March 5, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ကချင်ပြည်နယ် ဆားမှော်နှင့် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ

ချင်းမိုင်(မဇ္စျိမ) ။     ။ ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် ယနေ့ မိုးကောင်းမြို့နယ် ဆားမှော်မြို့တွင် ရောက်ရှိနေပြီး တခြားအဖွဲ့သည် ဗန်းမော်မြို့နယ် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်မှ လမ်းလျှောက်အဖွဲ့သည် ယနေ့နံနက်မိုးကောင်း မြို့နယ် သောင်နီကျေးရွာမှ ထွက်ခွာ
လာပြီး ဆားမှော်မြို့တွင် တည ရပ်နားမည် ဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ကို၀င်းချိူက မဇ္စျိမသို့ပြောသည်။

၎င်းက “ခြေထောက်နာနေတဲ့ သူတွေကို ကျနော်တို့ မြစ်ကြီးနားရောက်တဲ့ထိ သူတို့ကို ဆရာဝန်က အနားယူဖို့
 ပြောပါတယ်။ ကျနော်တို့ မြစ်ကြီးနားရောက်တဲ့ထိ သူတို့ အနားယူပါစေဆိုတဲ့ ဆန္ဒနဲ့ အခု သူတို့ကို ပို့ပါမယ်”ဟု မဇ္စျိမကို ပြောသည်။

ယင်းအဖွဲ့ထဲမှ ကျန်းမာရေးချို့ယွင်းနေသော ကိုကျော်ဝင်း၊ ကိုမောင်မောင်နှင့် ဒေါ်သန်းသန်းဝင်းတို့သည်
 ခြေထောက် ပိုင်းဆိုင်ရာ ဒူူးခေါင်း၊ အဆစ်များတွင် နာကျင်နေသောကြောင့် ဆရာဝန်က အနားယူရန် ညွန်ကြားသဖြင့် မိုးကောင်း ဆေးရုံမှတဆင့် မြစ်ကြီးနားဆေးရုံသို့ ယနေ့ ပို့ဆောင်မည် ဖြစ်ပြီး ဆေးရုံတွင် ဆေးကုသ
မှု ခံယူရင်း အနားယူစေမည် ဖြစ်ကြောင်းသူက ဆက်ပြောသည်။

ထို့ပြင် ယခုလ ၁ ရက်နေ့က ခြေထောက်တွင် အရွတ်များနာကျင်နေသော သံယာ ဦးဝဏ္ဏသီရိအား မြစ်ကြီးနား
ဆေးရုံသို့ ပို့လိုက်ပြီး ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

 မိုးကောင်းမြို့နယ် ပင်းဘော ကျေးရွာတွင် ရပ်နားစဉ် လမ်းလျှောက်အဖွဲ့ အစားအသောက်စရိတ် အနေဖြင့် အစိုးရ၏ စရဖ က ကျပ်ငါးသောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကျပ်ငါးသိန်း လှူဒါန်းခဲ့သည်ဟု ကို၀င်းချိူပြောပြခဲ့သည်။

လမ်းတလျှောက် လက်ခံရရှိသေး အလှူငွေမှာ ၂၂၇သိန်း ရရှိကာ မိုးညှင်းမြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းတခုတွင် ၁၀သိန်း၊ ရန်ကုန်ဆေးရုံကြီးနှင့်မိုးညှင်းဆေးရုံ တွင်မိုင်းထိ၍ ဆေးကုသမှု ခံယူနေသူ လေးဦးတို့အား ကျပ်တသိန်းဆီ လှူဒါန်းခဲ့ သဖြင့် စုစုပေါင်း ၁၄သိန်း လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အဖွဲ့တာဝန်ခံ လူငယ် ကိုသူရအောင်က ပြောသည်။

 “ကချင်ပြည်နယ်ထဲရောက်တဲ့အခါမှာ နှစ်ဖက် တာဝန်ရှိသူတွေ ပြည်သူတွေ အားလုံးက ကြိုဆိုကြပါတယ်။ ကျနော်
တို့က သာမန်ပြည်သူတွေပါ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အားလုံးက မက်မက်မောမော လိုချင်နေပြီဆိုတာ တွက်ဆလို့ ရပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့မှ စတင်လမ်းလျှောက်လာစဉ် လူပေါင်း ၂၂ ဦးသာ လိုက်ပါခဲ့သော်လည်း ယခု လမ်းလျှောက်သူ သံဃာနှင့် လူပေါင်း ၁၂၄ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 ဧရာဝတီမြစ် အရှေ့ဘက်မှ လိုင်ဇာမြို့သို့ လမ်းလျှောက်နေသည့် မန္တလေးနှင့် မြင်းခြံဘက်မှ ကိုသန့်ဇင် ဦးဆောင်သော အဖွဲ့သည်လည်း ယနေ့ အင်္ဂါနေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့သို့ ရောက်ရှိနေပြီး စစ်ပြေးဒုက္ခ
သည် စခန်းများသို့ သွားရောက် လေ့လာ၍ ယင်းတို့ လက်ခံရရှိသော ဆေးဝါးနှင့် အစားအသောက်ပစ္စည်းများ လှူဒါန်းခဲ့သည်ဟု ကိုသန့်ဇင်က ပြောသည်။

“မိုးမောက်မြို့မှာ နှစ်ညအိပ်ရပ်နားနေတယ်။ အခု ဒုက္ခသည်ခစန်းတွေကို သွာရောက်အားပေးစကားပြောပြီး စားသောက်စရာနဲ့ ဆေးဝါးတွေ လှူဒါန်းမလို့ ချီတက်နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ထိုအဖွဲ့သည်လည်း မူလက ၁၀ ဦးသာရှိခဲ့ရာမှ လမ်းတလျှောက်ပါဝင်လာသူများ ရှိသဖြင့် သံဃာ အပါး ၉ ပါး အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂၉ ဦး ယခု စုစုပေါင်း ၄၁ ဦး ရှိသွားပြီ ဖြစ်ကာ ယင်းတို့အားလုံး ခြေထောက်တွင် အနည်းအကျဉ်းသာ ဒဏ်ရာရကာ ကျန်းမာရေးကောင်းမွန်နေသည်ဟု ဆိုသည်။

လိုင်ဇာရောက်ရန် မိုင်ပေါင်း ၅၀ ဝန်းကျင်သာ လိုတော့သဖြင့် မနက်ဖြန်မှာ မိုးမောက်မြို့မှ ထွက်ခွာပြီး ကုန်လောကျေးရွာတွင် နှစ်ည ရပ်နားကာ ဒေါ့ဖုန်းယန်တွင် တညအိပ် ရပ်နားပြီး လာမည့် မတ်လ ၉ ရက်နေ့တွင် လိုင်ဇာမြို့သို့ ရောက်ရှိမည်ဟု ကိုသန့်ဇင်က ပြောသည်။

လမ်းလျှောက်သည် ့အဖွဲ့များ လျော့နည်းစေရန် လိုင်ဇာသွားသည့် လမ်းတလျှောက်တွင် မိုင်းများရှိနိုင်ကြောင်း အန္တရာယ်ရှိနိုင်သည်ဟု ကောလဟလသတင်းများဖြင့် ချောက်လှန့်မှုများ ရှိနေသော်လည်း ယင်းအဖွဲ့အနေဖြင့် လိုင်ဇာမြို့သို့ အရောက်ချီတက်မည်ဟု ပြောသည်။

“အစိုးရက ကာကွယ်ရေးမှာ တာဝန်ရှိတဲ့ လူတွေကို ပြောလိုက်ပါ။ ကျနော်တို့က မိုင်းရှိရင် နင်းသွားမယ်။ ကိုယ်ထောင်တဲ့မိုင်း ကိုယ်တာဝန်ယူပြီးတော့မှ ဖယ်ရှားပေးပါ။ နှစ်ဖက် စစ်တပ်ကို ကျနော်က မေတ္တာရပ်ခံတယ်”ဟု ကိုသန့်ဇင်က ပြောသည်။

လမ်းတလျှောက် ပြည်သူများလှူဒါန်းခဲ့သော အလှူငွေ ၁၃၉ သိန်းကျော် လက်ခံရရှိပြီ ဖြစ်ပြီ ယင်းအဖွဲ့အား
 ပြည်သူများ ဧည့်ခံ ကြိုဆိုခြင်း၊ နေရာထိုင်ခင်းများပေးခြင်း၊ အလှူငွေများ ပေးခြင်းသည် ပြည်သူအားလုံးသည် ငြိမ်းချမ်းရေး အမှန်တကယ်လိုလားခြင်းကို ပြသနေသည်ကို တွေ့မြင့်ရသည်ဟု ပြောသည်။

အဆိုပါ အလှူငွေများအား စစ်ပြေးဒုက္ခသည်များအား လှူဒါန်းမည့် ပမာဏ နည်းပါးသော်လည်း အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရလိုသည့် သတင်းအား ယူဆောင်လာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

လမ်းတလျှောက် မန်စီ၊ ဗန်မော်၊ မိုးမောက်မြို့များမှ စစ်ပြေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ရာ မိုးမောက်မြို့
 ရောဘတ်ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းအတွင်း လူ ၃၀၀၀ ခန့် ကြပ်တည်းစွာ ခိုလှုံနေထိုင်ရခြင်း၊ ကလေး
ငယ် ၁၀၅၀ တွေ့မြင်ခဲ့ရသလို၊ စာသင်ခန်းတွင် ရှိနေရမည့် ကလေးအခွင့်အရေးများ ဆုံးရှုုံးနေမှုများ တွေ့မြင်ခဲ့ရ
သည်ဟု သူက မဇ္စျိမကို ပြောသည်။

“သူတို့မှာ စိတ်အားငယ်စိတ်တွေ၊ စိုးရိမ်ကြောင့် ကျမှုတွေ တော်တော်များများတွေ့ရတယ။် ကျနော် စကားပြောတဲ့ အချိန်မှာဆိုရင် မျက်ရည်ကျနေတဲ့ အမျိုးသမီးတွေကို တွေ့ရတယ်။ စိတ်မကောင်းစရာတွေ တွေ့ရတယ်”ဟု ကိုသန့်ဇင်က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11066-2013-03-06-08-49-00.html

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India