာနိုင်ငံဟာလဲ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံဖြစ်နေဦးမှာဘဲ။  ငြိမ်းချမ်းရေး တည်ဆောက် လို့မရရင် ဒီမိုကရေစီလဲရနိုင်မှာမဟုတ်ဘူး။

မေး။    ။  သျှမ်းညီလာခံကနေ စဝ်ယွက်စစ်ဖြစ်ချင်တဲ့ ဆန္ဒ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်လား။
ဖြေ။    ။ကျနော့ဆန္ဒမပြောပါနဲ့ လူထုဆန္ဒကိုဘဲဦးစားပေးပါ။ လူထုဆန္ဒကဘာလဲ ပြန်သုံးသပ်ကြည့်ရင်   စစ်မှန်သောပြည်ထောင်စု ဖြစ်စေချင်တယ်။  စစ်မှန်သော ဒီမိုကရေစီစနစ်နဲ့ထူထောင်တဲ့ ပြည်ထောင် စုဖြစ်စေချင်တယ်။  ပြည်ထောင်စုသားတွေကို ကြီးပွား တိုးတက် စေချင်တယ်။ တိုက်ပွဲတွေ ကိုရပ်တန့် စေချင်တယ်။ အာဆီယံကွန်မြူနတီဖြစ်တော့မယ့်အတွက် မြန်မာနိုင်ငံကို တိုးတက်စေချင်တယ်။ ကျနော်တို့ သျှမ်းပြည်လူငယ်တွေဟာ အခုလောလောဆယ် ယာဘ မူးယစ်ဆေး စွဲနေကြတယ်။ တိုးတက်မှုဆိုတာ လုံး၀ မရှိဘူး သူများကိုမီနိုင်မှာမဟုတ်ဘူး။ ဒါတွေအရင်လုပ်ရပါမယ်။

မေး။    ။ဒီလိုဆိုရင် တိုင်းရင်းသားတွေလိုချင်တာ ဒီညီလာခံကနေရနိုင်မယ်လို့မျှော်လင့်လား။
ဖြေ။    ။တိုင်းရင်းသားတွေလိုချင်တာ ဒီညီလာခံကနေ အပြီးအပိုင်ရသွားတာမျိုးတော့မဖြစ်နိုင်ဘူးလေ။ ငြိမ်းချမ်းရေးဆီကိုသွားမယ့် တံခါး တချပ်လို့ဘဲသတ်မှတ်နိုင်ပါမယ်။ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဆီ ရောက်ဖို့က ပြည်သူလူထုအင်အားနဲ့ချီတက်ဖို့လိုတယ်။ အားရှိလေလေ မြန်မြန်ရောက်လေလေဘဲ။

မေး။    ။ လာမယ့်သျှမ်းညီလာခံနဲ့ပတ်သက်ပြီး ဘာဆက်ပြောခင်ပါသေးလဲ
ဖြေ။    ။ လာမယ့်သျှမ်းညီလာခံနဲ့ပတ်သက်ပြီးတော့ - စည်းလုံးညီညွတ်မှုဟာ ငြိမ်းချမ်းရေး အတွက် သော့တချောင်းဖြစ်တယ်။ ညီညွတ်မှုမရှိရင်ပြဿနာမမဖြေရှင်းနိုင်ဘူး။ ညီညွတ်ခြင်းရဲ့ ရည်ရွယ်ချက် က စစ်မှန်သောပြည်ထောင်စုတည်ဆောက်ဖို့အတွက်ဘဲ။ ဒါဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ် တယ်။ စစ်မှန်တဲ့ပြည်ထောင်စုမဟုတ်ရင် ဒီမိုကရေစီမရနိုင်ဘူး။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3624-2012-11-06-08-46-43.html

October 26, 2012

မူးယစ်ဆေးဝါးကိစ္စ ဆွေးနွေးရန် RCSS/ SSA အဖွဲ့ နယ်စပ်သို့ရောက်


ရှမ်းပြည်ပြန်လည်ထူထာင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA နှင့် အစိုးရတို့ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ညှိနှိုင်းရန် ထိုင်းမြန်မာနယ်စပ်သို့ ယနေ့ ရောက်ရှိသည်။
ယခုလ (၂၇) ရက်နေ့တွင် နယ်စပ် တာချီလိတ်မြို့၌ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံပြီး ဦးစွာ ရှမ်းပြည်တောင်ပိုင်း မိန်းပန်မြို့နယ်အတွင်း၌ လုပ်ငန်းစဉ် (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြသွားမည်ဟု RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။
ထို့အပြင် “ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် အဲဒီဒေသမှာ နှစ်စဉ်နှစ်တိုင်းလို မူးယစ်ဆေးကို လက်လီလက်ကား ရောင်းဝယ် ဖောက်ကားတဲ့ သူတွေ လည်းရှိတယ်။ စားသုံးသူတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေလည်း ရှိတယ်ဆိုတော့ အဲဒီနယ်မြေမှာ မူးယစ်ဆေးဝါး အန္တရာယ်က လူထုတွေဘဲ ခံနေရတဲ့ အခြေအနေလို့ သိရှိရပါတယ်။” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ဆိုသည်။
နောက်ပိုင်းတွင် အခြား ဒေသများသို့ တိုးချဲ့ လုပ်ဆောင်သွားရန်ရှိပြီး လုပ်ငန်းစဉ် (၃) ရပ်အနက် ဦးစွာ ရောင်းဝယ် ဖောက်ကား သူများအား သတိပေး တားမြစ်ကာ မလိုက်နာသူများအား ဥပဒေအရ အရေးယူသွားမည်ဟု ဆိုသည်။
ထို့အပြင် ဒေသတွင်း ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး၊ ဘိန်းဖြတ်စခန်းများ ဖွင့်လှစ်ရေးနှင့် မူးယစ်ဆေးဝါး ပညာပေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟုလည်း ဆက်လက် ပြောဆိုသည်။
မနက်ဖြန် ပြုလုပ်မည့် အစည်းအဝေးတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) မှ တာဝန်ရှိသူများ တက်ရောက်ရန်ရှိပြီး အထက်ပါ လုပ်ငန်းစဉ် များနှင့် ပတ်သက်သည့် ကုန်ကျစားရိတ်များအား (UNODC) မှ တာဝန်ယူပေးရန် တင်ပြ တောင်းဆို သွားမည်ဟုလည်း သိရသည်။
ယခု ခရီးစဉ်တွင် RCSS/ SSA ဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သည့် အဖွဲ့ဝင် (၁၂) ဦး လိုက်ပါသွားပြီး အစိုးရဘက်က မူးယစ်ဗဟိုမှ ညွှန်ကြားရေးမှူး ရဲမှူးကြီး မြင့်အောင် ဦးဆောင်၍ ဆွေးနွေးမည် ဖြစ်ပြီး UNODC အဖွဲ့ ညွှန်ကြားရေးမှူး Mr. Jason Eligh လည်း ပါ၀င်မည်ဟု သိရသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး စီမံချက်အရ အစိုးရနှင့် RCSS/ SSA နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တို့ လွန်ခဲ့သည့် မေလ (၁၉) ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ် အချက် (၁၂) ချက်ကို သဘောတူခဲ့ရာ ရှမ်းပြည်နယ်၌ (၆) နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စကို ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=486&catid=5&Itemid=12

RCSS/SSA အားမဆက်သွယ်ရန် လူထုအား မြန်မာစစ်တပ်တားမြစ်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ကျေးလက်ဒေသခံများအား သျှမ်းပြည်တပ်မတော်အား ပတ်သက်ဆက်နွယ်ပါကဥပဒေ ၁၇-၁ ဖြင့် ဒဏ်ခတ်မည်ဖြစ်ကြောင်း စစ်တပ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်ဟုဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ ပြီးခဲ့တဲ့ အပတ်က လဲချားအခြေစိုက် ရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးလင်းအေးဇော် နဲ့ မြို့နယ်မှူး ကနေပြီး တော့ လဲချားမြို့နယ်ထဲက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး စစ်ဆေးတယ်။ သျှမ်းတပ်ဖွဲ့ကိုဆက် သွယ် တဲ့လူရှိလား။ ထောက်ပံ့ပေးတာရှိလား။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူးနော်၊ သိရင်တော့မလွယ် ဘူး မှတ် - တဲ့။ ဥပဒေ ၁၇-၁ နဲ့မိသွားမယ်- တဲ့၊ အဲကလိုကိုခြိမ်းခြောက်တယ်” ဟု လဲချားမြို့သား စိုင်းခင်းငေါဝ်း ကပြောသည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးများက သျှမ်းပြည်တပ်မတော်တောင်ပိုင်းရော မြောက်ပိုင်းပါအစိုးရနှင့်ငြိမ်းချမ်း ရေးဆွေးနွေး အပစ်ရပ်ထားကြပြီဖြစ်သဖြင့် ယခုကဲ့သို့တားမြစ်ချက်မျိုးမရှိသင့်ကြောင်းပြောရာ ဗျူဟာ မှူးက လဲချားမြို့နယ်အတွင်း၌  သျှမ်းပြည်တပ်မတော်အား လှုပ်ရှားသွားလာခွင့်ပေးမထားသဖြင့် ဆက်သွယ်၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုပါသည်။

ထို့ကြောင့် အစည်းအဝေးခေါ်ဆိုချိန်မှစ၍  ရပ်ရွာအုပ်ချုပ်ရေးမှူးများအား အပတ်စဉ် အင်္ဂါနေ့ တိုင်း ခလရ ၆၄ သို့ အစီရင်ခံ ရမည်ဟုလည်း အမိန့်ထုတ်ထားကြောင်း စိုင်းခင်းငေါဝ်းကပြောပါသည်။

လဲချားမြို့နယ် ခလရ ၆၄ တပ်သို့ မကြာသေးခင်ကမှ ဗျူဟာမှူး ဗိုလ်မှူးကြီး လင်းအေးဇော် ပြောင်းရွှေ့ လာကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ယခုလနှောင်းပိုင်း၌ မြန်မာအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါသည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3596-rcssssa---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India