January 18, 2013

ငြိမ်းချမ်းရေး ဖြစ်စဉ် စောင့်ကြည့်လေ့လာနိုင်ဖို့

ကယား(ကရင်နီ)ပြည်နယ်မှာ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန်အတွက် အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီအကြား ပြီးခဲ့တဲ့နှစ်ကတည်းက အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် လူမှုအခြေပြု အသင်းအဖွဲ့များမှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယနေ့ထိ လွတ်လပ်စွာဖွဲ့စည်းပြီး စောင့်ကြည့်လေ့လာမှု မပြုလုပ်နိုင်ဘဲရှိနေပါတယ်။
အစိုးရနဲ့ KNPP အကြားအပစ်ခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် လူထုဘက်က အပြည့်အဝမယုံကြည်သေး တဲ့အတွက် လူမှုအခြေပြု အဖွဲ့အစည်းတို့ အနေဖြင့် လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ဖို့ခက်ခဲကြောင်း ကရင်နီလူငယ်အစည်းအရုံး (KNYO) အဖွဲ့ကပြောပါတယ်။
"ငြိမ်းချမ်းရေး ပြန်ပျက်သွားလို ့ရှိရင် ဒီပြည်ပအဖွဲ အစည်းနဲအဆက်အသွယ် လုပ်တယ်ဆိုတဲ့ဟာမျိုးတွေ သူတို ့ကြောက်တာတွေရှိတယ် အဲလိုမျိုးကြောက်တဲ့အခါကျတော့ ဒီပြည်ပအဖွဲ ့အစည်းတွေလည်းပဲ သူတို့ အထဲမှာဝင်သွားတဲ့အချိန်မှာ သူတို ့သိသာ သိတယ်။ ဒါပေမဲ့ သူတို့ ရှေ့ဆက်လုပ်ဖို ့ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီရှေ့ဆက်လုပ်ရမယ့်ဟာ သိပ်ပြီးတော့မှ အကောင်အထည်ဖော်နိုင်တဲ့ဟာ မရှိဘူး" လို့ KNYO မှ နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။
KNPP နဲ့ အစိုးတို့ဟာ ၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ထားကြပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာပြုလုပ်ကာ KNPP မှတင်ပြဆွေးနွေးထားတဲ့ အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဘက်သဘော တူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ကယားပြည်နယ်အတွင်း အစိုးရတပ်မှဆောက်လုပ်နေတဲ့ စစ်ရေးလေ့ကျင့်ရေးကျောင်း ကိစ္စနဲ့အတူ ပြည်နယ်တွင်းလှုပ်ရှားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပါတ်သက်ပြီး သဘောတူညီမှုတွေ မချမှတ်နိုင်သေး တဲ့အတွက် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ သဘောတူထားကြပါတယ်။
ပြီးခဲ့တဲ့ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် ၃ အရ အစိုးရနဲ့ KNPP အကြား အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် တည်ဆောက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင် အထည်ဖေါ်ဆောင်ရွက်သွားနိုင်ရေး ကိစ္စမှာ စောင့်ကြည့်လေ့ လာမှုပြုလုပ်နိုင်ဖို့ ဒေသ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရန် သဘောတူထားကြပါတယ်။
ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ထားရှိမည့် လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန်ညှိနိုင်းရန် သဘောတူသည်ဆိုတဲ့ အချက်မှာ အစိုးရနဲ့ KNPP သြဇာအာဏာ လွမ်းမိုးမှုမရှိပဲ လူထုတွေဆီက အမှန်တကယ် ကိုယ်စားပြုမယ့် လူပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုအပ်နေကြောင်း KNYO နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။
"ဒီ KNPP နဲ့ အစိုးရကြားထဲမှာ သူတို ့က လွတ်လပ်စွာ peace monitoring လုပ်နိုင်တဲ့အဖွဲ ့တွေကို ပေးဖို ့လိုတယ်။ တဖက်မှ ဘက်မလိုက်ဘဲနဲ့ပေါ့နော် သူတို ့က လွတ်လပ်စွာသွားလာပြီးတော့မှ လှုပ်ရှားပိုင်ခွင့်ပေးဖို ့လိုတယ် အခုက အဲလိုမျိုး သူ ့ဖက်ကိုယ့်ဖက် ဖြစ်လာတဲ့အခါကျတော့ လွတ်လပ်စွာ peace monitoring လုပ်လို ့မရဘူး"
နှစ်ဘက်သဘောတူထားချက်တွေ အပြန်အလှန်ထိန်းသိမ်းလိုက်နာမှုများကို စောင့်ကြည့်နိုင်ဖို့ လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေသအတွင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုအစိုးရဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ KNPP တို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ပဏာမတွေ့ဆုံဆွေးနွေး ကြစဉ်မှာသဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် တတိုင်းတပြည်လုံး အပစ်ခတ်ရပ်စဲရေး မပြုလုပ်နိုင်သေးတဲ့ အခြေအနေအောက်မှာ စောင့်ကြည့်လေ့လာရေး ကိစ္စနဲ့ပါတ်သက်ပြီး ပြည်တွင်းမှ လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ် တွေအနေနဲ့ နယ်စပ်ရှိကရင်နီလူထုအခြေပြု အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ခက်ခဲမှုရှိနေသေး ကြောင်း ကယားပြည်နယ်မှ ဒေသခံတဦးဖြစ်တဲ့ ဆရာပလူးရယ်ကပြောပါတယ်။
"ကချင်ပြည်နယ်မှာလဲ တိုက်နေတယ် သူများလဲ တောင်ပြောမြောက်ပြောပြောနေတယ် ဒီမှာက ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အစိုးရနဲ့ပြောနေတဲ့အချိန်မှာ ဟိုကလဲ တကယ်တိုက်နေ တော့ ဘယ်လိုလုပ်မှာတုန်း။ အဲဒါကိုကြည့်ပြီးမှ တကယ်လို့ ဒီဖက်က ဖွဲ့ရင်လဲ သူတို့ ဘယ်လိုစဉ်းစားမလဲ ကိုယ်မှမသိတာ"
ဆက်လက်လို့ ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဖြစ်ပေါ်လာဖို့လက်ရှိ လုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပါတ်သက်ပြီး ဆရာပလူးရယ်ကယခုလိုရှင်းပြပါတယ်။
"Monitoring ဆိုတာ တရားဝင်ဖြစ်မှဘဲ လုပ်လို့အဆင်ပြေမဲ့အမျိုးတွေ ဘာလို့လဲဆိုတော့ ဘယ်သူမှ ကိုယ့်ကိုအာမခံချက်ပေးတာ မဟုတ်ဘူးလေ တရားဝင်ဖြစ်တယ် ဆိုတာတောင်မှ ဒီကြားထဲမှာ အခက်အခဲတွေ အဟန့်အတားတွေ အများကြီးရှိဦးမှာ ဒါကြောင့် ဒီ Monitoring ဆိုတဲ့ ကိစ္စကလဲ တရားဝင်ဖြစ်ဖို့လိုတာ တချက် နောက်ပီး ဒီMonitoring မှာ ပါမယ့် လူတွေက ဘယ်လိုလူတွေလဲ တကယ်ဘဲ မယိမ်းမယိုင် ဘယ်ဖက်ကိုမှ မယိမ်းမယိုင်ဘဲနဲ့ စစ်စစ်မှန်မှန်နဲ့ လုပ်မယ့်လူတွေလား တကယ်စေတနာ မှန်မှန်နဲ့လုပ်မယ့် လူတွေလား အဲလိုလူတွေလဲ ဖြစ်ဖို့လိုတယ် မဖြစ်ဘူးဆိုရင် ဒီ Monitoring လဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး"
အစိုးရနဲ့ KNPP အကြားပြုလုပ်ထားတဲ့ အပစ်ခတ်ရပ်စဲရေးအပေါ် ယုံကြည်မှု အပြည့်အဝမရှိသေးဘူး ဆိုတဲ့ကိစ္စဟာ ဒေသကြီးကြပ်စောင့်ရေးအဖွဲ့ ဖွဲ့စည်းဖို့နဲ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကို သွားရောက်ထိခိုက်နေတဲ့ အတွက် ယခုအချိန်မှာ စောင့်နေဖို့မလိုဘဲကရင်နီလူမှုအသင်း အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရာကိစ္စမှာ မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ယခုကစပြီးပါ၀င်လုပ် ဆောင်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ပြောလာသူကတော့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် (KSCN) မှ ပြောရေးဆိုခွင့်ရှိသူ ခူးတော်ရယ်ပဲဖြစ်ပါတယ်။
သူက.. "ဒီအခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်လေ့လာတဲ့နေရာမှာ သူ့ဟာသူ လုပ်နိုင်တဲ့အနေထားနဲ့သူ လုပ်ပေါ့နော် ကျနော်တို့လည်း…လုပ်နိုင်တဲ့ အနေထားနဲ့ကျနော်တို့ လုပ်မယ်… နောက် အခြားအစုအဖွဲ့တွေ ရှိအုံးမယ်ဆိုရင်လည်း အခြားအစုအဖွဲ့တွေက သူတို့လုပ်နိုင်မယ့် အနေအထားနဲ့ သူတို့လုပ်ကြမယ် အဲ့လိုပေါ့ သူလည်းပြော ကိုယ်လည်းပြော ဒီကိစ္စတွေကို အားလုံးကတော့ပိုပြီးတော့ ကောင်းလာအောင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးတော့မှ ခိုု်င်ခိုင်မာမာဖြစ်သွားအောင် အဲ့ဒီရည်ရွယ်ချက်တွေနဲ့ တူတူဘဲ ရှိတယ်ဆိုတာ အဲ့လိုဘဲနားလည်တယ်။ ဒီလုပ်ပုံကိုုင်ပုံတွေကတော့ မတူတာလေးတွေ အဲ့လိုဘဲပေါ့ နော် ..နောက်ဆုံးကျနော်တို့ သွားချင်တဲ့ ခရီးကတော့ ဘူတာတနေရာတည်းဘဲပေါ့ အဲ့လိုဘဲဖြစ်မှာပါ" လို့ ပြောဆိုခဲ့ပါတယ်။

http://burmese.bnionline.net/index.php/news/kantarawaddy/12735-2013-01-18-09-44-56.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India