September 9, 2012

တိုက်ပွဲမစဲတဲ့ ဖားကန့်ဒေသ စီးပွားရေးနစ်နာ

သီတင်း သုံးပတ်လောက်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေ မစနိုင်ဘဲ ဖြစ်နေရပါတယ်။ ကားခတွေလည်း နှစ်ဆနီးပါး စျေးတက်သွားပြီး ဖားကန့်ဒေသဘက်ကို လာတဲ့ ကုန်သည်တွေ မရှိသလောက်ကို ဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပြပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် ချောင်းရေကြီးပြီး တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ဟာလည်း ရေကြီးမှုကြောင့် ကုန်းမြင့်ပိုင်းတွေကို ထပ်မံ ပြောင်းရွှေ့ ခဲ့ကြရပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်မှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေဟာ ရပ်နားတဲ့နေ့မရှိဘဲ အနည်းဆုံး တရက် ကို တကြိမ်ကတော့ ဖြစ်ပွားနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ လူထုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ သေနတ်သံ လက်နက်ကြီးသံတွေကို မကြာခဏ ကြားရနေပြီး ထွက်ပြေးဖို့ရာ အတွက် အမြဲတမ်း အဆင်သင့် ပြင်ထားရတယ်လို့ ဖားကန့်ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီမှာကျတော့ တောင်ကုန်းတွေ များတာပေါ့။ နီးနီးနားနားပဲ ဘာမှမဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ရောက်တဲ့နေရာလေးတွေပေ့ါ။ ဒီမှာ လက်နက်ကြီးသံတွေ အတိုင်းသား ကြားရတယ်။ တုန်ခါမှုတွေ ဘာတွေ ဖြစ်တာကိုး။ ညဆိုလည်း မီးစလေးတွေကို မြင်ရတယ်။ မိန်းလားဆိုလည်း ၈ နာရီကျော် ကွာပေမဲ့ လက်နက်ကြီးသံ ကြားနေရပြီး ကျမတို့ဆီမှာကို။ ကျမတို့တွေ ကျီးလန့်စာ စားနေရတာပေါ့။ အဆင်သင့်တော့ ပြင်ထားရတာပေါ့။ စစ်ဖြစ်ရင်တော့ ဘယ်လိုပြေးမယ်၊ ရှောင်မယ် ဆိုတာမျိုးတော့ ရှိတာပေါ့။ ရှိတာတွေ စုဆောင်းပြီး နေနေရတာပေါ့။”

အခုလို ဖားကန့်ဒေသက တိုက်ပွဲတွေကြောင့် အောက်မြန်မာပြည်ကနေ ဖားကန့်ဘက်ကို လာရောက်ကြတဲ့ ကုန်သည်တွေ မရှိသလောက် နည်းသွားပြီး အရောင်းအဝယ်တွေလည်း အေးစက်ကုန်ပါတယ်။ မကြာခင် ပွင့်လင်းရာသီ ရောက်တော့မှာမို့ အခါတိုင်းနှစ်တွေမှာ ဒီအချိန်ဆို လုပ်ငန်းတွေ စဖို့ ပြင်ဆင်ကုန်ကြပြီလို့လည်း ဒေသခံတွေ က ပြောပြပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကုန်သည်တွေရော၊ ကုမ္ပဏီတွေပါ လုပ်ငန်းတွေ မစနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဒေသမှာ တိုက်ပွဲတွေ စဖြစ်ခဲ့ကတည်းက အခုထိ ခရီးသည်တင် ကားခတွေလည်း ၂ ဆနီးပါး စျေးတက်သွားတယ်လို့ ဖားကန့်ဒေသခံက ဆက်ပြောပြပါတယ်။

“ကားခတက်တာ ကတော့ ဒီမှာ စစ်ဖြစ်ကတည်းကနေ စျေးတက်သွားတာပဲ။ တစ်ယောက်ကို ငါးသောင်း၊ ခြောက်သောင်း အဲဒီလိုမျိုးတွေ တက်သွားတယ်။ နှစ်ဆနီးပါး ပြောရမှာပေါ့။ အရင်တုန်းကဆိုရင် တစ်သောင်း နှစ်သောင်းခွဲပဲ ရှိတာလေ ကားခက။ အလွန်ဆုံးမှ သုံးသောင်းပဲ ရှိတာ။ အခုက ငါးသောင်း၊ အဲဒီလိုမျိုးတွေ ဖြစ်သွားတော့ လူတွေကတော့ အရမ်းကိုပါးတယ် ဒီမှာ။ မိုးကောင်းကားတို့၊ မြစ်ကြီးနားကားတို့ အတက်ဆို လူတစ်ယောက်မှ မပါဘဲ တက်ကြတာ။ အဆင်းမှ လူတင်လို့ရတာ။ အတက်ကို လူမရှိဘူး။ လေးလပိုင်းဆို အကုန်လုံး လုပ်ငန်းသစ်တွေ ပြန်လာကြပြီလေ။ ကုန်သည်တွေ၊ ကုန်ပစ္စည်းတွေ လာကြပြုကြ လုပ်လာတဲ့အချိန်ပေါ့။ ဒီမှာ စစ်ဖြစ်နေရင်တော့ နိုင်ငံရေး အခြေအနေ မကောင်းရင်တော့ ဘယ်သူမှ မလာနိုင်ဘူးပေါ့။ ကုန်သည်တွေလည်း ပရုပ်လုံး လိုပဲ လုံးပါး ပါးကုန်ပြီ။ စျေးရောင်းမကောင်းလို့ အကုန်လုံး။ စားဖို့သောက်ဖို့ကနေ ဘယ်သူမှ တခြားဟာကို ဦးစားမပေးနိုင်ဘူး။ အားလုံးက ဆင်းမယ်ဆင်းမယ်၊ ဆင်းဖို့ပဲ ဖြစ်နေကြတော့။”

ဒီလို တိုက်ပွဲဒဏ်ရော၊ စီးပွားရေး နှေးကွေးတဲ့ဒဏ်ပါ ဒေသခံတွေ ကြုံတွေ့နေရချိန် မှာပဲ နောက်ထပ် ချောင်းရေကြီးမှု ပြဿနာပါ ထပ်မံ ရင်ဆိုင်နေကြရပါတယ်။ အခုရက်ပိုင်း ဖားကန့်ဒေသ တဝိုက်မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ လျှံပြီး မြေနိမ့်ပိုင်းက အိမ်တချို့ ရေမြှုပ်ခဲ့ရပါတယ်။ အဲ့ဒီမြေနိမ့်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ချောင်းရေ ကြီးတယ်လေ။ ချောင်းရေ ကြီးတဲ့အခါကျတော့ ကျမတို့ ဖားကန့်ဘက်က ခရစ်ယာန် နှစ်ခြင်းကျောင်းက အောက်က နည်းနည်းနိမ့်တယ်။ နိမ့်တဲ့အခါကျတော့ ဒီချောင်းရေ တက်တဲ့အခါကျတော့ လူတွေက အိပ်မယ့်နေရာ မရှိတော့ဘူး ဖြစ်ရတာပေါ့။ အရမ်းဒုက္ခရောက်တာပေါ့။ အိပ်ယာရွှေ့တာကအစ ကလေးတွေက ငိုတာနဲ့ ရယ်တာနဲ့၊ အဲဒီလိုမျိုးပေါ့။ ဆူညံပေါ့။ ကလေးငယ်တွေနဲ့ ဆိုတော့ အိပ်ယာရွှေ့တာကိုက အရမ်းခက်တာကိုး။”

အခုဆိုရင် ဖားကန့်ဒေသမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၁ သောင်းကျော် ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း မိုးညှင်းမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ရထားလမ်း ထိခိုက် ပျက်ဆီးသွားပြီး မီးရထားခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပါသေးတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ပြေးကြရတဲ့ ဒုက္ခသည်ဦးရေဟာ ၁ သိန်းလောက်ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။

၁ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေ ရပ်စဲရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမဲ့ အခုထိ ပြေလည်မှု မရသေးပါဘူး။

http://burmese.voanews.com/content/phakant-/1504538.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India