September 9, 2012

ငြိမ်းချမ်းရေးကို အစိုးရ ဖက်ကသာ မျက်ကွယ်ပြု နေသည်ဟု UNFC ကဆို

Aung_sa_su_kyi_meet_forigenတောင်အာဖရိကနိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ တာဝန်ရှိသူ မစ္စတာ ဟန်နက် နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဇင်းမယ် အခြေစိုက် တိုင်းရင်းသား အရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့  WGEC (Working Group for Ethnic Co-ordinating)နှင့် ယမန်နေ့တွင် လာရောက် တွေ့ဆုံပြီး အမြင် ဖလှယ်မှုနှင့် အဆို ပြုမှုများ အကြံပြု ဆွေးနွေး သွားခဲ့သည်ဟု စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်း ရေးမှူး နိုင်ဟံ သာက ဆိုပါသည်။
“ အဲဒီ အဖွဲ့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် သူတို့လဲ ပါ၀င် လုပ်ဆောင်ပေးချင်တယ် ဆိုတဲ့ သဘောနဲ့ လာတွေ့ တာပါ။  ပြီးခဲ့တဲ့ ဇွန်လ ကလည်း ကျနော်တို့နဲ့ တစ်ကြိမ် လာတွေ့ ခဲ့သေးတယ်။ သူတို့က တိုင်းရင်းသားတွေ ဘက်က အခြေ အနေလေးတွေကို မေးမြန်းတယ်။ ရှိနေတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းကြမှာလဲ ဆိုတဲ့အ ပေါ်မှာ အမြင်ဖလှယ် ခဲ့ကြပါတယ်။ ဒါက ဒုတိယကြိမ် လာတွေ့တာပါ။ (၂) ရက်လောက် ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု ဆိုပါသည်။
အဖွဲ့ ခေါင်းဆောင် ဖြစ်သည့် တောင်အာဖရိက နိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး H.E Mrs Maite Nkoana-Mashabane သည် အဖွဲ့ ၀င် (၇) ဦးနှင့် အတူ ပြီးခဲ့သည့် စက်တင်္ဘာလ (၄) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ ခဲ့ပါသည်။
ထိုတွေ့ဆုံပွဲ၌ တောင်အာဖရိက နိုင်ငံ၏ အသွင် ကူးပြောင်းရေး ကာလမှာ ကြုံတွေ့ခဲ့သော အမျိုးသား ပြန်လည် သင့်မြတ်ရေး ၏ အတွေ့အကြုံများကို သမ္မတအား မျှဝေ ပေးခဲ့ပြီး ၄င်းတို့၏ တောင်အာဖရိကမှ လွှတ်တော်ဆိုင်ရာ စာတမ်းများကိုလည်း မြန်မာ့ လွှတ်တော်အတွက် လေ့လာ နိုင်ရန် ပေးအပ် ခဲ့ပါသည်။
http://www.president-office.gov.mm/briefing-room/news/2012/09/04/id-1243
UNFC သည် တိုင်းရင်းသား ညီလာခံ တရပ် ဖြစ်ပေါ်ရေးကို အလုပ် အဖွဲ့များ ဖွဲ့ပြီး လာမည့် စက်တင်ဘာ (၁၆) ရက်နေ့တွင် ကျင်းပ နိုင်ရန် ပြင်ဆင်လျှက် ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် လာရောက် အားပေးသော နိုင်ငံတ ကာ အင်အားစုများနှင့်လည်း လက်ခံ တွေ့ဆုံပြီး အမြင် ဖလှယ်မှုများ ပြုလုပ် ခဲ့ကြပါသည်။
“ ငြိမ်းချမ်းရေး မလိုချင်တာက ဘယ်သူလဲ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို မကြေညာ ရဲသူက ဘယ်သူလဲ၊ တိုင်းရင်းသား အဖွဲ့တွေကို အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခိုင်းပြီး ရှေ့မတိုးရဲတာက ဘယ်သူလဲ။ ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်တော်ထဲ ခေါ်သွင်းနိုင်တာ အဖြေလား။၊ လက်နက်ကိုင် တိုင်းရင်းသားတွေကို တပိုင်းတစနဲ့ အပစ်ရပ်ပြီး တိုက်ပွဲ ပြန်ဖြစ်အောင် ဆွနေသူတွေက ဘယ်သူတွေလဲ၊ အဲဒီလို ကြံဆနေတဲ့ အုပ်စုသာလျှင် ငြိမ်းချမ်းရေး တရားခံ ဖြစ်မှာ သေချာတယ်ဟု ပြည်တွင်းရှိ (UNA) တိုင်းရင်းသား မဟာမိတ် အဖွဲ့ဝင် တဦးက ပြောပါသည်။
ဝန်ကြီး H.E Mrs Maite Nkoana-Mashabane သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တဘာင်္လ (၄) ရက်  ညနေပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့သည် မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင် အထည် ဖေါ်ဆောင်ရာ၌ UN အဖွဲ့အစည်းမှ ချမှတ်ထားသော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို ဦးစားပေးသည့် အနေနှင့် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အဖွဲ့များကို လာရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပါသည်။

Saturday, 08 September 2012
http://www.phophtaw.org/burmese/index.php/news/internation-news/2099--unfc-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India