November 13, 2012

မြေမြှုပ်မိုင်းအန္တရာယ် မြန်မာမှာကြီးမားဆဲ

မြန်မာနိုင်ငံအတွင်းက စုစုပေါင်း ဒေသ ၄၈ ခုလာက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ တဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲဗုံးပပျောက်ရေး ဆောင်ရွက်နေတဲ့ Switzerland အခြေစိုက် မြေမြှုပ် မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက်ပါတယ်။ မြေမြှှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်မှာ လက်မှတ် ထိုးသင့်ပြီလို့လည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်းသုံးစွဲမှုဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ICBL ရဲ့ သုတေသနမှူး  Yeshua Moser က တိုက်တွန်းလိုက်ပါတယ်။ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်VOA သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံကို ပြောပြပေးထားပါတယ်။

၂၀၁၂ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ အစီအရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဒေသ ၄၈ ခုဟာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေတယ်လို့ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက် ပါတယ်။ အင်္ဂါနေ့တုန်းက ရန်ကုန်မြို့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်စာမှာ  ICBL ရဲ့ သုတေသနမှူး Yeshua Moser ကခုလိုပြောခဲ့ပါတယ်။
 
“မြန်မာပြည်ရဲ့ ၄၇ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပါတယ်။ ကရင်၊ ကယား၊ ပဲခူးတိုင်းနဲ့  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပါတယ်။ ချင်းနဲ့စစ်ကိုင်းတို့မှာတော့ မြေမြှုပ်မိုင်းအန္တရာယ် ရှိတယ်၊ မရှိဘူးဆိုတာကတော့ စဉ်းစားစရာပါပဲ။ ၄၇ မြို့နယ်ထဲမှာ ဆယ်မြို့နယ်ကတော့ မြေမြှုပ်မိုင်း အန္တရာတွေ ရှိနေပါတယ်။”

မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးအတွက်ညွှန်ကြားမှုပေးနိုင််တဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓိက စတင် ဆောင်ရွက်ရမှာဖြစ်ပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားက တင်းမာမှုတွေ မလျှော့ပါးသေးတာကြောင့် မြေမြှုပ်မိုင်းပပျောက်ရေး ကိစ္စကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် လုပ်လို့ မရဘူးလို့ သူက ပြောပါတယ်။

ICBL အဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းပပျောက်ရေးအတွက် တွန်းအားပေး အရှိန်မြှင့် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ICBL က ပြောပါ တယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ဆက်မသုံးဖို့ အစိုးရအဖွဲ့အစည်းတွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ICBL အဖွဲ့က ဆွေးနွေးမှုတွေ လုပ်နေ တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား ပြေလည်မှုတွေ မြန်မြန် ရလေ၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို မြန်မြန်လုပ်နိုင်လေဖြစ်မယ်လို့ ပြောပါတယ်။

ငြိမး်ချမ်းရေးရအောင် အစိုးရက ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ မြေမြှုပ်မိုင်း မသုံးစွဲရေး ကိစ္စတွေ ကို  လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိသင့်တယ်လို့လည်း ICBL အဖွဲ့က အကြံပေး ပါတယ်။ မြေမြှုပ် မိုင်းရဲ့ အကျိုးဆက်တွေဟာ လူသားတွေအားလုံး ခံရတာမို့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ မစ္စတာ Moser ကပြောပါတယ်။

“သူတို့ကြားမှာ ပြေလည်မှုရရင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လုပ်လို့ရမယ်၊ ပြောချင်တာက ငြိမ်းချမ်းရေးအတွက် စကားပြောနေတဲ့အချိန်မှာ လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ မိုင်းကိစ္စတွေ ထည့်သွင်းပြောကြားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးရင် ဒီအချက်ကို ထည့်သွင်းညှိနှိုင်းသင့်တယ်လို့ ကျနော် ယူဆပါတယ်။”

ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်မှာ လက်မှတ် ထိုးထားကြပေမဲ့ မြန်မာနိုင်ငံကတော့ အခု ထိ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။ ဒီကိစ္စ အတွက် အစိုးရက စဉ်းစားနေတယ်လို့ ဆိုပါတယ်။ မကြာခင် အနာဂါတ်မှာတော့ မြန်မာနိုင်ငံ အနေနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေးတွေကို ဆောင်ရွက်လာနိုင်မယ်လို့ ICBL အဖွဲ့က မျှော် လင့်ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း ပပျောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အကူအညီတောင်း တာတွေ ရှိတာမို့ မြေမြှုပ်မိုင်းတားဆီးရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုနေပြီလို့လည်း ICBL က သုတေ သန တာဝန်ခံ Yeshua Moser ကပြောပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ကူညီရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်က ၂၀၁၂ နှစ်ဆန်းပိုင်းမှာ EU ဥရောပသမဂ္ဂအဖွဲ့တွေကို အကူအညီတောင်းထား သလို အမေရိကန်နို်င်ငံကလည်း မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေ ကူညီရှာဖွေ ရှင်းပေးဖို့ သဘောတူ ထားတယ်လို့ မစ္စတာ Yeshua Moser က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ICBL အဖွဲ့ဟာ ကမ္ဘာတဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲဗုံးတွေသုံးစွဲမှု ပပျောက်ရေးအတွက် ဆောင်ရွက်မှုတွေကြောင့် ၁၉၉၇ ခုနှစ်က Nobel ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်ခင်ဗျား။

http://burmese.voanews.com/content/landmine-burma/1545135.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India