January 18, 2013

အရပ်သား နေထိုင်ရာနေရာကို လက်နက်ကြီး ပစ်ခတ်မှုသည် စစ်ဥပဒေချိူးဖောက်ရာရောက်

လိုင်ဇာမြို့ လူနေရပ်ကွက်များအတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးရခြင်းသည် စစ်ဥပဒေ ချိုးဖောက်ရာ ရောက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ
ကြေငြာချက်ထုတ် ဝေဖန်ခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ၁၅၀မမ တာဝေပစ် ဟော်ဝစ်ဇာ အမြောက် လက်နက်
ကြီးကြောင့် ခရစ်ယာန် သင်းအုပ် ဆရာတော်တစ်ပါး၊ အသက်၄၆နှစ် စစ်ပြေး ဒုက္ခသည် ယောကျ်ား တစ်ဦးနှင့် ၁၄ နှစ်သား ယောကျ်ားလေးတစ်ဦးတို့ သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာရခဲ့သည့်အပေါ် ရည်ရွယ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်
သည်။

“နိုင်ငံ တကာက သတ်မှတ် ထားတဲ့ စစ်ဥပဒေ တွေမှာတော့ စစ်ဆင် ရေးမှာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မယ့်
နေရာ အတိအကျကို ဒီဂရီ အသေအချာ ချိန်ပြီးမှ ပစ်ရ ပါတယ်၊ ပြည်သူ လူထု ထိခိုက်မှု လုံးဝ မရှိစေတဲ့ ပစ်ခတ်မှု ပုံစံမျိုးနဲ့ ပစ်ရပါတယ်၊ အစောပိုင်း မှာတော့ အစိုးရဘက်က ဒီလို ပစ်ခတ်မှုဟာ သူတို့ ပစ်ခတ်မှု မဟုတ်ပါဘူးလို့ ထုတ်ဖော် ငြင်းဆိုခဲ့တာလည်း ရှိပါတယ်၊ ဒါဟာ အစိုးရဘက်က စစ်ဥပဒေတွေနဲ့ လူသားခြင်း စာနာမှု နိုင်ငံတကာ
က သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလေးစားဘူး ဆိုတာ ပြနေတာပဲ” ဟု လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှ ဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္စျိမအား ပြောသည်။

လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် အပစ်မဲ့ အရပ်သား ပြည်သူများ သေဆုံးရခြင်းသည်
နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေ နှင့် စစ်ဥပဒေ အရ အရေး တကြီး စုံစမ်း လေ့လာရန် လိုသည့် မေးခွန်းကြီး တစ်ခု ဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲများ အတွင်း၌ အစိုး တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် တို့ နှစ်ဖက် စလုံး မှလည်း မိမိတို့ လက်နက်ကိုင် တပ်တွင်း၌ ကလေး စစ်သားများ အသုံးပြုမှု ရှိခဲ့ကာ လူသတ် မြေမြုပ် မိုင်း (Anti-Personnel Mine) များကို အသုံးပြု နေကြောင်း ကိုလည်း ထောက်ပြ ပြောဆိုထားသည်။

မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် အနေနှင့် ၄င်း၏ စစ်တပ် တပ်မှူး များအား စစ်ဥပဒေ များကို လေးစား လိုက်နာ ရန်နှင့် အရပ်သား များအပေါ် ဥပဒေမဲ့ တိုက်ခိုက် ခြင်းမျိုးကို ရပ်တန့်ပေးနိုင်ရန် အတွက် အမိန့်ပေးသင့်ကြောင်း ကိုလည်း ထုတ်ပြန် ချက်၌ ဆိုထား သည်။

“အစိုးရ အနေနဲ့ အရပ်သား ပစ်မှတ် တွေကို တိုက်ခိုက် နေခြင်းတွေ၊ ကလေးစစ်သား ဆက်လက် အသုံးပြုနေမှု
တွေ ရပ်တန့်သင့်သလို ကချင် တပ်ဘက်လည်း မြေမြုပ် မိုင်းတွေ ဖယ်ရှားပြီး ကလေး စစ်သားတွေ ကိုလည်း ဆက်လက် အသုံးမပြု သင့်ပါဘူး” ဟု Phil Robertson မှ ဆက်ပြောသည်။

အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ နှစ်ဖက် စလုံး လိုင်ဇာ မြို့တွင်းနှင့် အနီး တဝိုက်နေ စစ်ပြေး ဒုက္ခသည် ထောင်ပေါင်း များစွာ တို့၏ အန္တရာယ် ကင်းရှင်း စေရေး အတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ
ပြုလုပ် ကြရန် ကိုလည်း ကြေငြာချက် အတွင်း တိုက်တွန်း ထုတ်ပြန်ထားသည်။

 “အရပ်သား အစိုးရ တစ်ရပ် အနေနဲ့ စစ်တပ်ကို တိုက်ခိုက်မှု ရပ်တန့်အောင် အမိန့်ပေးနိုင်တဲ့ အာဏာ သမ္မတမှာ ရှိပါတယ်၊ သမ္မတ ကလည်း တိုက်ခိုက် မှုတွေ ရပ်ပါလို့ အမိန့် ပေးချက်တွေ ရှိပေမယ့် တိုက်ပွဲတွေ ဆက်လက်
ဖြစ်ပေါ် နေခြင်း ဟာလည်း အရမ်းကို မေးခွန်း ထုတ်စရာ ကောင်းပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန် ရှိပါလဲ လို့လည်း ကျွန်တော်မေးချင်ပါတယ်” ဟု လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္စျိမအား ပြောသည်။

KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ဒုက္ခသည်ပေါင်း ၁၅,၀၀၀ တို့ ခိုလှုံ နေထိုင်လျက် ရှိကာ လိုင်ဇာ မြို့တွင်း၌ မြို့နေ ပြည်သူ ၂၀,၀၀၀ တို့ နေထိုင်လျက် ရှိကြောင်း ကချင် လူမှု အဖွဲ့ အစည်း များနှင့် လိုင်ဇာ ဒေသခံ များမှ
ပြောသည်။

ပြည်နယ် တစ်ခုလုံး အတိုင်း အတာဖြင့်မူ ကချင် ပြည်နယ်၌ စစ်ပြေး ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်း စာရင်း များက ဖော်ပြ ကြပါသည်။

ထို့ကြောင့်လည်း ကာလ ကြာရှည် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွား ခဲ့ရ သဖြင့် စစ်ပြေး ဒုက္ခသည် များအတွက် အရေးတကြီး လိုအပ်လျက် ရှိသည့် လူသားချင်း စာနာမှု အကူအညီ များအား မြန်မာ အစိုးရ အနေဖြင့် အစဉ် တစိုက် ငြင်းပယ် ခဲ့သည့် အပေါ်လည်း နိုင်ငံတကာ အဖွဲ့အစည်း များမှ စစ်ပြေး ဒုက္ခ သည်များသို့ လူသားချင်း စာနာမှု အကူအညီ ပေးအပ် နိုင်ရေး အတွက် ကိုလည်း ခွင့်ပြု စေလို ကြောင်းလည်း တိုက်တွန်း ထုတ်ပြန်ထား
သည်။

http://www.mizzimaburmese.com/news/inside-burma/10782-2013-01-18-11-21-59.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India