၀ိတိုရိယ ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ချင်းအမျိုးသားတပ်မတော် အပတ်စဉ် (၂၁) အခြေခံစစ် သင်တန်းသို့ ဥက္ကဌ အပါအဝင် အထွေထွေအတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ်နှင့် ဗျူဟာမှူးများလည်း ပါ၀င်တက်ရောက်ကြောင်း သိရသည်။
ဥက္ကဌက အမှာစကားပြောကြားရာတွင် အခြေခံစစ်သင်တန်းဆိုတာ ရဲဘော်တွေ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ခံနိုင်ရည် ရှိရေး၊ ကျန်းမာ ကြ့ံခိုင်ရေး၊ ၀ိရိယ ရှိရေး၊ စည်းကမ်းလိုက်နာရေး ၊ စည်းလုံးညီညွတ်ရေး အတွက် ပြုလုပ်ခြင်းဖြစ် ပြီး ရဲဘော်သစ် တွေ အနေဖြင့် အပတ်တကုတ် ကြိုးပမ်းကြဘို့ လို အပ်ကြောင်း မှာကြားခဲ့သည်။
ထို့အပြင် ဘိုးဘွားစဉ်ဆက် ချင်းမျိုးချစ်တွေအနေနဲ့ ဗြိတိသျှတို့ကို သူ့ကျွန် မခံလိုမှု၊ မျိုးချစ်စိတ်ဓါတ်ပြင်း ထန်မှု တို့ကို အခြေ ခံပြီး စည်းလုံး ညီညွတ်မှု အားနဲ့ တော်လှန်တိုက်ခိုက်ကြကြောင်း အဲဒါကို ရဲဘော်တွေ အတုယူသင့်ကြောင်း သမိုင်းအ ထောက်အထားများနဲ့အတူ ဆက်လက် မှာ ကြားသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခုနှစ် တွင် ကချင် ကေအိုင်အိုထံတွင် အခြေခံစစ်ပညာကို ရယူပြီး ချင်းအမျိုး သားတော်လှန်ရေး တိုက်ပွဲကို ဆင်နွဲလာခဲ့သည်မှာ ယခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ၂၅ နှစ်တင်းတင်း ပြည်တော့ မည်ဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် UNFC တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါ၀င်လျက် ရှိသည်။
http://burmese.bnionline.net/index.php/news/khonumthung/12696-cnf--cna--.html