November 1, 2012

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ကြရန် UNFC နှင့် NCUB သဘောထားထုတ်ပြန်





မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဂုဏ်သိက္ခာရှိသော ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်ကြရန် ရည်ရွယ်၍ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားကောင်စီ-NCUBတို့က ယနေ့ ပူးတွဲသဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားအတိုက်အခံအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေ ချိန်၌ ကချင်ပြည်နယ်အပြင် သျှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ထိရောက် အောင် ပူးပေါင်းလုပ်ဆောင်ကြရမည်ကို မီးမောင်းထွန်းပြလိုသောကြောင့် ယခုလို သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း UNFC တွဲဖက်အတွင်းရေးမှူး(၂) ခွန်ဥက္ကာက ပြောသည်။
ခွန်ဥက္ကာက “အပစ်အခတ်ရပ်စဲရေးတွေ ခိုင်မာအောင် လုပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်ဆိုရင်တော့ ပြည်တွင်းက ထောက်ခံမှုကိုလည်း လိုပါတယ်။ ပြည်တွင်းအင်အားစုတွေ ကျနော်တို့အပေါ် ထောက်ခံရင် အစိုးရက အခွင့်ကောင်းယူပြီး လှည့် စား၊ အသုံးချလို့ မရအောင် ၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် UNFC နှင့် NCUB တို့၏ ပူးတွဲကြေညာချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ အနာဂတ် ဘဝတစ်လျှောက် အေးချမ်းသာယာစွာ ရာသက်ပန် နေထိုင်နိုင်ရန်၊ သမ္မတဦးသိန်းစိန်၏ အဓိက ရည်ရွယ်ချက်ဖြစ်သော ဂုဏ် သိက္ခာရှိသည့် ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ၂၀၁၂ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သည့် ရလာဒ်များကို ရရှိရန် ၎င်းတို့အနေဖြင့် ဆန္ဒပြုသည်ဟု ဖော်ပြထားသည်။
တစ်ဆက်တည်းမှာပင် သမ္မတနှင့် မြန်မာ့တပ်မတော်တို့သည် နိုင်ငံတော်၏ စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိ က တာဝန်ရှိသူများ ဖြစ်သည့်အလျောက် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် အကြမ်းဖက် ပဋိပက္ခများကို ချွင်း ချက်မရှိ ရပ်စဲပေးရန်လည်း ထိုကြေညာချက်တွင် တောင်းဆိုထားသည်။
ဆက်လက်၍ ခွန်ဥက္ကာက “ကျနော်တို့ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေ ပူးပေါင်းပြီးတော့ စစ်မှန်ပြီး ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်း ရေးရရှိဖို့၊ ၂၀၀၈ဖွဲ့စည်းပုံကို မဖြစ်မနေ ၀ိုင်းပြင်မယ်။ ဒါတွေပြီးမှ ပဋိပက္ခတွေကြားထဲမှာ အဖက်ဖက်ကနေ ပျက်စီးနေတဲ့ တိုင်း ပြည်ကို ပြန်လည်ထူထောင်ဖို့ဆိုတဲ့ ဦးတည်ချက် ၃ခုနဲ့ ရှေ့ဆက် သွားကြပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်မှ ၂၇ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် UNFC ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်းမှ ခေါင်းဆောင်အ ချို့တို့ကို တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ ပူးပေါင်းသွားရန် သဘောတူခဲ့မှုများ ရှိခဲ့သည်ဟု သိရ သည်။
အောက်တိုဘာလ ၂၈ရက်နေ့ကလည်း မြန်မာပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)က တိုင်းပြည်၏ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အား စုများအားလုံး အမြန်ဆုံး အကောင်အထည်ဖော်ကြရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
UNFC ကို ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ သျှမ်းပြည်တပ်မ တော်မြောက်ပိုင်း(SSA-N)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ၀’အမျိုးသားအဖွဲ့ချုပ် (WNO)နှင့် လားဟူဒီမိုကရက် တစ်သမဂ္ဂ (LDU) အဖွဲ့တို့ ပါ၀င်သည်။
အလားတူ NUCB ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန် မြန်မာဒီမို ကရေစီအင်အားစုအပြင် ကရင်၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘၀’ တိုင်းရင်းသားအဖွဲ့တို့ ပါ၀င်သည်။

http://www.kicnews.org/?p=13972
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India