April 6, 2013

UNFC အရေးပေါ်ဗဟိုသဘာပတိအဖွဲ ့ အစည်းအဝေး ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့




ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အရေးပေါ် ဗဟိုသဘာ ပတိ အဖွဲ ့ နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မီတီ အစည်းအဝေးကို ထိုင်း- မြန်မာနယ်စပ် တနေ ရာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၂၀၁၃ခုနှစ်၊ မတ်လ (၂၇)မှ (၂၉) ရက်နေ ့ အထိကျင်းပပြုလုပ်ခဲ့သော အရေးပေါ် အစည်း အဝေး တွင် ပြည်ထောင်စု ငြမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ တို ့၏ တွေ ့ဆုံဆွေးနွေးရေး အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် UNFC ၏ အနာဂါတ် တွေ ့ ဆုံဆွေးနွေး ရေး အစီအစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း ချင်းအမျိုးသားတပ်ဦး CNF ၏ သတင်းထုတ်ပြန် ချက် တွင် ဖေါ်ပြထားသည်။
ယင်းအစည်းအဝေးက ပြည်ထောင်စုအစိုးရ၏ ငြမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းကော် မီတီနှင့် တွေ ့ဆုံဆွေးနွေးရာတွင် အခြေခံရ မည် ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဝါဒ များ၊ ၂၀၀၈ခုနှစ် ဖွဲ ့စည်း ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အခြေခံမူများကို ချမှတ်ခဲ့ကြောင်း သိရသည်။
ထို ့အပြင် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လက်နက်ကိုင် အင်အားစုများ အပါ အဝင် တိုင်းရင်းသား အင်အား စုများ အားလုံး ပါ၀င်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီနှင့် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများဆွေးနွေး ရာတွင် နိုင်ငံ တကာ၏ ပါ၀င်မှုအခြေအနေများကို လည်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်တွင်းစစ်အဆုံးသတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေးအတွက်နှင့် ယင်းလုပ်ငန်း ကို နည်းမှန်လမ်းမှန်ဖြင့် မြန်မြန် ဆန်ဆန် ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း CNF ၏ သတင်းထုတ် ပြန် ချက်တွင် ဖေါ်ပြထားသည်။
UNFC ကို ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလတွင် အမျိုးသားပြည်နယ်များကို အခြေခံသော ကချင် လွတ် မြောက်ရေးအဖွဲ ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ပအို ့စ် အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ (PPLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ၀ အမျိုးသားအဖွဲ ့ချုပ် (WNO)နှင့် လားဟူ ဒီမို ကရက်တစ် အစည်းအရုံး (LDU) တို ့က မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဖွဲ ့စည်းခဲ့သည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။

http://khonumthungburmese.org/?p=1863#more-1863
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India