
လွှတ်တော် တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော် အမတ်တွေဟာ အခု နောက်ပိုင်းမှာ ပိုမို ရင်းနှီးမှုတွေ ရလာပြီး တပ်မတော်သား တွေက သူတို့ရဲ့ ခံစားချက် တွေကို ပြောလာ တာတွေ ရှိခဲ့ပါတယ်။
အခု လတ်တလော ဖြစ်နေတဲ့ ကချင်နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းစဉ် ကာလ အတွင်း သမ္မတက အပစ် အခတ် ရပ်စဲ ဖို့ အမိန့်ပေး ထားတာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ဖြစ်လာရင် ကချင်ဘက်က တိုက်တာကို ခံနေရပြီး ပြန်လည် တိုက်ခိုက်ခြင်း မပြုလုပ်နိုင်ဘူးလို့ တပ်မတော်သား ကိုယ်စားလှယ် တွေက ပြောဆိုကြတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖားကန့် တိုက်ပွဲမှာ ကချင်ဘက်က အနီးကပ် တိုက်ခဲ့တဲ့ အတွက် စစ်သား ၄၀ သို့မဟုတ် ၅၀ လောက် ကျဆုံး ခဲ့တယ်လို့ ပြန်ပြောကြောင်းလည်း သူက ပြောပါတယ်။
သမ္မက ငြိမ်းချမ်းရေး တည်ဆောက်လိုတဲ့ အတွက် အပစ်အခတ် ရပ်ထားရပေမဲ့ တကယ်တန်း ငြိမ်းချမ်းရေး မရဘဲ အခြေ အနေ ဆိုးသထက် ဆိုးလာတယ်လို့ ပြောကြောင်းလည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ကချင်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲ တွေမှာ တပ်မတော် ဘက်က အကျအရှုံး များနေတာကို စစ်တပ်ဘက်က စိတ် ကသိ ကအောက် ဖြစ်နေပြီး ငြိမ်းချမ်းရေး မရနိုင်ရင် စစ်သားတွေ ပီပီ စစ်ဆင်ရေး တွေနဲ့ ပြန်တိုက် ချင်တဲ့ ဆန္ဒ ရှိနေ ကြတယ် လို့လည်း ဦးဖုန်းမြင့်အောင်က ပြော ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/11/121102_army_and_peace.shtml