ဒါပေမယ့် အင်းတော်မြို့နယ်တွင်းရှိ လူနေအိမ်တွေပါ တုန်ခါသွားပြီး မြို့ခံလူထုတွေ အထိတ်တလန့်ဖြစ်ကုန်ကြရတယ်လို့ အင်းတော်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောသွားပါတယ်။
"ကျွန်တော်တို့ ဘူတာကို သွားစုံစမ်းတဲ့အခါမှာ ဗုံးပေါက်ကွဲတာမှန်တယ်၊ မနေ့က နဘားဘူတာမှာ ရပ်နားထားရတဲ့ မြစ်ကြီးနား-မန္တလေး အမြန်ရထားဟာလည်း ဒီနေ့ညနေ ၃နာရီလောက်မှာပဲ မန္တလေးကို ဆက်လက်ထွက်ခွားသွားပါတယ်၊ ဗုံးပေါက်ကွဲတဲ့နေရာကို သက်ဆိုင်ရာက ညတွင်းချင်းပဲ ပြန်လည်ပြင်ဆင်ခဲ့တာကြောင့် မီးရထားလမ်းကလည်း ပြန်လည်ကောင်းမွန်သွားပြီး ပုံမှန်သွားလာနိုင်နေပြီ"
ဗုံးပေါက်ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းတံတားနဲ့ ကပ်လျက်ရှိတဲ့ နဘားကနေ ကသာသွားတဲ့ ရထားလမ်းတံတားတွေရဲ့ သံတိုင်တွေ ကွေးကောက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒီကနေ့ မွန်းလွဲပိုင်းအထိ ရထားတွေ အသွားအလာ ရပ်ဆိုင်းထားရပါတယ်။
ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိသလဲဆိုတာကို မေးကြည့်တဲ့အခါ ဦးရှင်းသန့်က အခုလိုပြောပါတယ်။
"ညကြီးမိုးချုပ်လည်းဖြစ်တယ်၊ သက်သေကလည်းမရှိတော့ အခုဒီဗုံးပေါက်ကွဲမှုက ပြောဖို့တော့ အတော်ခက်ပါတယ်"
http://www.rfa.org/burmese/news/sagaing-inntaw-01162013060808.html