
ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုး (Munggu) ဒေသ ခလွမ်(Hka Lum)နှင့် ဖိုင်ကောင်း (Hpai Kawng) ကြားတွင် ယနေ့ နံနက် ၂ နာရီခွဲမှ ၃ နာရီထိ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ဗျူဟာမှူး ၁ ဦး၊ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အစိုးရတပ်ရင်း (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) တို့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ဒီမနက်ပျောက်ကြားစနစ်နဲ့ မိုင်းနဲ့ ပစ်ပြီး။ သေနတ်နဲ့ပြန်တိုက်တာ နာရီဝက်လောက်ဘဲ” ဟု ဆိုသည်။
၎င်းအစိုးရတပ်မှ ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးအားမူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်စွာရရှိသော ဗိုလ်ကြီးလည်း အခြေအနေဆိုးနေကြောင်း ဒေသခံများမှသိရသည်။ ၎င်းတိုက်ပွဲတွင် အစိုးရတပ်မှ ၈ ဦးလည်း ဒဏ်ရာရရှိကြောင်းသိရသည်။
၎င်းဗျူဟာမှူးနှင့်တပ်သားများသည် ယနေ့နံနက် စစ်အင်အား ၆၀ ဖြင့် ခလွမ်(HKa Lum)မှ ပန်ဆိုင်း (Pang Seng) သို့အသွားတွင် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)မှ ပျောက်ကြားစနစ်ဖြင့် ပစ်ခတ်တိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအစိုးရတပ်သည် မုန်ဂိုးဒေသ ကချင်ကျေးရွာများတွင် လှည့်လည်ကျက်စားနေသော တပ်ဖွဲ့ဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးကိုလည်း မြန်မာအစိုးရတပ်၏ စစ်ဝတ်စုံကိုဝတ်စေပြီးခေါ်ဆောင်ခဲ့ရာ ယနေ့ကျဆုံးသည့် ဗျူဟာမှူးနှင့် ဗိုလ်ကြီးအနီးဆုံးတွင်ထားကြောင်းသိရသည်။
ထို့ကြောင့် ဗျူဟာမှူးနှင့်အတူ ယနေ့သေဆုံးသည့် တပ်သား ၃ ဦးသည် အဆိုပါဒေသခံများဟုတ်မဟုတ် ဆက်လက်စုံစမ်းနေကြောင်း KIA ရှေ့တန်းမှပြောသည်။
၎င်းမြန်မာအစိုးရခေါ်ဆောင်နေသည့် မုန်ဂိုးဒေသခံများသည် လွယ်ဆာ (Loi Sa)ရွာမှ ၂ ဦးနှင့် မန်စူ(Man Su) ရွာမှ တဦးဖြစ်ကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးတပ် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) မှ တပ်သား၂ ဦးသည်လည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယခုကျဆုံးသည့် ဗျူဟာမှူးသည် ယခင်က KIA အရာရှိ ဘလာဘရန်ရှောင် (Bala Brang Shawng) ဆိုသူကို ညှင်းပန်းနှိပ်စက်ကာ နှာခေါင်းတွင် ကြိုးတပ်ပြီး ခေါ်ဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။
ယခုချိန် မြန်မာအစိုးရတပ် အင်အား ၄၂ ယောက်သာရှိပြီး ခလွမ်(Hka Lum)ရွာ တွင်တပ်ချထားဆဲဖြစ်ကြောင်းသိရ သည်။ ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနိုင်ဖွယ်ရှိပြီး ၎င်းတပ်သည် ၆ လပြည့် တပ်လဲလည်ရန် လှုပ်ရှားလာချိန် ယခုကဲ့သို့တိုက်ပွဲများဖြစ်လာကြောင်းအရာရှိများပြောသည်။
မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ၈ ရက် တင်္နလာနေ့ နံနက် ၁၀ ခွဲချိန်တွင် ဖြစ်သောတိုက်ပွဲတွင် အစိုးရတပ်မှ ၂ ဦးသေဆုံးကြောင်း ဆက်လက်သိရှိရသည်။
- မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်း သုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ click
- ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ click
- အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ် ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦး ကျ click
- လွယ်ဂျေဘွမ်တိုက်ပွဲ မြန်မာအစိုးရစစ်သား ၂ ဦး ကျ click







Tuesday, October 09, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: