January 1, 2013

ကချင်ပြည်နယ် စစ်ပွဲရပ်တန့်ရေး ရန်ကုန်မှာဆန္ဒပြ


နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့က ကချင်ဒေသမှာ စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာတွေကို ရပ်ဆိုင်းကြဖို့ ရန်ကုန်မြို့တော်မှာ ပြည်သူတွေ ချီတက်တောင်းဆိုခဲ့ကြပါတယ်။ စစ်ပွဲတွေကို ချက်ချင်းရပ်ပစ်ဖို့၊ သိန်းနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီတွေပေး ဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကို ချက်ချင်း ရပ်ကြဖို့ နှစ်သစ်ကူး ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်မှာ ပြည်သူ ရာနဲ့ချီ ချီတက် တောင်းဆိုကြပါတယ်။ နှစ်သစ်မှာ “ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်းမှု မရှိတဲ့ နှစ်သစ်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ကချင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းစေဖို့ တောင်းဆိုခဲ့ကြပါတယ်။ ချီတက်တောင်းဆိုမှုမှာ ပါ၀င်တဲ့ Generation Wave အဖွဲ့က ကိုဘိုဘိုက အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ဖြစ်နေတယ်ပေါ့နော်။ ကျနော်တို့က ခရစ်စမတ်နေ့မှာ ဒီမှာရှိနေတဲ့သူတွေက Happy New Year မှာ ပျော်ရွှင်နေနိုင်ပေမဲ့ ကျနော်တို့ တခြားတနေရာမှာရှိနေတဲ့ စစ်ဘေးကြုံနေရတဲ့ ဒေသမှာရှိနေတဲ့ သူငယ်ချင်းတွေ တပုံတပင်ကြီးပါ။ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ တပုံတပင်ကြီးပါ၊ ဆိုတော့ သူတို့ဖြစ်နေတဲ့ ခံစားချက်တွေကို ကျနော်တို့ မကြည့်နေနိုင်ဘူး။ နှစ်သစ်ကူးဖြစ်နေပေမဲ့ ကျနော်တို့ မပျော်နိုင်ဘူး။ အဲ့တာကြောင့်မို့ ကျနော်တို့ အတူတူပျော်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်။ အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး ဆန္ဒဖော်ထုတ်ပြသတာပါ။”

ကချင်ဒေသက စစ်ပွဲတွေကြောင့် နှစ်သစ်ကူးနဲ့ ခရစ်စမတ် ကာလတွေ အတွင်း အေးလှတဲ့ ရာသီဥတု အောက်မှာ စစ်ဒဏ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ကချင်ဒေသခံတွေ အတွက်လည်း ခေတ္တ လုံလုံခြံုခြံု ခိုလှုံနိုင်မယ့် နေရာတွေ ဖန်တီးပေးကြဖို့လည်း ချီတက်ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

စစ်ဖြစ်နေတဲ့ ကချင်ဒေသက ဒေသခံတွေဟာ လူသားတိုင်း ငြိမ်းချမ်းလုံခြံုစွာ နေထိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့လည်း ပါ၀င် ချီတက်ခဲ့တဲ့ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့က ကိုအောင်မျိုးမင်းက ပြောပါတယ်။

“လူတိုင်းဟာ အသက်ရှင်ခွင့် ရရှိခွင့်ရှိသလို ကိုယ့်ပတ်ဝန်းကျင်အတွင်းမှာ လုံခြံုခွင့်ရရှိရမယ်ဆိုတာကိုလည်း အားလုံး သိတဲ့အတိုင်းပါပဲ။ အခုချိန်ဆိုလို့ရှိရင် ကျနော်တို့ ကချင်ဒေသမှာရှိတဲ့ IDP စခန်းတွေကအစ၊ လိုင်ဇာဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအဆုံး ငြိမ်းချမ်းစွာနဲ့ လုံခြံုမှုမရှိဘဲနဲ့ ကိုယ့်အသက်အတွက်ကိုယ်လွတ်မြောက်ဖို့အတွက် ကျီးလန့်စာစား နေရတာ လူ့ဘဝအတွက် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်က ကချင်ဒေသမှာ စစ်ဆင်နေတာကို ရပ်ဖို့ အစိုးရ တပ်တွေကို အမိန့်ပေးထားရက်နဲ့ ဘာကြောင့် စစ်ကို မရပ်တာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်က ပြောပါတယ်။

“သမ္မတက ထိုးစစ်တွေဆင်တာရပ်ပါလို့ ပြောရက်တန်းလန်းနဲ့ မရပ်တာ ဘာဖြစ်လို့လည်း ကျမတို့ နားမလည်ဘူး။ အခုထက်ထိ နားမလည်ဘူး။ နောက်တခု ထိုးစစ်တွေ ဆင်တဲ့အခါမှာ စစ်စားရိတ်တွေ ကုန်တယ်။ ဘယ်သူက ခွင့်ပြုထားတာတုန်း၊ လွှတ်တော်ကနေ အဲ့ဒီ့ဘက်ဂျက်ကို မေးခွန်းထုတ်ပေးပါလို့  ကျမပြောချင်တယ်။”

လက်ရှိ ကချင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲမှာ မြန်မာ အစိုးရတပ်က ရဲဘော်တွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ကချင် တပ်ဘက်က ရဲဘော်တွေ ပြည်သူတွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ဒါဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဘဲ ဖြစ်တယ်လို့လည်း ချီတက် တောင်းဆိုသူတွေက ပြောပါတယ်။ ဒါကြောင့် အချင်းချင်း တိုက်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းကြပါစို့လို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

“ကျေးဇူးပြုပြီး စစ်ပွဲတွေ ရပ်ပေးပါ။ ကျေးဇူးပြုပြီးတော့ အပြစ်မဲ့တဲ့ပြည်သူတွေ ဒဏ်ရာ မရပါစေနဲ့။ (ဦးဝင်းချို)”

“ ကျမတို့ပြည်သူတွေ အားလုံး လိုလားတောင့်တတဲ့ စစ်မှန်တရားမျတတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူတွေအားလုံးကို ကျမတို့ ဒီနေရာကနေ တောင်းဆိုပါတယ်။ ကျမတို့ အခုလိုတောင်းဆိုရခြင်းဟာလည်းပဲ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြံုမှုဟာ အဓိက တာဝန်ယူနေသော နို်င်ငံတော်အစိုးရအပေါ်မှာသာ လုံးလုံးလျားလျား တာဝန်ရှိတယ် လို့ ယုံကြည်တဲ့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်။ (မေစပယ်ဖြူ)"

ကြွေးကြော်သံများ
“(စစ်ပွဲအားလုံး ချက်ခြင်းရပ်) (ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ) ”

ကချင်ပြည်နယ်တွင်းက မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ကတော့ ဆက်ပြီး ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်က လေကြောင်းကရော မြေပြင်တိုက်ပွဲတွေနဲ့ပါ ကေအိုင်အေ ခြေကုပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အေ ဘက်က ပြောဆိုနေပေမယ့် မြန်မာ အစိုးရဘက်ကတော့ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

ဒီ နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေကို ရေဒီယိုကနေ တဆင့် နှစ်သစ်ကူး မိန့်ခွန်း ပြောတာမှာလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ကချင် ဒေသ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆိုသွားတာ မရှိပါဘူး။

အသံ
ကချင်စစ်


http://burmese.voanews.com/content/kachin-fighting-/1576123.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India