September 19, 2012

ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို

United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်သည့် အရေး နှုတ်ပိတ်နေသည်ဟူသော ပြောဆိုမှုများကို မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“ဒေါ်စု ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘာမှ နှုတ်ပိတ်တယ်လို့ မရှိဘူး။ ဒေါ်စု ပြောနေတဲ့ အကြောင်းက ပထမဆုံး အပစ်အခတ်တွေ ရပ်စဲဖို့လိုတယ်၊ ပစ်နေခတ်နေကြရင် ဆွေးနွေးပွဲ ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်တချက်က တိုင်းရင်းသား အရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူ အခွင့်အရေး ဆိုတဲ့အချက် ၂ ချက်ကို ကြည့်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည် ထောင်စု ဆိုတာဖြစ်ဖို့ ညှိနှိုင်း ဆွေးနွေးကြပါဆိုတာ ပြောနေတာ” ဟု သူက ဆိုသည်။
တချိန်တည်းတွင် ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့် သည့် ဆု လက်ခံရရှိခြင်းကို ဂုဏ်ယူမိကြောင်း၊ သို့သော် အဆိုပါ အခမ်းအနားကို ကချင်တိုင်းရင်းသားများ အနေဖြင့် ပါ၀င်နိုင်ခြင်း မရှိကြောင်း အမေရိကန်နိုင်ငံ ကချင် မဟာမိတ် (Kachin Alliance – KA) က ဒေါ်အောင်ဆန်းစုကြည် ထံသို့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့စွဲဖြင့် စာပို့ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်က တချိန်မှာ အမျိုးသား ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြန်မာအစိုးရ ပါတီ ခေါင်းဆောင် တယောက် ဖြစ်နေတယ်။ အဲဒီ ပါတီကလည်း အစိုးရထဲ ပါတဲ့ ပါတီဖြစ်တယ်။ လွှတ်တော်ကလည်း အစိုးရကို ထောက်ခံနေတယ်လေ” ဟု အမေရိကန်နိုင်ငံ ကချင်မဟာမိတ်၏ တာဝန်ခံ ဖြစ်သူ Nsang Gum San က ပြောဆိုကြောင်း ကချင်သတင်းဌာန က သတင်းရေးသားထားသည်။
လက်ရှိ ကာလ ကချင်ပြည်နယ်တွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသော စစ်မက်ဘေးဒဏ်ကြောင့် မိမိတို့၏ ဆွေမျိုး သားချင်းများ လျစ်လျူရှှု ခံနေရကြောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခများနှင့် ၀မ်းနည်း ပူဆွေးသောကများ ဖိစီးမှုဖြင့် ကြေကွဲနေချိန်၊ ကချင် တိုင်းရင်းသားများ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခံနေရသည့် အချိန် စသည့် အခြေအနေ များတွင် မိမိတို့ အနေဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန် မည်သို့မျှ ဆီလျှော် အပ်စပ်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်စုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက သတင်းမီဒီယာများနှင့် ပြောဆိုမှုများ၊ ကြေညာချက်များက ထုတ်ဖော်ပြသလျှက်ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ တွင်လည်း ငြိမ်းချမ်းရေး အတွက် စစ်ရေး တိုက်ခိုက်မှုများအစား နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် လုပ်ဆောင်သွားကြရန် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ကို အိတ်ဖွင့်စာပေးပို့ မေတ္တာရပ်ခံ ကမ်းလှမ်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အစိုးရအကြား စွန့်စားပြီး ၀င်ရပ်မည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါကိစ္စ လုပ်ဆောင်မပေးနိုင်ပါက ကြားညပ်ကာ အန္တရာယ်ကြီးသည့် ကိစ္စဖြစ် ကြောင်း သိလျှက် ရပ်တည်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့တော့ ကြားဝင်ရပ်ပေးမှဖြစ်မယ်၊ မလုပ်ရင်တော့ ပိုဆိုးလိမ့်မယ်ဆိုပြီး ဒေါ်စု ပြောတဲ့ စကား ကျနော် မှတ်မိနေသေးတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ဆိုင်ရာ တတ်စွမ်းသမျှ ကူညီပေးသွားမည်ဟု ပြောဆို ကမ်းလှမ််းမှု တွင် တိုင်းရင်းသား အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် အစိုးရဘက်က မည်သို့မျှ မတု့ံပြန်ခဲ့ဟု သိရသည်။
“သဘောကတော့ ဒေါ်စုရဲ့ ကြားဝင်ပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရဘက်ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ကချင်ဘက် ကလည်း ဘာမှ မတု့ံပြန်ခဲ့ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
သို့သော် မကြာသေးမီက ဧရာဝတီ သတင်းဌာန အယ်ဒီတာနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း တို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်အရေး အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အတိအလင်း အစိုးရဘက်က တုံ့ပြန်ပြောကြားလာခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်လည်း ၀ိုင်းကူမယ်လို့ ကတိပေးထားပြီးသားပါ။ လိုအပ်တာကိုပြောပါ၊ ၀ိုင်းကူမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခု လွှတ်တော် တက်နေရတာပေါ့ဗျာ။ လွှတ်တော် တက်နေရတော့ သူ မအားလပ်ဘူး။ အားလပ်တဲ့ နောက်ပိုင်း ကာလတွေမှာ သူ ကျနော်နဲ့ လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ အဲဒါ စောင့်ကြည့်လိုက်ပေါ့” ဟု ဦးအောင်မင်းကလည်း ပြောထားသည်။
NLD ပါတီသည် အာဏာရပါတီမဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးရေးနှင့် ပတ်သက်၍ ၂ ဘက်စလုံးကို တိုက်တွန်း၍ အပစ်အခတ် ရပ်စဲရေး မေတ္တာရပ်ခံသည့် အဆင့်သာလုပ်နိုင်ပြီး တကယ် ငြိမ်းချမ်းရေး ပြောဆိုရေးမှာ အစိုးရနှင့် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့သာဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
တဖက်တွင်လည်း KIO က မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်၏ ငြိမ််းချမ်းရေး စကားပြောရန် နေပြည်တော်သို့ ဖိတ်ခေါ်မှုကို ပယ်ချလိုက်ပြီဖြစ်သည်။
“စစ်ရေး တင်းမာတဲ့အချိန်မှာ အစိုးရ ထိမ်းချုပ်ထားတဲ့နေရာကို သွားပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ အဖြစ်ဘူးဆိုတဲ့ အကြောင်း အရင်ကတည်းက ပြောပြီးသားရှိတယ်။ အမှန်တော့ သမ္မတကြီး ခေါ်တာမဟုတ်ပါဘူး။ ဦးအောင်မင်းက တွေ့ဆုံဖို့ နေရာကို နေပြည်တော်မှာ လုပ်ရအောင်ဆိုပြီး ပြောတာပါ၊ ကျနော်တို့ မလာနို်င်တဲ့အကြောင်းလည်း သူတို့ကို အကြောင်း ပြန်ကြားခဲ့ပြီးပါပြီ” ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီကို ပြောသည်။
သြဂုတ်လ၂၅ ရက်နေ့က အစိုးရနှင့် KIO တို့ ငြိမ်းချမ််းရေး စကားပြောရန် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက ပထမ မူဆယ် မြို့တွင် ပြောဆိုနိုင်ရေးအတွက် ကမ်းလှမ်းခဲ့ရာ မူဆယ်သို့ မလာနိုင်ကြောင်းပြောခဲ့၍ နေပြည်တော်သို့ လာရောက်ရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း သူက ဆက်ပြောသည်။
သို့သော် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ခြေလှမ်းများ စတင်အကောင်အထည်ဖော်ရန် အတွက် ကြားခံ ဆက်သွယ်ရေး ရုံးဖြစ်သည့် Justice and Negotiation Center တခုကို လွိုင်ဂျယ်ရှိ ဖရန်ငွန်ရွာတွင် ယမန်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
“အဓိက ရည်ရွယ်တာကတော့ ကျနော်တို့ KIO အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဖို့ပေါ့၊ အနီးကပ် စောင့် ကြည့် လေ့လာဖို့ရယ်၊ လိုအပ်တဲ့အကြံပေးချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီရုံးမှာ လာပြီးမှ အကြံဉာဏ် ပေးနိုင်ဖို့ရယ် အတွက် ဖွင့်ဖြစ်တာပါ” ဟု ဦးလနန်က ပြောသည်။
ယခု ဖွင့်လှစ်လိုက်သည့် နေရာကို အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းနှင့် ၂ ဘက် သဘောတူ ဆွေးနွေးမှုအရ KIO ထိမ်းချုပ်နယ်မြေလည်း မဟုတ်၊ အစိုးရ စစ်တပ် စစ်စခန်း ချရာနေရာလည်း မဟုတ်သည့် ၂ ဘက် သွားလာရေး ကြား ကျသည့် နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် KIO ၂ ဘက် တွေ့ဆုံမှု အသေးစိပ် မှတ်တမ်းများကို အများ သိရှိလေ့လာနိုင်ရန် ယခု ရုံးတွင် ထားရှိမည်ဖြစ်ကြောင်းသူက ဆက်ပြောသည်။
မြန်မာအစိုးရနှင့် KIO တို့မှာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးများ လုပ်လာခဲ့ပြီး ယမန် နှစ် ဇွန်လမှ စတင်ကာ သဘောတူညီမှုများ ပျက်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့၍ ဒုက္ခသည် ၉ သောင်း ကျော်ခန့်တို့ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးကြရသည်။
ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ အရေး၊ အမြန်ဆုံး စစ်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိရေး အတွက် ပြည်တွင်း ပြည်ပတို့မှ စိုးရိမ်မှုများ မြင့်တက်နေပြီး ငြိမ်းချမ်းရေး လိုလားသူများကလည်း ပုံသဏ္ဍန် အမျိုးမျိုး ဖြင့် လှုံ့ဆော်မှုများရှိကြသည်။ ဒုက္ခသည်များကိုလည်း ကူညီပေးမှုများ၊ အားပေးနှစ်သိမ့်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး လိုလားသူများက ကချင်ပြည်နယ် စစ်ပွဲများ ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတခုကို နိုင်ငံအနှံ့ လုပ်ဆောင်ရန် လှုံ့ဆော်ထားသည်။

http://burma.irrawaddy.org/archives/20769
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India