September 19, 2012

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် KNO-Thailand ဖွဲ့စည်း


KNO-Thailand


ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) သည် ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေး ဆက်လက်ကြိုးပမ်းနိုင်ရန် KNO (ထိုင်းနိုင်ငံ) အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ထပ်မံဖွွဲ့စည်းလိုက်သော KNO-Thailand (Kachin National Organization-Thailand) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသော ကချင်အမျိုးသားများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)  စစ်မှု ထမ်းဟောင်းများအပါအဝင် စက်တင်ဘာလ ၁၆-၁၇ ရက်အတွင်း ဆွေးနွေးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသည့် ရည်ရွယ်ချက်အောက်တွင် ဆွေးနွေးတိုင်ပင်၍ သဘောတူဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသားအစည်းအရုံး (KNO) ပေါ်လစီအတွင်း၌ ညီညွတ်စွာ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာအစိုးရသစ်ဖွဲ့စည်းခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြုလုပ်နေကြချိန် ပြည်ပအခြေစိုက် ကချင်အမျိုးသားအဖွဲ့အနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် နိုင်ငံရေးဆွေးနွေးမှုမအောင်မြင်သေးသရွေ့ ငြိမ်းချမ်းရေးယူသွား မည် မဟုတ်ကြောင်း KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) က ပြောသည်။
အဆိုပါ ချင်းမိုင်တွင် သီးသန့်ဖွဲ့စည်းလိုက်သော ကချင်အမျိုးသားအစည်းအရုံး (KNO) ကို ဥက္ကဋ္ဌ ဦးကရဲန်ခေါင်ဟောင်း (Kareng Hkawng Hawng)၊ ဒုတိယ တာဝန်ခံအနေဖြင့် ဦးလရှီးဘရန်နူး (Lashi Brang Nu) နှင့် အင်ခွမ်ဇော်ဂရောင် (Nhkum Zau Grawng)၊ အတွင်းရေးမှုး နန်ဇိန်နော်လောန် (Nangzing Naw Lawn)၊ ဒုအတွင်းရေးမှူးအား လရှီးဂမ် (Lashi Gam) နှင့် အင်ခွမ်ဇော်ဂမ် (Nhkum Zau Gam) တို့ဖြစ်ကြောင်း ကြေငြာချက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ပ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO သည် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော KIO နှင့် အတူတကွ ပူးတွဲလုပ်ဆောင်သွားရန် ၂၀၁၂ ဇွန်လပိုင်းတွင် လိုင်ဇာ (Laiza) ဌာနချုပ်၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
http://kachinnews.com/burmese/news/949-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-%E1%80%80%E1%80%AF%E1%80%AD%E1%80%9A%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-kno-thailand-%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%85%E1%80%8A%E1%80%B9%E1%80%B8.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India