January 3, 2013

လေကြောင်း ထိုးစစ်ဆင်မှု ကုလနှင့် အမေရိကန်တို့ စိုးရိမ်ကြောင်း ပြောဆို

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ် စိုးရိမ်ကြောင်း၊ အမြန်ဆုံး ရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ယမန်နေ့တွင် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က တိုက်တွန်းလိုက်သည်။
မြန်မာအစိုးရ၏ လေကြောင်းအင်အား အသုံးပြု ထိုးစစ်ဆင်မှုကို ၀န်ခံပြောကြားလာမှုလည်း ရှိပြီး လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုလိုက်သည်။
“လေကြောင်းအင်အား အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျမတို့ အလွန်အမင်း စိတ်ပျက်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စ ဗစ်တိုးရီယား နုလန်းက ဗုဒ္ဓဟူးနေ့က သတင်းထောက်များကို ပြောသည်။
ဆက်လက်၍ သူက “မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကို ပဋိပက္ခစစ်ပွဲတွေ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့၊ ဒီအပြင် တခြား ပဋိပက္ခစစ်ပွဲဖြစ်ရာ ဒေသအားလုံးမှာလည်း ဒေသတည်ငြိမ် အေးချမ်းမှုတွေ ရရှိစေရေး မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နိုင်မှာတွေအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ ကျမတို့က ဆက်ပြီး တိုက်တွန်းနေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရနှင့် KIO, ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပေါင်း ရ၅၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေကြရသည်။
“အခုအထိ ကျမတို့ မြင်တွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကိစ္စပြီးရင် ဒီတခုက နောက်ဆုံးတခုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး စဉ်ဆက်မပြတ်  စိုးရိမ်တဲ့အကြောင်း ထုတ်ပြောနေတာပဲ။ အခု ဒီလို လေကြောင်းသုံး တိုက်ခိုက်မှုကိစ္စကတော့ တော်တော် ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဆိုတာ ရှင်းပါတယ်။ ကျမတို့ ဒီကိစ္စ မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးနေမှာပါ” ဟု ဗစ်တိုးရီယားက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကချင်လက်နက်ကိုင် အဖွဲ့များအပေါ် မြန်မာအစိုးရ စစ်တပ်က လေကြောင်း အင်အားသုံး တိုက်ခိုက်ခြင်းကို အလေးအနက်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သူ၏ ပြောခွင့်ရသူက ထုတ်ပြန်ကြေညာသည်။
ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသရှိ ဒေသခံ အရပ်သားများ၏ ဘဝနှင့် အသက်အန္တရာယ် ထိခိုက်ပျက်ဆီးစေမည့် လုပ်ရပ်များ၊ ပဋိပက္ခ ကြီးထွားလာစေမည့် လုပ်ရပ်များကို မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ရှောင်ရှားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ အိုးအိမ်များစွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေး ဒုက္ခသည်များ တိုးပွားလာသည့်အတွက် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် လိုအပ်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကြေညာချက်တွင် သတိပေးထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက တပ်မတော်အနေဖြင့် ၎င်းတို့၏ စခန်းတခု ပြန်လည် ရရှိရန် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း AFP သို့ ပြောဆိုထားသည်။
မြန်မာအစိုးရ သတင်းမီဒီယာများက ယမန်နေ့က ကြေညာခဲ့ရာတွင် “တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါ၀င်တက်ရောက်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန် စခန်းသို့ ရိက္ခာ ပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား – ဗန်းမော် ကားလမ်းအား အဓိက ပိတ်ဆို့နှောက်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့် -၇၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာတွင် လေကြောင်း အကူအညီကို အသုံးပြုခဲ့ရသည်” ဟု ဖော်ပြထားသည်။

 http://burma.irrawaddy.org/archives/29690
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India