August 25, 2012

ထိုင်းနယ်စပ်ရှိ RCSS/SSA ၏ တပ်မိသားစုနေအိမ်အား ထိုင်းတပ်မတော်ဝင်ရောက်ဖျက်ဆီး


ထိုင်း - သျှမ်း နယ်စပ်အနီး ထိုင်းနိုင်ငံနယ်နမိတ်ဟု ယူဆရသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်ရှိ တပ်သားမိသားစုနေအိမ်တချို့အား ထိုင်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးလိုက်သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် မှ အရာ ရှိများက ပြောပြပါသည်။

“၁၉ ရက်နေ့ ကတည်းက လာရောက်ဖျက်ဆီးတာပါ။ ထိုင်းစစ်သား အယောက် ၂၀ ကျော်လောက်ရှိမယ်။ မနေ့တုန်းက်အထိဘဲ ။ အိမ်ခြေ ၂၀ နီးပါးဖျက်ခံရတယ်။ အရာရှိနေအိမ်လဲပါတယ်။ နယ်နိမိတ်သတ်မှတ်တုန်းက သုံးတဲ့ ဗြိတိသျှ မြေပုံအရတော့ ဗမာ-သျှမ်း နယ်ထဲမှာရှိတယ်လို့မြင်ပါတယ်။ ထိုင်းကတော့ သူတို့သုံးတဲ့ US မြေပုံအရ သူတို့တိုင်းပြည်ရဲ့ နယ်မြေလို့ပြောပြီး ဖျက်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် အရာရှိတဦးက ပြောပါသည်။

ဩဂတ်စ် ၁၉ - ၂၄ ရက်နေ့ အထိ မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စု အခြေအခြေစိုက် ထိုင်းဘုရင့်တပ်မတော်၏ တပ်မှ လာရောက်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းတော်ကြီး ကျောင်း နှင့် လူနေအိမ်ခြေ ၂၀ ခန့် ပါဝင်ကြောင်း ကြားသိရပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တိုင်းဖရီးဒမ်း ဝဲပ်ဆိုဒ်က ၁၉ - ၂၁ ရက်နေ့ထိ အိမ်ခြေ ၁၇ လုံး ဖျက်ဆီးသွားသည်ဟု ရေးသားပါသည်။

“ဟုတ်တယ်၊ မယ်ဟောင်ဆောင် အခြေစိုက်တဲ့ ထိုင်းစစ်တပ်က လာရောက်ဖျက်ဆီးတာပါ။ ကျနော်တို့ တပ် မိသားစုနေအိမ်တွေက ထိုင်းနယ်မြေထဲမှာ ဖြစ်နေလို့၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖယ်ပေးဖို့ သဘောတူထား တယ်။ အခုလာဖျက်တာလဲအိမ်အလွတ်တွေပါ။ မဖျက်ခင်အထိ အဲဒီအိမ်အလွတ်တွေမှာ ဧည့်သည်လာရင် တည်းခိုဖို့ ပစ္စည်းထားဖို့သဘောတူထားတယ်လေ” - ဟု သျှမ်းပြည်တပ်တော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

လွန်ခဲ့သည့် ၇ နှစ်ခန့်လည်း သျှမ်းပြည်တပ်မတော်၏ ကျေးရွာတခုအား ထိုင်းအစိုးရ တကြိမ်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့် တင်းမာမှု မဟုတ်ဘဲ ဌာနချုပ်စတင်တည် ထောင်စဉ်ကတည်းက နယ်မြေပိုင်နက် သတိမမူဘဲ တည်ဆောက်ထားသောကြောင့်ဖြစ်ခဲ့ရကြောင်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3429--rcssssa---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India