August 11, 2012

မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး UWSA အား RCSS/SSA ခေါင်းဆောင်ကမ်းလှမ်း

မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးအတွက် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ထံ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် က ကမ်းလှမ်းလိုက်ကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။
Sao_Yot_Suek_rcssRCSS/SSA ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
“ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ကြေငြာထားတယ်၊ ပေါ်လစီရှိပြီးသား ဖြစ်တဲ့အတွက် ရှေ့ရေးအတွက်မျှော်မှန်းပြီး ကျနော်တို့တတွေ လက်တွဲပူးပေါင်းတိုက်ဖျက်ရင် ပိုမိုအကျိုးသက်ရောက်မှာ ဖြစ်တယ်” ဟု RCSS/SSA ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ပန်ဆန်းဌာနချုပ်ရှိ UWSA သည် အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီကိုထောက်ခံသကဲ့သို့ တိုက်ဖျက်ရေး လုပ် ငန်းကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်လာသည့်အဖွဲ့ဖြစ်သည်။ ထို့ကြောင့် မိမိတို့ လက်တွဲပူးပေါင်းကာ အစိုးရ၏မူးယစ် တိုက်ဖျက်ရေးစီမံကိန်း၌ တတပ်တအားပါဝင်ကူညီသင့်ကြောင်း၊ နိုင်ငံတကာမှသိမြင်လာစေရန်လက်တွေ့အကောင် အထည်ဖော်ပြမှသာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမေရိကန်နှင့် ထိုင်းတို့မှ ဖမ်းဝရမ်းထုတ်ထားသောပုဂ္ဂိုလ်များလည်း ပြစ်ဒဏ်မှ လျော့ကျသွားလိမ့်မည်ဟုယူဆကြောင်း ဥက္ကဌကြီးယွက်စစ်က ၎င်းတို့ပိုင်သော တိုင်းဖှရီးဒမ်းဝဲပ်ဆိုဒ်၌ပြောကြား သည်။

“အခုလိုအခွင့်သာတုန်းမှာ ကျနော်တို့ လုပ်သင့်တယ်။ အခွင့်အရေးလက်လွတ်ဆုံးရှုံးမခံသင့်ဘူး။ ဘာလို့လဲဆိုတော့ အခွင့် အရေးက ၂ ခါမလာတတ်ဘူး” ဟုလည်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့မှ အကြီးအကဲများဖြစ်သော ဝေ့ရှော်ကန်း၊ ပေါင်းယိုချမ်း၊ ပေါင်းယိုယီး၊ ပေါင်းယိုလျန်၊ ပေါင်းယိုဟွာ၊ ဝေရှောက်လုံ၊ ဝေရှောက်ယွင်၊ ပေါင်းဟွာချမ် အစရှိသူတို့အား ၂၀၀၅ ခုနှစ်က အမေရိကန်က မူးယစ်ဆေးဝါး ကူးသန်းမှုနှင့်စွဲချက်တင်ထားသည်။ ဝေရှော်ကန်း ကိုမူ ၁၉၉၈ ကတည်းက ဒေါ်လာ ၂ သန်းဆုကြေးဖြင့် ဖမ်းမိန့်ထုတ်ခဲ့ဖူး၏။ ထို့အတွက်ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လက်တွဲဖေါ်ဆောင်ပါက ဝေရှော်ကန်းအနေဖြင့် အနောက်နိုင်ငံချမှတ် ထားသော ပစ်ဒဏ်ပြေလျှော့သွားနိုင်သည်ဟု ဥက္ကဌကြီးယွက်စစ်က ယုံကြည်ပါသည်။

UWSA ၏ အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ခေါင်းဆောင် ဝေ့ရှော်ကန်းသည် ၁၉၈၅ ခုနှစ်တွင် ခွန်ဆာဦးဆောင် သော တပ်ဖွဲ့မှ ခွဲထွက်ကာ (Wa National Council ) ကိုတည်ထောင်ခဲ့၏။ ၁၉၈၉ တွင်ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် ပူးပေါင်း ၏။ UWSA မှာမူ မြန်မာအစိုးရနှင့်ပူးပေါင်းပြီး ၂၀၀၅ ခုနှစ်က သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းအား တလကျော်ကြာ တိုက်ခိုက်ခဲ့၏။ ခေါင်းဆောင်ဖြစ်သူပေါက်ယူချမ်းက အဆိုပါတိုက် ပွဲသည်နှစ်ဘက်လုံးအတွက် အကျိုးမရှိဟုဆိုကာ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ယခု သျှမ်းပြည်တပ်မတော်က အစိုးရနှင့် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နေသောကြောင့် ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်က - RCSS/SSA သည် မြန်မာအစိုးရတပ်နှင့်ပူးပေါင်း၍ မိမိတို့အား ပြန်လည်ရန်ရှာတိုက်ခိုက်လာနိုင်သည် ဟူသည့် သံသယရှိနေသည့်အပေါ် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က- “ဝ ပြည်သွေးစည်းရေးတပ်မတော် က တဖက်သတ်စိုးရိမ်ပူပန်နေတာဘဲဖြစ်တယ်။ ကျနော်တို့က UWSA ကို တိုက်ဖို့ခိုက်ဖို့ဆိုတာ ဘယ်တော့မှ မစဉ်းစားဘူး။ ပေါ်လစီလဲ မရှိဘူး။ ကျနော်တို့ဟာ တမြေတည်းနေ တရေထဲသောက်လာကြတဲ့ ညီရင်းအစ်ကိုတွေဖြစ်နေလို့ဘဲ။ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းဟာလည်း နယ်မြေဖွံ့ဖြိုးရေးတည်ဆောက်ရေး စီမံကိန်းတွေ နိုင်ငံရေးပြဿနာတွေဖြေရှင်း ပြီးမှ အောင်မြင်အောင်လုပ်နိုင်မယ့် စီမံကိန်းဖြစ်တယ်” ဟု ပြောသည်။

မိုင်းတုံမြို့နယ် ပုံဖာ-ပုံတောင်းဒေသဖက်၌ ဒုက္ခသည်များဝမ်းရေးအတွက် ယာခင်းလုပ်ရန်သွားသည့် ဒုက္ခသည် ၁၀ယောက် ကျော် နှင့် သျှမ်းပြည်တပ်မတော်အချို့အား နယ်မြေကျူးကျော်မှုဟု စွပ်စွဲကာ UWSA က ဖမ်းဆီးထားခဲ့သည်။ ထို့နောက် ပိုင်းဆွေးနွေးညှိနှိုင်းရန် သျှမ်းပြည်တပ်မတော်က ကိုယ်စားလှယ် နှစ်ကြိမ် စေလွှတ်ခဲ့သော်လည်း လက်ခံဖြေရှင်းခြင်းမရှိ ၊ ဝ တပ်ဖွဲ့ခေါင်းဆောင် ကျောက်ကျုံးတန်းကမူ ဆွေးနွေးဖြေရှင်းရန်အတွက် SSA မှ အဆင့်အမြင့်ကိုယ်စားလှယ်များ စေလွှတ်ရန် အကြောင်းကြားခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် က ပြောသည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ SSA ဘက်မှ ပြောပြသည်မှာ- (၁) စေလွှတ်သွားသောကိုယ်စားလှယ်များမှာ ဗဟိုကော်မတီ ဝင်အဆင့်ဖြစ်ကြောင်း၊ (၂) တဦးမှာ ခရိုင်အဆင့် အစိုးရအုပ်ချုပ်ရေး နှင့် စစ်ရေးအရ စကခ ၁၄ အတွက် ဆက်ဆံရေး အရာရှိဖြစ်ကြောင်း၊ (၃) အဆင့်မြင့်အရာရှိများအား ၂၀၀၉ ကတည်းက ဝ မြို့တော်ပန်ဆန်းသို့အကြိမ်ကြိမ်စေလွှတ်ခဲ့သည် သာမက စာဖြင့်လည်းအကြိမ်ကြိမ် ရေးသားပေးပို့ခဲ့ကြောင်းပြောဆိုပါသည်။

“UWSA နှင့် SSA တို့အကြားလူမျိုးရေးပြဿနာလည်းမရှိ၊MTA ခေတ်ကကဲ့သို့ စီးပွါးရေးအရ ဈေးကွက်လုပြဿနာလည်း မရှိခဲ့၊ ယခုဖြစ်ရသည်မှာ လက်အောက်ခံတပ်ဖွဲ့များမှ အစီရင်ခံမှုကို သေချာစွာစီစစ်ခြင်းမရှိသည့် အတွက်ကြောင့်ဖြစ်ပေါ်ခဲ့ သည်” ဟု ဥက္ကဌကြီးယွက်စစ်က ဆိုပါသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအောင်မြင်ရမည်ဟု ကြေငြာထားသည်။

http://panglongburmese.blogspot.com/2012/08/uwsa-rcssssa.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India