January 18, 2013

လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ

ချင်းမိုင်(မဇ္စျိမ)။      ။ အစိုးရတပ်နှင့် KIO အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမို နီးကပ်ကြားလာရသဖြင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ရန် နေရာ မရှိသဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရ
သည်ဟု  KIO မှ စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။


သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုုင်ဇာရှိ ဒုုက္ခသည် စခန်းတခုုအနီး စစ်ဘေးရှောင် ဒုုက္ခသည်များကိုု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံု - ဂျွန်စံလင်း၊ မဇ္စျိမ)
“သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုုင်ဇာရှိ ဒုုက္ခသည် စခန်းတခုုအနီး စစ်ဘေးရှောင် ဒုုက္ခသည်များကိုု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံု - ဂျွန်စံလင်း၊ မဇ္စျိမ) 
လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ်
ကျေးရွာအနီးတွင်လည်း မြေပြင်တိုက်ပွဲများ ၄ ရက်ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် အခြားကျေးရွာတရွာဖြစ်သည့် လဝါယန်ကျေးရွာအနီးတွင်မူ မြေပြင်
တိုက်ပွဲများသာမက အစိုးရ စစ်တိုက်လေယာဉ်များပါ ယမန်နေ့ညပိုင်းက ကူညီပစ်ခတ်ပေးခဲ့သည်ဟု ဦးဒွဲပီဆားက
ပြောသည်။

“တိုက်ပွဲပြင်းထန်နေလို့ သတိနဲ့ နေနေရတယ်။ ကျနော်တို့က မပြောင်းရွှေ့အောင် လုပ်နေတာ။ အစိုးရဘက်က လဂျားယန် လုန်ရောတ်ဆိုတဲ့ သူတို့စခန်းကနေ ဒီကျနော်တို့ဘက် မနေ့က ကတည်းက ထိုးစစ်ဆင်နေတယ်။ နောက် ခရာဘွမ်ဘက်တော့ ၄ ရက်ရှိပြီ လေကြောင်းနဲ့ နေ့တိုင်းပစ်ကူ
နေတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

သူက ဆက်ပြီး “တိုက်ပွဲ ပြင်းထန်လာရင်တော့ ခုနေနေတဲ့ လိုင်ဇာမှာ ဆက်နေနိုင်မလား၊ မနေနိုင်တော့ဘူးလား၊ ဒီနေရာမှာ မနေရတော့ဘူး ဆိုရင် ကျနော်တို့အတွက် ပိုပြီး ခက်ခဲလာမယ်။ ပိုပြီး စိုးရိမ်စရာ ဖြစ်လာမှာကို စိုးရိမ်နေ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် ယမန်နေ့ည ၁၁ နာရီထိ လက်နက်ကြီးသံများကြောင့် လိုင်ဇာမြို့နေအိမ်များပင် တုန်ခါမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမိုနီးကပ်လာ သကဲ့သို့ ကြားရသဖြင့် စစ်ပြေးဒုက္ခသည်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

“မနေ့က ပိုဆိုးနေတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ လဝါယန်အနီးမှာ အစိုးရ စစ်သားတချို့ ညှပ်မိတယ်၊
ကေအိုင်အေဘက်က ပြန်တိုက်နေတယ်။  ခရာဘွမ်ဘက်၊ လဂျားယန်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ခုလည်း အသံကြားနေရတယ်။ ဒီမှာရှိတဲ့လူတွေက တရုန်းရုန်းဖြစ်နေပြီး တချို့လူတွေ ဒီမှာ နေလို့ မရတော့ဘူး ထင်တယ်ဆိုပြီး ကြောက်နေကြတယ်”ဟု အဆိုပါ လိုင်ဇာမြို့ခံက မဇ္စျိမကို ပြောသည်။

တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့ အနီးအနားရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်
များ ထပ်မံ တိုးမြင့်လာသဖြင့် KIO နယ်မြေ တရုတ်-မြန်မာနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည်ပေါင်း ရ သောင်း
ခန့် ရှိနေပြီဟု ခန့်မှန်းထားသည်ဟု စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြော
သည်။

ထိုပြင် ယခင်က လိုင်ဇာမြို့သို့ လာရောက် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်ပေါင်း ၁၄,၀၀၀ ရှိ ရာမှ ယခု လိုင်ဇာ
မြို့ခံ ၆၀၀၀ ကျော်ကိုလည်း ဇန်နဝါရီလမှစတင်၍ စစ်ပြေးဒုက္ခသည်များအဖြစ် ကူညီထောက်ပံ့ပေးနေရသည်ဟု သူက ဆက်ပြောသည်။

“လိုင်ဇာကို လက်နက်ကြီး ကျရောက်လို့ လူတွေ သေရလို့ အဲဒီမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်စခန်းဘက်
ပြောင်းရွှေ့လိုက်တယ်။ လိုင်ဇာမြို့ခံတွေကလည်း တခြားနေရာ မထွက်ပြေးရပေမဲ့ အသက်မွေးဝမ်းကြောင်း မလုပ်နိုင်တော့လို့ စစ်ပြေးဒုက္ခသည် စာရင်းထဲထည့်ပြီး ဒုက္ခသည်လို ထောက်ပံ့ပေးနေရတယ်”ဟု သူက မဇ္စျိမကို
ပြောသည်။ ယခုလ ၁၄ ရက်နေ့က လိုင်ဇာမြို့ပေါ် လက်နက်ကြီး ကျရောက်၍ ဒေသခံ လူ သုံးဦးသေဆုံးခဲ့သည်။

ထို့ပြင် လိုင်ဇာမြို့ပေါ်ရှိ အထက်တန်းကျောင်း တကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း တကျောင်း တို့အား ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှ ယနေ့ထိ ပိတ်ထားလိုက်ရသဖြင့် ကျောင်းသူ၊ ကျောင်းသား
ပေါင်း ၂၄၀၀ ခန့် ကျောင်းတက်နိုင်ခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် ကက်သလစ်အသင်းတော်မှ ဂရုနာအဖွဲ့
တို့က ပုံမှန်ကူညီထောက်ပံ့ ပေးနေသော်လည်း ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်လာသဖြင့် တခြားအလှူရှင်
များ လာရောက် ကူညီမှုများ လျော့နည်းသွားသည်ဟု ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10779-2013-01-18-09-54-13.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India