January 3, 2013

ကချင်အား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ချေမှုန်းရန် ဦးတည်နေခြင်းဟု UNFC ပြော

န်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကချင်ဒေသအား ထိုးစစ်ဆင်ခြင်းသည် တိုင်းရင်းသားအားလုံးကို ချေမှုန်းရန် ဦးတည်နေခြင်းဖြစ်သည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC မှ ယနေ့ ပြောကြားလိုက်သည်။
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ကို တိုက်နေတာဟာ UNFC အဖွဲ့ဝင် တိုင်းရင်းသားတွေအားလုံးက ခံစား ချက် မကောင်းဘူး။ ဒါဟာ အခြားတိုင်းရင်းသားအဖွဲ့တွေကို ချေမှုန်းတာနဲ့ တူတယ်။ ဒါကြောင့် ထိုးစစ်ဆင်တာကို ရပ်တန့်ပေးဖို့ အစိုးရကို အားလုံးက တောင်းဆိုနေကြ တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
မြန်မာအစိုးရတပ်များအနေဖြင့် ကချင်ဒေသထိုးစစ်အား မရပ်တန့်ဘဲ ဆက်လက်ထိုးစစ်ဆင်နေပါက UNFC အဖွဲ့ဝင်များအနေ ဖြင့် အစိုးရအပေါ် နိုင်ငံရေး အရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်း ရှေ့ဆက် မည်သို့ သဘောထားရှိရမည်များကို ပြန် လည်သုံးသပ်ရန် သဘောတူညီထားမှုများရှိသည်ဟု နိုင်ဟံသာက ဆက်ပြောသည်။
ကချင်ဒေသအား အစိုးရစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွင် KIO ဌာနချုပ် လိုင်ဇာမြို့ကို သိမ်းပိုင်နိုင်ရန် လိုင်ဇာမြို့တစ် ၀ိုက်ရှိ လဂျားယန်နှင့် နာမ်ဆန်ယန်ရွာအနီး ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တပ်စခန်းများကို (၁၀၅)၊ (၁၂၀)မမ လက် နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်များကို အသုံးပြုနေခြင်းအပေါ် အပြင်းအထန် ရှုတ်ချကြောင်းလည်း ဇန်နဝါရီလ ၁ရက်နေ့က UNFC မှ ကြေညာချက် ထုတ်ပြန်ထားသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ပုဂ္ဂိုလ်များနှင့် UNFC ကိုယ်စားလှယ်များအ ကြား တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် သဘောတူညီခဲ့ကြသော်လည်း လက်ရှိ ကချင်ထိုးစစ်ကို ကြည့်ပါက အစိုးရအနေဖြင့် အပြောတမျိုး အလုပ်တမျိုးဖြစ်နေသည်ဟု ၎င်းကြေညာချက်က ဆိုသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ် ထားရှိသော သဘောထားများကို ပြောင်းလဲရန် အချိန်တန်ပြီဖြစ်ကြောင်းနှင့် လက်ရှိ အခြေအနေအတိုင်း ဆက်သွားပါက ကချင်ထိုးစစ်အပြီးတွင် အခြားတိုင်းရင်းသားဒေသများသို့ ဦးလှည့်သွားနိုင်ဖွယ်ရှိ ကြောင်းလည်း နိုင်ဟံသာက ဆက်လက်၍ မှတ်ချက်ချပြောဆိုခဲ့သည်။
သူက “အစိုးရက ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ကချင်ကို တိုက်ပြီးရင် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သျှမ်းဒေသဘက်ကို လည်း အဦးဆုံး ၀င်ရောက်တိုက်ခိုက်နိုင်ဖွယ်ရှိတယ်။ ဒါကြောင့် ကချင်ကိစ္စကြည့်ပြီး ကျနော်တို့ ဘယ်လိုလုပ်သွားမလဲဆိုတာ အဖွဲ့ဝင်အားလုံးခေါင်းချင်းဆိုင်ပြီး ဆွေးနွေးသွားမယ်”ဟု ဆိုသည်။
ထို့အပြင် တိုင်းရင်းသားများဖြင့် စုပေါင်းနေထိုင်သော နိုင်ငံတွင် အာဏာရလူတစ်စုမှ တိုင်းရင်းသားများအပေါ် နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်ရေးဖြင့် ဖိနှိပ်ဝါးမြို၍ ကျွန်ပြုလိုခြင်းသည် မိုက်မဲသောလုပ်ရပ်ဖြစ်ပြီး လတ်တလော ဖြစ်ပေါ်နေသော ထိုးစစ်ဆင် နေမှုကို မရပ်တန့်ပါက နောင်ဖြစ်လာမည့် အကျိုးဆက်အားလုံးသည် အစိုးရနှင့် ဗမာ့တပ်မတော်၏ တာဝန်ပင်ဖြစ်ကြောင်း UNFC ၏ ကြေညာချက်တွင် ထောက်ပြထားသည်။
UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အမာခံ အဖွဲ့ဝင်များအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်မြောက်ရေးအဖွဲ့-KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ-NMSP နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်-SSPP/SSA တို့ ဖြစ်ကြသည်။
ဆက်စပ်အဖွဲ့များအဖြစ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ-NUPA၊ (၀) အမျိုးသား အဖွဲ့ချုပ်-WNO၊ ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကချင်အမျိုး သားအဖွဲ့-KNO တို့ ပါ၀င်ကြသည်။

http://www.kicnews.org/?p=15060
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India