Tuesday, January 15, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ
အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့
မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို
ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို
ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ
ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး
ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက
ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။
" မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းတွေကို
နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်းနီးတယ်လေ၊ ပြည်သူလူထုတွေ
စိတ်ချမ်းချမ်းသာသာစားနိုင် သောက်နိုင်အောင် ကျွန်တော်တို့ကတော့
ငြိမ်းချမ်းရေး အမြန်ရချင်တယ်"
အစိုးရတပ်တွေ အခြေစိုက်တဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မျောက်ဖြူရွာတွေကနေ
ဖားကန့်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ၁ မိုင်ကနေ ၄
မိုင်အကွာအဝေးမှာရှိတဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်ရာ လမောင်ကုန်း၊
မှော်မောင်းလျန်၊ ဆိုင်းဂျာဘွမ်၊ ဗလခ၊ မှော်မောင်းကုန်းစတဲ့ ရွာတွေဘက်မှာ
အပြန်အလှန် ပစ်ခတ်တိုက်ခိုက်သံအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ကြားရတယ်လို့
ဒေသခံတွေက ဆိုပါတယ်။
http://www.rfa.org/burmese/news/phar-kant-school-01152013070658.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,သတင်း
Email This
BlogThis!
Share to Facebook