“ စစ်ဗျူဟာ တခုဖြစ်တဲ့ တပ်ရင်း (၃) ရင်းနဲ့ကို ၀င်တိုက်တာပါ။ ကျနော်တို့ တပ်ဖွဲ့ကလည်း ပန်းဆေးဒေသက မူးယစ်ဆေး ဝါး သယ်ဆောင်လာတဲ့ လူငယ် တစ်ဦးကို ဖမ်းမိရာက တိုက်ပွဲတွေ ပိုပြင်းလာတာ ဖြစ်ပါတယ်။ အဲဒီ လူငယ်ကို ထာတ်ကျဲတ် ဘုရားတောင်ကုန်း အနီးမှာ ရှိတဲ့ စခန်းထဲမှာ ထိန်းထားတယ်လေ။ အဲဒီစခန်းကို လာတိုက်တော့ ကျနော်တို့ ဘက်က ဆုတ်ပေးလိုက်ရတာပေါ့” ဟု ဆိုပါသည်။
မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အသက် (၂၂) နှစ် အရွယ်ရှိသည့် တရုတ်လူမျိုး လူငယ်အား နမ့်ခမ်း- မန်တုံ ကား လမ်း မိုင်းဝီးကျေးရွာ အနီးတွင် ပြီးခဲ့သည့် နိုုဝင်ဘာလ (၅) ရက်နေ့တွင် ဖမ်းမိခဲ့ပါသည်။ ထိုအချိန်မှ စပြီး အစိုးရ တပ်ဖွဲ့မှ တပ်ရင်း (၃) ရင်းဖြင့် ထိုးစစ်ဆင်နေခဲ့ပါသည်။
ထိုတရုတ် လူငယ်ထံမှ ဖမ်းဆီးထားသော ပစ္စည်းများမှာ ယာဘ စိတ်ကြွဆေးပြား ငါးသောင်း၊ တရုတ်ဖုန်း (၁) လုံး၊ ဆိုင် ကယ်တစ်စီး၊ မြန်မာ CDMA ဖုန်းတလုံးနှင့် ကျပ်ငွေ (၂၀၀၀၀) တို့ဖြစ်သည်။ ထို စိတ်ကြွဆေးသည် ပန်းဆေးဒေသခံ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးလောဝူး မှ ဖြစ်ကြောင်း လူငယ်က ထုတ်ဖော် ပြောကြား ထားပါသည်။
ထိုလူငယ်ကို လွှတ်ပေးရန်လည်း ဖိအားပေးခဲ့ပါသည်။ လွှတ်မပေးသဖြင့် နိုဝင်ဘာလ (၇) ရက်နေ့မှ စတင်ကာ မန်တုံမြို့ အခြေစိုက် ခလရ ၁၃၀ တပ်ရင်းမှ တအာင်း(ပလောင်) တပ်ဖွဲ့ရှိမည် ထင်သည့် နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ပါသည်။
ယမာန်နေ့၌ ဖြစ်ပွားသည့် စခန်းသိမ်းတိုက်ပွဲသည် (၃) နာရီ ကျော်ကြာ တအာင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ပြီးမှ ဆုတ်ခွာ ပေးလိုက်ရခြင်း ဖြစ်ပါသည်။ အစိုးရတပ် ဖွဲမှ (၂) ဦးကျ၊ (၃) ဦး ဒဏ်ရာ ရရှိပြီး ဗိုလ်ကြီး တစ်ဦး ဒဏ်ရာပြင်းထန် စွာ ရရှိသွားခဲ့သည်ဟု မျက်မြင် ဒေသခံ တွေက ပြောကြားကြောင်း တအာင်းတပ်ဖွဲ့ ဖက်မှ ပြောပါသည်။
ဤပြသနာတွင် တရုတ် မူးယစ်ဆေးဝါး သယ်ဆောင်သူ လူငယ် တဦး အဖမ်းခံရခြင်းကြောင့် အစိုးရ နယ်ခံ တပ်က စစ်ဆင်ရေး အဆင့်ဖြင့် စခန်း သိမ်းတိုက်ပွဲ ဆင်နွှဲရသည့် အမြင်မှာ မဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက ဆိုပါသည်။ သို့သော် ဤ မူးယစ်ဆေးဝါး လမ်းကြောင်းကို ပလောင်တို့ဖက်က လွှမ်းမိုးလာနေသည့် အခြေအနေဖြစ်လာပါ ဤလမ်းကြောင်းကို ပြန်လည် စိုးမိုးနိုင်ရန် စစ်ဆင်ဖွယ်ရာ ရှိပါသည်။
အဘယ့်ကြောင့် ဆိုသော် ဤမန်တုံ၊ နမ့်ခမ်းဒေသမှ အရှေသံလွင်မြစ်အထိ ကျယ်ပြောသော ဧရိယာသည် ဘိန်းစိုက်ဧရိယာ ဖြစ်ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2318-2012-11-05-12-28-54.html
ဤနေရာတွင် အစိုးရ တပ်ဖွဲ့များက လုံခြုံရေး အရ လွှမ်းမိုးနေသော ဧရိယာဖြစ်ပါသည်။ တအာင်းတပ်ဖွဲ့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို ဆောင်ရွက်နေပါသည်။ လူထုပညာပေးခြင်း၊ မူးယစ်မှောင်ခိုများအား ဖမ်းဆီးအရေးယူခြင်းနှင့် မူး ယစ်စက်ရုံများအား ဖျက်ဆီးခြင်း ရည်ရွယ်ချက်နှင့် အကောင်အထည် ဖေါ်နေပါသည်။
ယမာန်နေ့က တအာင်(ပလောင်) တပ်စခန်း အသိမ်းခံရခြင်းသည်၊ မူးယစ်ဆေး မှောင်ခိုသူ တရုတ် လူငယ်တဦး အဖမ်းခံရ ခြင်းကိစ္စထက်၊ မူးယစ်ကုန်သွယ်မှု လမ်းကြောင်းအပေါ်တွင် တအာင် (ပလောင်) တပ်ဖွဲ့တို့၏ လွှမ်းမိုးမှုကို တန်ပြန်လိုက်ခြင်း သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2340-2012-11-10-07-24-55.html