November 14, 2012

အမည်မသိလက်နက်ကိုင်အဖွဲ့ လက်နက်မျိုးစုံဖြင့် မြို့တွင်းထပ်မံပစ်ခတ် ဒေသခံတဦးဆေးရုံတင်ရ

အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မြို့တွင်းလူနေ ရပ်ကွက်ပေါ် လက် နက်မျိုး စုံဖြင့်ပစ်ခတ်သောကြောင့် လူထုတဦးကျည်ထိမှန်ပြီး ဆေးရုံတင်ထားရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။
003
“လူ ၅ ယောက် လောက်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က လာပစ်တုန်းက လက်နက်ကြီးတွေဘဲ။ အခုလဲ လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်တယ်။  ၄-၅ အိမ်လောက်ထိမှန်တယ်။ အပျက်အစီးများတာတော့ တအိမ်တည်း။ ဒဏ်ရာ ရတာ တယောက် ဒီမနက်ဘဲ ကျောက်မဲ ဆေးရုံကို ပို့လိုက်ပြီ” - ဟု မိုင်းငေါ့ဒေသခံ အိုက်ကမ် က ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် (ယနေ့ နံနက် ၂: ၀၀ - ၂: ၅၀ နာရီအထိ ) အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မိုင်းငေါ့မြို့ နယ်ခွဲ မြို့တွင်း ဝမ့်လုံရပ်ကွက်ပေါ် လက်နက်မျိုးစုံပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အချို့အိမ် လက်နက်ငယ် ကျဉ်ဆံ ထိမှန်ကြောင်း၊ ဦးတေဇ နှင့် ဒေါ်ရွှေဌေး ၏အိမ် လက်နက်ကြီးထိမှန်သောကြောင့် အပျက်အစီးများကြောင်း၊ ထို့အတူ စိုင်းပေတင်ဆိုသူလည်း ခြေထောက်၌ ကျဉ်ဆံထိမှန်သောကြောင့် ကျောက်မဲဆေးရုံသို့ပို့ဆောင်ကုသ နေရကြောင်း နီးစပ်သည့် မိုင်းငေါ့သားတဦးက ပြောပါသည်။

“ကျနော်လဲ အခုလေးတင်ဘဲကြားရတယ်။ အခုကျနော်တို့ ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ စိုင်းသန်းမောင်အဖွဲ့ သွားကြည့် နေ တယ် အဲဒီမှာ” - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော် က ပြောပါသည်။

ဒေသခံများပြောပြချက်အရ သေနတ်သမားအဖွဲ့မှာ ၅ ယောက်ခန့်ရှိကြောင်း၊ ရွာဦးပိုင်း နေ၍ပစ်ခတ်စဉ် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်ပြီးတိုင်း ရယ်မောကြကြောင်း၊ ပထမဦးဆုံးသေနတ်သံကြားရစဉ် ဒေသခံများပြေးပုန်းကြသော ကြောင့် ဦးတေဇ နှင့် ဒေါ်ရွှေဌေး ကျည်ဘေးမှ လွတ်မြောက်ခြင်းဖြစ်ကြောင်း ကျောက်မဲ ရောက်ဒေသခံတဦးက ပြောပါ သည်။

သျှမ်းပြည်တပ်မတော် ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက - “ ကျနော်တို့တပ်နဲ့ အစိုးရတပ် အဲဒီဒေသဘက်မှာ တိုက်ပွဲ မကြာခဏဖြစ်တာကမှန်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ လူနေရပ်ကွက် ရပ်ရွာအတွင်း တကူးတက ပစ်ခတ်တာ တခါမှ မရှိဖူးဘူး။ အဲလို ဖြစ်လာတဲ့ အခါတိုင်း တိုင်းရင်းသားတပ်ဖွဲ့တွေကိုဘဲ ပုံချတယ်။ ကျနော်တို့က လူထုကို  ဘာဖြစ်လို့ လုပ်မှာလဲ” - ဟု ပြောပါသည်။

ယခုလ ၉ ရက်နေ့ ဖြစ်ပွါးပြီးနောက်ပိုင်း ယခုဖြစ်ပွားမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပစ်ခတ်သူတရားခံအား မသိရသေး ပေ။

မြန်မာအစိုးရ တပ်မတော်က ဒေသအတွင်းမငြိမ်မသက်မှုအကြောင်းပြ၍ စစ်အင်အားတိုးချလိုခြင်းသာဖြစ်နိုင်ကြောင်း၊ ယခုလအတွင်း မိုင်းငေါ့မြို့နယ်ခွဲ အတွင်း၌ အစိုးရနှင့်အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားသောကြောင့် အစိုးရကအင်အားတိုးချဲ့လိုခြင်းဖြစ်နိုင်ကြောင်း၊ မိုင်းငေါ့မြို့နယ်ခွဲတွင် အစိုးရတပ် လှုပ်ရှားတပ်ရင်းများရှိနေသော်လည်း အခြေချနေထိုင်သည့် တပ်စခန်းမရှိ၊ ရဲစခန်း တခုသာရှိကြောင်း  ဒေသခံ တဦးက ပြောပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3651-2012-11-14-09-54-47.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India