August 5, 2012

ဝ' တပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ နှစ်ဖက် စစ်ရေးတင်းမာမှှုကို ဖြေရှင်း

မဇ္စျိမသတင်းဌာန ။        ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့ အကြား နားလည်မှှု လွဲမှားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Fang ခရိုင်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွါးခဲ့ရသည့် တင်းမာမှှုများသည် ယခုအခါ ပြေလည်သွားပြီ ဖြစ်ကြောင်း နှစ်ဘက်အရာရှိများက
ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က UWSA ၏ တပ်မဟာ ၂၄၈ မှ တပ်ဖွဲ့များသည် SSA တပ်မဟာ ရ၂၇ ၏ လွယ်ဆမ်ဆစ်ပ် စခန်းအား ဝိုင်းရန် ထိုဒေသသို့ တပ်ဖွဲ့များ ရွှေ့ရာမှ တင်းမာမှှု ဖြစ်ပေါ်လာခဲ့ရသည်။ UWSA သည် အင်းအားဖြည့်ယာဉ် စုစုပေါင်း အစီး ၂ဝ ခန့် အား SSA စစ်စခန်းဘက်သို့ စေလွှတ်ခဲ့ကြောင်း ဒေသတွင်းနှင့် ထိုင်းသတင်းရပ်ကွက်များက သျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောကြားခဲ့သည်။

SSA ပြောရေးဆိုခွင့်ရှိသူ Teun Kherh က “ဒီမနက်မှာတော့ ယာဉ် ခြောက်စီးပဲ ကျန်တော့တာကို ကျနော်တို့ မြင်ခဲ့ရ ပါတယ်။ နားလည်မှှု လွဲမှားတာတွေကို ဖြေရှင်းနိုင်ဖို့ အစောပိုင်းတုန်းက ကျနော်တို့ ကိုယ်စားလှယ်တယောက်
စေလွှတ်ခဲ့ပါတယ်” ဟု ဆိုသည်။

SSA တပ်မဟာ ရ၂၇ သည် ၎င်းတို့အခြေစိုက်စခန်း၏ အနောက်ဘက် ၃ မိုင်အကွာ ပုံတောင်း၌ တပ်စခန်းတခု အခြေစိုက်ရန် တပ်ဖွဲ့တဖွဲ့အား တာဝန်ပေးအပ်ရာမှ နားလည်မှှု လွဲမှားခြင်းများ စတင်ခဲ့ပြီး ထိုဒေသသည် UWSA တပ်မဟာ ၂၄၈ ထိန်းချုပ်ထားရာ နယ်မြေ ဖြစ်သည်။ SSA က ဆိုရာတွင် ဆန်စပါးနှင့် သီးနှံများ စိုက်ပျိုးလိုသော ဒုက္ခသည်များအား လုံခြုံရေးပေးရန် ရည်ရွယ်၍ ထိုကဲ့သို့ တာဝန်ပေးအပ်ခြင်း ဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။

အစိုးရနှင့် SSA အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်မှစ၍ အကူအညီပေးရေး အဖွဲ့များထံမှ စားနပ်ရိက္ခာ အကူအညီများကို မရရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများကို ပိုမို ရင်ဆိုင်နေရသည်ဟု SSA က ဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အတွင်းတွင် တင်းမာမှှုများ မြင့်တက်လာခဲ့သည်။ SSA တပ်ဖွဲ့များ က ဝနယ်မြေအတွင်း စစ်စခန်းများ ထူထောင်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် နှစ်ဘက်အကြား တင်းမာ ခဲ့ကြပြီး ထိုသတင်းများမှာ နောက်ပိုင်းတွင် တိကျမှှု မရှိကြောင်း သိရှိလာကြသည်။

“ကျနော်တို့ နှစ်ဘက်စလုံး အာရုံစိုက်သင့်တဲ့ အရာတခုကတော့ ဆက်လက် လုပ်ကိုင်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပဲ
ဖြစ်ပါတယ်။ ကျနော်တို့အကြား ဘယ်လို တိုက်ခိုက်မှှုမျိုးပဲ ဖြစ်လာဖြစ်လာ ကျနော်တို့ လမ်းချော်သွားမှာပါ” ဟု အမည်မဖော်လိုသူ SSA အရာရှိ တဦးက ဆိုသည်။

UWSA နှင့် SSA တို့ အကြား တိုက်ပွဲများမှာ ၂ဝဝ၅ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွါးခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် UWSA နှင့် မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် SSA (တောင်ပိုင်း)နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/9784-2012-08-02-12-21-57.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India