February 16, 2013

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေးတောင်းယူမှုများ ရှိနေဖြင့် လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
“စစ် စဖြစ်ကတည်းက ဒေသခံ ပြည်သူလူထုက စစ်တပ်ရော၊ ကေအိုင်အိုရော ၂ ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ခံခဲ့ရတယ်။ တပ်သားသစ် အစုဆောင်းခံရတာ၊ ရွာကို မီးတိုက်သွားတာတွေကို ကျနော်တို့ ပြည်နယ်အစိုးရနဲ့ လူ့အခွင့် အရေး ကော်မရှင်ကို တောက်လျှောက် တိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဘာတစ်ခုမှ အရေးယူလာတာ မရှိဘူး” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
၂၀၁၂ ဒီဇင်ဘာလက မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာသို့ အစိုးရ တပ်မတော်စစ်ကြောင်း ၀င်ရောက်လာသည့် အတွက် ရွာလူထုက ခေတ္တရှောင်ပေးစဉ် တပ်မတော်သားများက ကျေးရွာသားများ၏  ငွေကြေး၊ ပရိဘောဂ အသုံးအဆောင် များနှင့် မွေးမြူထားသော တိရိစ္ဆာန်များကို ယူငင်သွားပြီး နေအိမ်များကိုလည်း ဖျက်စီးခဲ့သည့် အတွက် ဒီဇင်ဘာလ ရ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ လွတ်တော် အမတ်များထံသို့ ပေးပို့ တိုင်ကြားခဲ့ သော်လည်း အရေးယူမှု တစုံတရာ မရှိကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ဒေသခံ ရ၀ ခန့်ကို KIA က တပ်သားသစ် စုဆောင်းခဲ့သည့် ကိစ္စကို ရပ်မိရပ်ဖများက တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစုံတရာ မရရှိဘဲ KIA ၏ ခေါ်ယူ သတိပေးခြင်းသာ ခံခဲ့ရကြောင်း မန်စီဒေသခံ တဦးက ဆိုသည်။
“ပြည်နယ် အစိုးရဘက်က ဘယ်လို ပြောသလဲ ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ တဘက်အဖွဲ့ အစည်းကို အပြစ်တင်တဲ့ အလုပ်မျိုး မလုပ်ချင်ဘူးလို့ ဆိုတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ သည်းခံနေကြဖို့ နားတောင်ချ လိုက်သေးတယ်။ ဒေသခံ ပြည်သူလူထုက ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင်  ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံ တဦးက “ကျနော်တို့ ရွာကို တအိမ်ထောင် ဆန်တတင်းနှုန်း ပေးဖို့ တောင်းထား ပါတယ်။ ရွာက အိမ်ခြေ ၁၀၀ ကျော်ဆိုတော့ ဆန်တင်း ၁၀၀ ကျော်ကို သူတို့ စခန်းကို သွားပို့ရမှာ။ ဒါပေမယ့် အဲလို သွားပို့လို့ အစိုးရ စစ်ကြောင်းနဲ့ တိုးရင် ကျနော်တို့ကို တပ်မတော် က သူပုန်ကို ထောက်ပံ့တဲ့သူဆိုပြီး ဒုက္ခပေးမှာ အသေအချာပဲ။ ဒါကြောင့် ကျနော်တို့ ငွေပေးဖို့ပဲ စဉ်းစားထား ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ကုန်းတိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ၁ အိမ်ထောင် ဆန် ၁ တင်းနှုန်း ကောက်ခံပြီး၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပေးပို့ပေးရန် KIA မလိဘာ တိုက်နယ်မှူးက အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ဆန် ၁ တင်းကို ငွေ တသောင်းတထောင် ကျတယ်။ ပေးနိုင်တဲ့သူရှိတယ်။ မပေးနိုင်တဲ့ မတတ်နိုင်တဲ့သူလည်း ရှိတယ်။ မတတ်နိုင်သူ တွေအတွက် တတ်နိုင်သူက ပေးပေးရမယ်လို့ ဆိုတယ်။ ကျနော်တို့မှာ အစိုးရ ၂ ရပ်ရှိပါတယ်။ ကေအိုင်အေ အစိုးရနဲ့ မြန်မာအစိုးရ ကျနော်တို့ကို ဘာမှ လုပ်မပေးနိုင်ပေမဲ့ ကျနော်တို့က အများကြီး လုပ်ပေးနေရပါတယ်” ဟု ကုန်းတိမ် ကျေးရွာ ဒေသခံများက ဆိုသည်။
ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်လည်း ၁ နှစ်စာအတွက် တအိမ်ထောင်လျှင် မြန်မာငွေကျပ် သုံးသောင်း KIA ကို အခွန်ဆောင် နေရပြီး သစ်လုပ်ငန်း လုပ်သူ ဒေသခံများကို တနိုင် တပိုင် သစ်သယ်ယူသည့် ဆိုင်ကယ် တစီးလျှင် ငါးထောင်ကျပ် ကောက်ယူနေကြောင်း သိရသည်။
မန်စီဒေသခံ တစ်ဦးက “စစ်တပ်ကလည်း တောင်းတာပဲ။ စစ်တပ်က တအိမ်ထောင် ဘယ်လောက် ဆိုပြီး မတောင်းတာ တခုပဲ။ သစ်လုပ်ငန်း လုပ်တဲ့သူ၊ သစ်သယ်တဲ့ ကားတွေကို ဂိတ်ကြေး၊ ဘာကြေး၊ ညာကြေး ယူနီဖောင်းနဲ့ သေနတ်လွယ်ပြီး တောင်းနေတယ်။ လုံခြုံရေး ကျတော့ ဘယ်ဘက်ကမှ ကောင်းကောင်း လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။
မန်စီဒေသသည် KIA တပ်မဟာ ၁၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၇ တို့ စခန်းချရာ ဒေသဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIA တို့ တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်ဒေသ တဝိုက်တွင် တိုက်ပွဲများ စဲသွားသော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က မန်စီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးကို KIA က ၀င်ရောက်ခဲ့သေးကြောင်း သိရသည်။
“ပေးနိုင်တာ မပေးနိုင်တာတော့ မသိဘူး။ မပေး မနေရပဲ။ မနှစ်က တိုက်ပွဲ ဖြစ်ပြီးပြီးချင်းမှာ ဒီလိုပဲ ၁ အိမ်ထောင် ဆန် ၁ တင်း
တောင်းဖူးတယ်။ ကျနော်တို့က ၁ တင်းတော့ မလုပ်ပါနဲ့ ဆိုပြီး မနည်းတောင်းပန်လို့ ၁ အိမ်ကို ဆန် ၂ ပြည်ပဲ ပေးခဲ့ရတယ်။ ခုတော့ ဘယ်လိုမှ စျေးဆစ်လို့ မရတော့ဘဲ ပေးရတော့မယ်။ ရွာက အိမ်ခြေနဲ့ဆို ဆယ့်ကိုးသိန်းနဲ့ နှစ်သောင်းလောက် ပေးရမယ်” ဟု ကုန်းတိမ်ကျေးရွာ ဒေသခံ တစ်ဦးက ဆိုသည်။
KIA နှင့် မြန်မာအစိုးရ တပ်မတော် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာစာရင်းသာ ကောက်ယူထားနိုင်ပြီး ဒေသခံ ရှမ်း၊ ကချင်၊ လီဆူး စသည့် တိုင်းရင်းသား တသိန်းခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
စစ်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသများရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်၍ အကြောက်တရားကိုပါ ထပ်ဆင့်ခံစားရပြီး ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဗန်းမော်မြို့နယ် ရှမ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

http://burma.irrawaddy.org/archives/34044
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India