July 29, 2012

နိုင်ငံရေး ဇာတ်ခုံပေါ်က သမ္မတကြီး၏ ခြေလှမ်းများနှင့် တွေ့ဆုံဆွေးနွေးရေး ဇာတ်ဝင်ခန်း

Vol(1)No(5)
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအ တိုက်အခံအဖြစ်အခိုင်အမာရပ်တည်ပြီး ဒီမိုကရေစီတော်လှန်ရေးတွင် ဘ၀ ကိုမြှုပ်နှံထားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသုဝေ သည် သမ္မတကြီးနှင့်ပထမဆုံးအ ကြိမ် လက်ဆွဲနှုတ်ဆက်နေချိန်တွင် ပီတိအပြုံးများသည် နှစ်နှစ်ဆယ် အမောကို ပြေပျောက်စေခဲ့သည်။ အလားတူ သမ္မတကြီးနှင့်မဟာ မိတ် ၁၀ ပါတီမှ ပါတီခေါင်းဆောင် များသည် ထိုနည်းတူစွာ ၀မ်းမြောက် နေကြပုံမှာ ဒီမိုကရေစီကူးပြောင်း ရေးခရီးစဉ်၏ အားအင်များသာဖြစ် လေသည်။ ယင်းနေ့သည် မြန်မာ့ သမိုင်းတွင် ထင်ဟပ်နေမည့်နေ့တစ် နေ့ဖြစ်သည့် သမ္မတကြီး၏ ဖိတ် ကြားချက်အရ မဟာမိတ်ပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် ပထမ ဆုံးတွေ့ဆုံကြခြင်းဖြစ်သည်။သမ္မတ ကြီးက အဆိုပါအတိုက်အခံခေါင်း ဆောင်များကို  နိုင်ငံတော်တည် ဆောက်ဖော် တည်ဆောက်ဖက် အနေဖြင့် လိုက်လံနှုတ်ဆက်နေ သည့် မြင်ကွင်းမှာ ကျက်သရေရှိလှ ပေသည်။
လူလူချင်းအမုန်းတရားမရှိစနစ်ကို သာ တော်လှန်တိုက်ခိုက်ခဲ့ကြသည် ဟုဆိုကြသော အဆိုပါအတိုက်အခံ ခေါင်းဆောင်ကြီးများသည် သမ္မတ ကြီးနှင့် အတူလက်တွဲဆောင်ရွက် ကြမည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးအတွက် ပြုပြင်ပြောင်းလဲရေးကိုလိုလားသူများ နှင့်လက်တွဲဆောင်ရွက်ရန် အဆင် သင့်ဖြစ်နေသော သမ္မတကြီးသည် ပြည်တွင်းအင်အားစုအပြင် ပြည်ပ မြန်မာ့နိုင်ငံရေးအင်အားစုများနှင့် လည်း တွေ့ဆုံဆွေးနွေးရန်အလား အလာရှိသည်။
ဆယ်စုနှစ်ပေါင်းငါးခုကြာဖြတ် သန်းခဲ့ရပြီးနောက်တွင် တစ်ကျော့ ပြန်တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံ တော်သမ္မတကြီးက ဦးဆောင်နေ ပြီဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် အစောပိုင်းကာလတွင် အတိုက်အခံ ခေါင်းဆောင်များနှင့် လက်နက်ကိုင် ခေါင်းဆောင်များကို   နိုင်ငံဖွံ့ဖြိုးရေး အတွက် စားပွဲ ၀ိုင်းပေါ်တွင်အတူတကွလုပ်ဆောင်  ကြရန် စွမ်းဆောင်ခဲ့သည်။
မအောင်မြင်ခဲ့သောအဆိုပါ စွမ်းဆောင်မှုကို ပြန်လည်အသက် သွင်းရန် ၁၉၉၀ ခုနှစ်မှစ၍ အတိုက် အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်နှင့်အဖွဲ့သည် တွေ့ဆုံဆွေး နွေးရေးလမ်းစဉ်ကို စွဲကိုင်ကာ ဆယ် စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြ သည်။
လက်ရှိအခြေအနေတွင်မူ ပြည်သူအများမျှော်လင့်နေသည့် အဆိုပါလမ်းစဉ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   နိုင်ငံကိုမောင်း နှင်မည့် သူများက ဟန်ချက်ညီညီ စွမ်းဆောင်နေကြပြီဖြစ်သည်။
ယင်းအတွက် တစ်ဖက်နှင့်တစ် ဖက် နားလည်မှု၊ သဘောထားကြီး မှုများ ပိုမိုလိုအပ်လာပြီး သမိုင်းဆိုး များနှင့် ထပ်မံမကြုံတွေ့စေရန် ကျော်လွှားနိုင်ကြရမည်ဖြစ်သည်။
သမ္မတကြီးသည် အစောပိုင်း ကာလတွင် အဓိကအတိုက်အခံနှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့ပြီး နောက်  လက်ရှိအချိန်တွင် တစ်ချိန် ကဖမ်းဆီးချုပ်နှောင်ထားသည့် အတိုက်အခံများနှင့် တွေ့ဆုံဆွေး နွေးရေးကို စတင်လုပ်ဆောင်နေကြ ပြီဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး အင်အားစုများ၏ ဘက်ပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ရန် စွမ်းဆောင်သွား မည်ဖြစ်သည်။
တစ်ဖက်တွင်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့်တွေ့ဆုံဆွေးနွေးရေးကို ပြည် ထောင်စုအဆင့် အောင်မြင်ချိန်တွင် လက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတကြီးကိုယ်တိုင် နိုင်ငံဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်သွား ရန် အစီအစဉ်ရှိသည်။
“တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရန်အခြေခံအားဖြင့် ဒီမိုကရေစီတည်ရှိနေရန်လိုအပ်သည်။ ယင်းမှသာ တိုးတက်မှုကို ဆုပ်ကိုင် ထားနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီ တည်ရှိနေရန်အတွက် ပြည်တွင်း ငြိမ်းချမ်းရေးလိုအပ်သည်။ ငြိမ်းချမ်း ရေး မရှိပါက ဖွံ့ဖြိုးမှုကို ရရှိနိုင်မည် မဟုတ်ပေ။ ယင်းအတွက် တိုးတက် မှုဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးမှာ ရောယှက်နေမည်မှာ အမှန်ပင်ဖြစ် သည်။ သမ္မတကြီး၏ တိုင်းပြည် တည်ဆောက်ရေးတွင် ယခုကဲ့သို့ သော တွေ့ဆုံဆွေးနွေးရေးလုပ် ဆောင်ရာတွင် အန္တရာယ်နှင့်အခွင့် အလမ်းများရှိနေမည်ဖြစ်သည်။ အန္တရာယ်ကိုသာထိုင်ကြည့်နေပါက အလုပ်ဖြစ်လာမည်မဟုတ်ပေ။ အန္တရာယ်များနည်းလာပြီး အခွင့် အလမ်းများပိုမိုဖြစ်ပေါ်လာစေရေး အတွက် ၀ိုင်းဝန်းအားပေးလုပ် ဆောင်ကြရမည်သာဖြစ်သည်။
သမ္မတကြီး၏ မဟာမိတ်ပါတီ ၁၀ ပါတီခေါင်းဆောင်များနှင့်တွေ့ ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေမှု အပေါ် အမျိုးမျိုးဘာသာပြန်ဆိုနိုင် သည်။ စစ်မှန်မှုနှင့် မည်မျှယုံကြည် နိုင်မှုကို သံသယရှိသူများလည်း ရှိ နေကြသည်။
“ကောင်းတဲ့ဘက်ကပဲကြည့် သင့်တယ်။ အားရှိတဲ့သူကတော့ အတုအယောင်တွေ လုပ်နေစရာ မလိုပါဘူး” ဟု မြန်မာ့နိုင်ငံရေး   လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။
အဆိုပါအတိုက်အခံပါတီ ခေါင်းဆောင်များနှင့် ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွား ကြမည်ဖြစ်ပြီး နှစ်ဖက်စလုံးတွင် ယုံကြည်မှုပိုမိုမြင့်တက်လာခဲ့ကြောင်း သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ပါတီခေါင်းဆောင်တစ်ဦးက မှတ် ချက်ပြုသည်။
“သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ တုန်းက အန်ကယ်တို့ဘက်က တင် ပြတောင်းဆိုမှုအားလုံးကို သမ္မတက လုပ်ဆောင်ပေးမယ်လို့ ကတိရခဲ့ တယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင် မောင်ဆွေကဆိုသည်။
နောက်ကျကျန်ခဲ့သော နိုင်ငံ တစ်နိုင်ငံအနေဖြင့် အချိန်မရှိတော့ ပြီဖြစ်၍ ပေါ်ပေါက်နေသော အခွင့် အလမ်းများသို့ ယခုထက်ပိုမိုအကျိုး ရှိစေရန် သံသယများဖျောက်ပြီး တိုးဝင်လုပ်ဆောင်ကြရတော့မည် ဖြစ်သည်။
စီးပွားရေးပညာရှင် ဒေါက် တာအောင်ထွန်းသက်က “ရင်ဘတ် ထဲကိုမြှားစိုက်တာ ဒီမြှားဘယ်က လာတယ်။ ဘယ်သူပစ်တာလဲလုပ် နေမယ့်အစား ဒီမြှားကို အရင်ထုတ် လိုက်ဖို့လိုတယ်။ အရေးကြီးတာက မြန်မြန်ထုတ်လုပ်ဖို့ပဲ” ဟု မှတ်ချက် ပြုပြောဆိုသည်။
သမ္မတကြီး၏တွေ့ဆုံဆွေးနွေး   ရေးကို အင်အားကြီးစေရန် အ ထောက်အကူပြုစေသည့်အဓိက အချက်တစ်ချက်မှာ ပြည်ထောင်စု ၀န်ကြီးများနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ၏ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက်ပြည်ထောင်  စုဝန်ကြီး ဦးအောင်ကြည်နှင့် ပဏာ မဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ နိုင်ငံရေးအင်အားစုများ၏ ဘက် ပေါင်းစုံမှ ခေါင်းဆောင်များနှင့်   တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် ဦးစိုးသိန်းအပါအ၀င် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ က အဓိကကူညီပံ့ပိုးပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့၏ ငြိမ်းချမ်းရေးစွမ်းဆောင်မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် လက်တစ်ကမ်းသာ လိုတော့ သည်။ ယင်းကဲ့သို့ ဆန့်ကျင်ဘက်နှစ် ခုကို စားပွဲဝိုင်းပေါ်သို့ ဆွဲညှိပေးနိုင် ရန် အတွက် နှစ်ဘက်စလုံးမှ အတိုင်းအတာတစ်ခုအထိ ယုံကြည် လက်ခံထားသော ပညာရှင်များစုဖွဲ့ ထားသည့် အကျိုးဆောင်အဖွဲ့၏ စွမ်း ဆောင်မှုများလည်း  တွေ့မြင်နေရပြီ ဖြစ်သည်။
ကူးပြောင်းရေး ကာလတွင် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိ ပြီး သဘောထားကြီးစွာလုပ်ဆောင် မှသာလျှင် ဒီမိုကရေစီပန်းတိုင်ကို   ချောမွေ့စွာဦးတည်သွားနိုင်မည် ဖြစ် သည်။ ပွင့်လင်းလာသည့် လူမှုအဖွဲ့ အစည်းများကလည်းအုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် ဥပဒေ ပြုရေးမဏ္ဍိုင် တို့ကို ယခုထက်ပိုမို ၍ ဃ့နခု ရြေူညေခန ပြုလုပ်နိုင် လာကြရမည်။
သမ္မတကြီး၏ အဆိုပါတွေ့ဆုံ ဆွေးနွေးရေးလမ်းစဉ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအများ စုက လက်ခံလာကြပြီး ငြိမ်းချမ်း ရေးကို လက်နက်ဖြစ်တိုက်ယူ၍ မရ နိုင်သည်ကို သဘောပေါက်လာခဲ့ ကြသည်။
“အခုလိုမျိုး သမ္မတရဲ့ ငြိမ်း ချမ်းရေး ရေစီးကြောင်းမှာ ကျွန် တော်တို့ ၀င်ရောက်မစီးမျှောရင် ကျန်ခဲ့မှာပေါ့”ဟု ပြည်ထောင်စုအ ဆင့် ငြိမ်းချမ်းရေးဆွေးနွေးထား သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ပြောရေးဆို ခွင့်ရှိသူက သုံးသပ်ပြောဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ ခေါင်းဆောင်တချို့ သည် ဒုတိယသမ္မတအဆင့်ထိ တွေ့ ဆုံဆွေးနွေးမှုများကို   ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။
သမ္မတကြီး၏တွေ့ဆုံဆွေးနွေး  ရေး ခြေလှမ်းများ၏ အကျိုးဆက် အားဖြင့် အနောက်နိုင်ငံများ၏ စီး ပွားရေးပိတ်ဆို့ထားမှု များကို ဖြေ လျှော့လာနိုင်စေခဲ့သည်။ ဒီမိုကရေ စီနိုင်ငံများ၏ ယုံကြည်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ရယူနိုင်ခဲ့ သည်။
အိမ်နီးချင်းနိုင်ငံများသို့လည်း ချစ်ကြည်ရေးခရီးစဉ် သွားရောက် ခဲ့ပြီး နိုင်ငံအရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများကို ပြုလုပ်နေပြီဖြစ် သည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံရေး သမားတစ်ဦးသည်တစ်ချိန်တွင်တိုင်း ပြည်၏ အမြင့်ဆုံး အာဏာကို ရယူ ရန် ကြိုးစားကြစမြဲဖြစ်သည်။ လက် ရှိအာဏာရ သမ္မတကြီးသည်လည်း တစ်ကျော့ပြန်လာမည့်ရွေးကောက်ပွဲ တွင် အာဏာကို ဆက်လက်ထိန်း သိမ်းထားနိုင်ရန်အတွက် ပြည်သူလူ ထု၏ ယုံကြည်ထောက်ခံမှုများရရှိ ရန် လိုအပ်သည်။
ယခုတွေ့ဆုံဆွေးနွေးနေသော အတိုက်အခံခေါင်းဆောင်များသည် အနာဂတ်တွင် တိုင်းပြည်၏ သမ္မတ တာဝန်ကို ထမ်းဆောင်လာနိုင်သည့် သူများလည်းပါဝင်သည်။ အဆိုပါ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးနေ သော သမ္မတကြီးသည် အလျှော့ ပေးမှု၊ နားလည်မှုများဖြင့် လုပ် ဆောင်နေသည်ကို တွေ့မြင်ကြရ မည်ဖြစ်သည်။
စစ်တမ်းများအရ ပြည်သူလူ ထု၏ ယုံကြည်ထောက်ခံမှုမြင့်တက် လာသော သမ္မတကြီး၏အဆိုပါ တွေ့ဆုံဆွေးနွေးရေးကို ၀မ်းမြောက် ကြိုဆိုကြောင်း ပညာရှင်များက တ ညီတညွတ်တည်းပြောဆိုကြသည်။
ယင်းကဲ့သို့သော တွေ့ဆုံဆွေး နွေးခဲ့ရမှုအားလုံးတွင် သမ္မတကြီးအ နေဖြင့် ဆုံးရှုံးနစ်နာမှုများမရှိသည့် အပြင် ဒီမိုကရေစီကူးပြောင်းရေးအ တွက် အားအင်များပိုမိုရရှိကြောင်း သမ္မတကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့ဖူး သည့် အတိုက်အခံခေါင်းဆောင် များကသမ္မတကြီး၏ပြောကြားချက် ကို ကိုးကားပြောဆိုသည်။
ဒီမိုကရေစီစနစ်၏ သဘောသ ဘာဝအရ နိုင်ငံ့ခေါင်းဆောင်များ သည်အာဏာရှင်ကဲ့သို့ လုပ်ချင် တိုင်းမလုပ်နိုင်အောင် ထိန်းညှိုနိုင် စွမ်းရှိသည့် အတိုက်အခံနှင့် လူမှုအ ဖွဲ့အစည်းများ စွမ်းဆောင်ရည်မြင့် မားပြီး အင်အားတောင့်တင်းမှသာ ပြည်သူများမျှော်လင့်နေသည် ဒီမိုက ရေစီနိုင်ငံတော်ဆီသို့အရောက်လှမ်း နိုင်မည်ဖြစ်သည်။
လွတ်လပ်ရေးရယူပြီးနောက် မည်သည့်အခါမှ မအောင်မြင်ခဲ့ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေး သည်ယခုအခါလက်ဆွဲနှုတ်ဆက်နေ ပြီ၊ ဆယ်စုနှစ်များစွာ ထိန်းချုပ်ခံ ထားရသည့် အတိုက်အခံများလည်း လွှတ်တော်အတွင်းသို့ ရောက်ရှိနေ ပြီဖြစ်သည်။
နိုင်ငံတကာမှတ်ချက်ပြုကြ သည့်အတိုင်း မြန်မာနိုင်ငံတွင်ရောင် နီလင်းလက်လာနေသည်ကိုတွေ့မြင် နေရပြီဟု ဆိုကြသည့်အတိုင်း မိုးသောက်အချိန်သို့ ကူးလူးစွမ်း ဆောင်ကြရမည်ဖြစ်သည်။
မိုးသောက်ချိန်မရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးနေ၀င်း၏တွေ့ဆုံဆွေး နွေးရေးခရီးစဉ်ကဲ့သို့ နောက်ပြန်မ လည်စေရန်   ပြည်သူအများ စိုးရိမ်နေ သော်လည်း စနစ်မတူသည့်အတွက် အကောင်းဘက်ကိုသာ ရှုမျှော်ကြ ရန် ပညာရှင်များနှင့်အတိုက်အခံ ခေါင်းဆောင်များက သုံးသပ်ကြ သည်။မည်သို့ပင်ဆိုစေကာမူ နိုင်ငံ ရေးဇာတ်ခုံပေါ်က သမ္မတကြီး၏ တွေ့ဆုံဆွေးနွေးရေးခြေလှမ်းများ တွင် ၀ိုင်းဝန်းအားပေးပြီး သက်ဆိုင် ရာကဏ္ဍအလိုက် စွမ်းဆောင်ရည် မြင့်မားစွာ လုပ်ဆောင်ပံ့ပိုးသွားကြ ရမည်ဖြစ်လေသည်။

ဆက်နိုင်
http://www.themyanmarpostglobal.com/?p=1361
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India