September 19, 2012

အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့မှုအပေါ် မယ်တော်ဆေးခန်းမှ ရှင်းလင်းချက်ထုတ်ပြန်

စက်တင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်း-MTC သည် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ် စားနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ၎င်းတို့ဆေးခန်းကို မြန်မာပြည်တွင်းသို့ ပြန်လည်နေရာချရေး၊ မချရေး သတင်း အမျိုးမျိုးထွက်ပေါ်လာသည့်အပေါ် ယမန်နေ့က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
မယ်တော်ဆေးခန်းမှ ပြောခွင့်ရ ဆရာမ နော်အဲ့သဝါးက “ဒီကိစ္စကြေညာချက် မထုတ်တော့ သူတို့(မြန်မာအစိုး ရ)လာပြီးတဲ့နောက်မှာ ကျမတို့ လူမှုအသိုင်းအဝိုင်းနဲ့ ၀န်ထမ်းတွေကြားမှာ ဇဝေဇဝါဖြစ်တယ်လေ။ မြန်မာနိုင်ငံ ပြန်တော့မလိုလို၊ ဒီမှာ နေမလိုလိုဖြစ်လို့ တိကျအောင် ရှင်းလင်းချက် ထုတ်လိုက်တာ”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လနှင့် သြဂုတ်လက မီးရထား(ယခုသမ္မတရုံး)၀န်ကြီးဦးအောင်မင်းဦးစီးသည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် အလွတ်သဘော နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံသို့ ပြန်အခြေချရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီဆေးရုံနှင့် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်ဆေးရုံ၊ မယ်တော်ဆေးခန်း တို့ လူနာလွဲပြောင်းရေးကိစ္စ၊ နယ်စပ်ရှိ ကလေးမွေးစာရင်းကိစ္စနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖွံ့ ဖြိုးရေး လုပ်ငန်းလုပ်ကိုင်သူများကို အသိအမှတ်ပြုရန် လိုအပ်ရေးကိစ္စတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အစိုးရ က ဆွေးနွေးခဲ့သည်။
ဒေါက်တာစင်သီယာမောင်က “မြန်မာအစိုးရရဲ့ ကျန်းမာရေးစနစ်ဟာ ပြည်သူအားလုံးအတွက် အခြေခံကျန်း မာရေးစောင့်ရှောက်မှု အပြည့်အစုံ မလုပ်ပေးနိုင်သမျှတော့ ကျမတို့ ပြန်လို့မရသေးပါဘူး။ လက်ရှိ ကျမတို့ ၀န်ထမ်းတွေဟာ နယ်စပ်တလျှောက်မှာရှိတဲ့ ပြည်သူတွေကို အများကြီးကူညီပေးဖို့ လိုပါသေးတယ်။ အထူး သဖြင့် တိုင်းရင်းသားဒေသ တွေမှာပါ။”ဟု မယ်တော်ဆေးခန်း၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
၎င်းတို့နှင့် ထပ်မံတွေ့ဆုံမှုများရှိပါက အလွတ်သဘောဖြင့် မဟုတ်ဘဲ တရားဝင်တွေ့ဆုံရေးအတွက် အစီအစဉ် စနစ်တကျရေးဆွဲကာ အပြန်အလှန်ဆက်သွယ်၍ ဆွေးနွေးမည့် ခေါင်းစဉ်၊ ပါ၀င်ဆွေးနွေးမည့် ပုဂ္ဂိုလ်သတ်မှတ် ပြီး တွေ့ဆုံရမည့် အချိန်နေရာ သတ်မှတ်ခြင်း၊ သတင်းမီဒီယာများအား မယ်တော်ဆေးခန်းတွင် ဖိတ်ခေါ်ပေး ခြင်းနှင့် သတင်းအချက်အလက် ဝေမျှခြင်း စသည့်တို့ ဆောင်ရွက်ရန် လိုအပ်သည်ဟု မယ်တော်ဆေးခန်းက အစိုးရအား တိုက်တွန်းသည်။
ဆက်လက်၍ ဆရာမ အဲ့သဝါးက “အရင်တွေ့ထားတာ နောက်ဆက်တွဲ ဘာမှ မရှိဘူး။ တွေ့ဆိုဖို့ဆိုရင် စနစ်တကျဖြစ်ဖို့ လိုတယ်လေ။ ဥပမာ-လာဆွေးနွေးတဲ့သူ ဟာ ဆိုင်ရာဆွေးနွေးမယ့် ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်။ ကျန်မားရေးဆိုရင် ကျန်းမာရေး၊ ဆရာဝန်ဆိုရင် ဆရာဝန်ပေါ့”ဟု ဖြည့်စွက်ပြောသည်။
မီးရထားဝန်ကြီး(ယခု သမ္မတရုံးဝန်ကြီး)ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းကိုစားလှယ်အဖွဲ့သည် မယ်တော်ဆေးခန်းထူထောင်ခဲ့သူ ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ၂၆ရက် နေ့၌ တကြိမ်၊ သြဂုတ်လ ၅ရက်နေ့တွင် ဦးအောင်မင်း၏ဇနီး ဒေါက်တာဝေဝေသန့်နှင့်တကြိမ် တွေ့ဆုံခဲ့သည်/

http://www.kicnews.org/?p=13392
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India