လျှပ်စစ်မီးပုံမှန်ရရှိနိုင်ရေးလှုပ်ရှားမှုမပြုလုပ်မီကာလတွင် (၄) ရက်မှာ (၁)ရက်သာ လျှပ်စစ် မီးရရှိရာမှ ယခု (၂)ရက်တွင် တကြိမ်မီးရရှိလာပြီဟု မတူပီဒေသခံတဦးထံမှသိရသည်။
” ကျတော်တို့  အရင်နဲ့စာရင် မီးရရှိတဲ့အချိန်က နည်းနည်းစေ့သွားတာပေါ့၊ နှစ်ရက်မှာ တကြိမ်ရပါပြီ၊ ဒါပေမဲ့ ပုံမှန်တော့ လိုချင်တာပေါ့” ဟု အစိုးရ၀န်ထမ်းတဦးက ဆိုသည်။
ယခုလိုလျှပ်စစ်မီးရရှိသည့်အချိန် အနည်းငယ်စေ့လာခြင်းသည် (၆၄) ကီလိုဝပ်ခန့် ရှိသည့် နမ်လောင်းရေအား လျှပ်စစ်နှင့် (၂၅) ကီလိုဝပ်ရှိသည့် ကူဗိုတာအင် ဂျင်ပေါင်းပြီး မြို့ တွင်း မီးဖြန့် ဖြူးနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ထိုသို့ လျှပ်စစ်မီးပိုမိုရရှိခြင်းသည် ယခင်က အင်ဂျင်စက် ဖြင့်မီးဖြန့် ဖြူးမှု မပြုလုပ်ပဲရေအား လျှပ်စစ်မှရရှိသော မီးအား ကိုသာ အသုံးပြုသောကြောင့်ဖြစ်သည်ဟု သိရသည်။
“အရင်က အင်ဂျင်စက်က စက်ချို့ ယွင်းချက်ရှိတယ်၊ ဘာညာဆိုပြီး အကြောင်းအမျိုးမျိုးပြ ကြတယ်၊ စက်က ကောင်း ပါတယ်။ အစိုးရကနေ တလအတွက် ဒီဇယ်ဂါလံ ၃၀၀ အမြဲထောက်ပံ့ခဲ့ပေမဲ့ အဲဒီ ဒီဇယ်တွေ ဘယ်ပျောက်နေမှန်း မသိဘူး” ဟုဒေသခံတဦးက ဆိုသည်။
လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှုနောက်ပိုင်း မတူပီမြို့ပေါ်လျှပ်စစ်မှူး ဦး ထောင်မုန်းမန်း (Thawng Mon Mang) က ဒီဇယ် ဆီကို အင်ဂျင်စက်အတွက် အသုံးပြုလာခဲ့ကြောင့် မီးရရှိမှု တိုးတက်လာခဲ့သည်ဟု လည်း ပြောကြသည်။
မတူပီမြို့ ပေါ် စံဘောင်ရပ်ကွက်မှအပ ကျန်သည့်ရပ်ကွက်များဖြစ်သည့် ငလားရပ်ကွက် ရပ်မိရပ်ဖများမှ ၁၈ ဦး၊ ခိုဘွေရပ်ကွက်မှ ၁၈ဦးနှင့် လောင်ဗန်း ရပ်ကွက် ရပ်မိရပ်ဖ ၄၆ဦး စုစုပေါင်း ၈၂ ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် သက် ဆိုင်ရာသို့ ပေးပို့ ခဲ့ခြင်းဖြစ် သည်။
တင်ပြစာတွင် လျှပ်စစ်နေ့ စဉ်ပုံမှန်ရရှိနိုင်ရေး၊ မြို့ ပေါ်တွင် ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိ ပဲတန်းတူ လျှပ်စစ်မီးရရှိနိုင်ရေးနှင့် ရေအားလျှပ်စစ်ဓါတ်အား စက်ပိုင်းဆိုင်ရာ ချို့ ယွင်း မှုရှိပါက နိုင်ငံတော်မှ ပံ့ပိုး သော လောင်စာဆီကို အသုံး ပြုပြီးနိုင်ငံ တော်မှပံ့ပိုးသည့် စက်အားဖြင့် မီးဖြန့် ဖြူးရေး စသည်တို့  ပါဝင်သည်။
http://khonumthungburmese.org/?p=406