October 30, 2012

မြန်မာအစိုးရနဲ့ KIO ဆွေးနွေးပွဲ စတင်


မနေ့က အောက်တိုဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ရဲ့  ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ် နိုင်ငံမှာ ပြုလုပ်ဖို့ KIO က တောင်းဆိုခဲ့ပေမယ့် ဒီဆွေးနွေးပွဲမှာ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အရေးပါတဲ့ စစ်ခေါင်းဆောင်တွေ မပါ၀င်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်တစ်ကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲမှာ KIO က တစ်လျှောက်လုံးတောင်း ဆိုနေတဲ့ နိုင်ငံရးအရ စတင်ဆွေးနွေးရေးကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သဘောတူ လိုက်ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့ မြန်မာအစိုးရနဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲ အကြောင်း အပြည့်အစုံကို ရွှေလီမြို့ကနေ ဗီအိုအေဝိုင်းတော်သား ကိုရော်နီညိမ်းက သတင်း ပေးပို့ထားပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့က ချင်ချန်းဟိုတယ်မှာ ကျင်းပသွားတဲ့ ဒီဆွေးနွေးပွဲဟာ ကေအိုင်အို လက်အောက်ခံ ကေအိုင်အေ ကချင်လွှတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့ရဲ့ ကချင်ပြည်နယ်မှာ နှစ်ဖက်တပ်တွေ နေရာချထားမှုကို အဓိကထား ဆွေးနွေးသွားဖို့ ရည်ရွယ်ခဲ့တယ်လို့ ဒီဆွေးနွေးပွဲ မစခင်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မီတီရဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းက ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်။ တပ်တွေကို ရွေ့ဖို့ကိစ္စပေါ့။ အဲဒါတွေ ဆွေးနွေးမှာပေါ့။ ဆွေးနွေးတဲ့အခါကျတော့လည်း တပ်နဲ့ပတ်သက်ပြီး အဆုံးအဖြတ် ပေးနိုင်တဲ့လူတွေ ပါဖို့ လိုတာပေါ့။ ကျနော်တို့ဖက်ကတော့ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါလာတာပေါ့။ ကချင်ဖက်က ဘယ်သူ ပါလာမလဲ ကျနော်တို့လည်း မသိသေးဘူး။ အဆုံးအဖြတ် ပေးနိုင်တဲ့လူတွေ ဆောင်ရွက်မှပဲ ပီးမယ့်ကိစ္စ ဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ အစည်းအဝေး မစခင်မှာတော့ ကျနော်လည်း ပြောလို့ မရသေးဘူးပေါ့။”

ဒီကနေ့ ဆွေးနွေးပွဲ မတိုင်ခင်မှာ ပြီးခဲ့တဲ့ မေလက ထိုင်း-မြန်မာနယ်စပ် ချင်ရိုင်းမှာ တကြိမ်၊ ဇွန်လ ထဲမှာ ကချင်ပြည်နယ် မိုင်ဂျာယံမှာ ၂ ကြိမ်နဲ့ စုစုပေါင်း ဦးအောင်မင်း နဲ့ ကေအိုင်အို ခေါင်းဆောင်တွေ အလွတ်သဘော ၃ ကြိမ် ဆွေးနွေးခဲ့ကြပြီးတော့ ဒီကနေ့ ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် တရားဝင် ဆွေးနွေးကြတဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ကေအိုင်အေ ကချင်လွှတ်မြောက်ရေး တပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်အပါအဝင် အရေးပါတဲ့ ကချင် စစ်ခေါင်းဆောင်တွေ မတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒုစစ်ဦးစီးချုပ်အနေနဲ့ တပ်ကိုပစ်ပြီး လာရောက် ဆွေးနွေးနိုင်ခြင်း မရှိတာလို့ ကချက် လွှတ်မြောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ခေါင်းဆောင် ဦးဆွမ်လွတ်ဂန်က ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာခဲ့ရသော ပြည်တွင်းစစ်ဟာ စစ်ရေးနည်းလမ်းဖြင့် မဟုတ်ပဲ၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်မည်ဟု ခံယူပါသည်။ တိုင်းရင်းသား ကချင်လူမျိုးများ အပါအဝင် တခြားသော တိုင်းရင်းသားများအားလုံး လုံခြုံ ဘေးကင်းစွာ ရပိုင်ခွင့် တူညီစွာဖြင့် စစ်မှန်သော ပြည်ထောင်စုတစ်ရပ် အတွင်း၌ စုပေါင်းနေထိုင်ခွင့် အာမခံချက် ရရှိနိုင်ရန်အတွက် အငြင်းပွားဖွယ်ရာ ကြိုတင် ကန့်သတ်ချက်များ မထားရှိသော နိုင်ငံရေး ဆွေးနွေး မှုအား ကနေ့ ဤတွေ့ဆုံ ဆွေးနွေးမှုမှ စတင်သွားလိုပါကြောင်း အဆိုပြု တင်ပြ ဆွေးနွေး အပ်ပါသည်။”

ဗိုလ်ချုပ် ဂွမ်မော် မပါ၀င်ခဲ့တာကြောင့် မြန်မာအစိုးရဖက်က ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်တဲ့ စစ်ရေး စစ်ရာတွေကို တာဝန်ခံ ဆွေးနွေးသွားဖို့ တက်ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၁) ရဲ့ ကစလမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးဟာလည်း မူဆယ် မြို့မှာပဲ နေရစ်ခဲ့တယ်လို့ ၀န်ကြီး ဦးအောင်မင်းက ဒီဆွေးနွေးပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း သူ့အနေနဲ့ ကျနော်တို့အဖွဲ့ထဲမှာ ပါ၀င်ဆောင်ရွက်ခွင့်ရတယ်ဆိုပြီးတော့ ၀မ်းပန်းတသာနဲ့ သူက လိုက်လာပါတယ်။ ဒါပေမယ့် ဒီမှာရောက်တဲ့အခါကျတော့ ဟိုဘက်က ဗိုလ်ချုပ် ဂွမ်မော်လည်း မပါလာဘူးဆိုတာ သိရတဲ့အခါကျတော့ သူက အခု မူဆယ်မှာပဲ စောင့်နေတယ်။”

ဆွေးနွေးပွဲမှာ မြန်မာဖက်က ကိုယ်စားလှယ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ၀န်ကြီး ဦးဝင်းထွန်း၊ ၀န်ကြီး ဦးအုန်းမြင့်တို့ကလည်း ပါ၀င် ဆွေးနွေးခဲ့ကြပါတယ်။ စစ်တိုင်းမှူးတွေဖြစ်ကြတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့ကလည်း နယ်မြေ အခြေအနေတွေနဲ့ ကေအိုင်အေ တပ်တွေနဲ့ မြန်မာ့ တပ်မတော်တို့ရဲ့ အနေအထားတွေကို ရှင်းလင်း တင်ပြသွားခဲ့ပါတယ်။

၀န်ကြီး ဦးအုန်းမြင့်က နိုင်ငံရေး စတင် ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“ဘာဘဲဖြစ်ဖြစ်၊ နိုင်ငံရေး စတင် ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးဖို့ လက်ခံလိုက်ပါတယ်ဆိုတာကို ၀မ်းသာစရာပဲ ဆိုတာလိုပဲ၊ ဟုတ်လား အခု ကျနော်တို့ ထမင်းစားဖို့အချိန်ရောက်ရင် ထမင်းစားမယ်။ ထမင်းစားပြီးလို့ ထပ်ဆွေးနွေးချင်လည်း ထပ်ဆွေးနွေးမယ်။ အမြဲတမ်း ထိတွေ့နေတာကိုက တယောက်နဲ့တယောက် မြင်ပါများတော့ ခင်တယ်။”

ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နောက်တကြိမ် ကေအိုင်အိုနဲ့ ဆွေးနွေးပွဲ မှာ နိုင်ငံရေး ဆွေးနွေးမှုနဲ့ စတင်မယ်လို့ သဘောတူညီခဲ့တဲ့ အပေါ် ဒီကနေ့ ကေအိုင်အို ဆွေးနွေးမှု အဖွဲ့ရဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂန်ကို ဗွီအိုကေ သဘောထား မေးမြန်းကြည့်ခဲ့ပါတယ်။

“ကျနော်တို့ တလျောက်လုံး တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်၊ လုပ်ရအောင်ဆိုတာ လွန်ခဲ့တဲ့ အစိုးရတွေက မလုပ်နိုင်ခဲ့ဘူးလေ။ ဒီနေ့ လုပ်မယ်ဆိုပြီးတော့ သူတို့က ၀န်ခံ လိုက်တယ်လေ၊ တာဝန်ယူတယ်။ ဒါက ဆိုပါတော့လေ အောင်မြင်တယ်ပေါ့။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မီတီနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို တို့ရဲ့ ဒီကနေ့ ဆွေးနွေးပွဲကနေ နောက်တကြိမ် ဆွေးနွေးပွဲကို မြန်မာပြည်အတွင်းက ဗန်းမော်လို၊ မူဆယ်လို နေရာတွေမှာ ဆွေးနွေးသွားရေး ဦးအောင်မင်းက တင်ပြသွားတာနဲ့ ပတ်သက် ပြီးတော့လည်း ဦးဆွမ်လွတ်ဂမ်က အခုလို ရှင်းပြပါတယ်။

“ဆွေးနွေးမယ်ဆိုတာက ဒါက ဆုံးဖြတ်ထားတာ၊ အောင်မြင်တာမဟုတ်ဘူး။ ဒါက သူတို့က အဆိုပြုတာလေ။”

အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာအစိုးရ ဖက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေတို့ရဲ့ ဆွေးနွေးပွဲဟာ တရက်ထဲနဲ့ ပြီးစီးသွားခဲ့ပါတယ်။ အရေးပါတဲ့ စစ်ရေးကိစ္စတွေကို မဆွေးနွေး နိုင်ခဲ့ကြပေမယ့်လည်း နောက်တကြိမ် ဆွေးနွေးပွဲမှာ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးကြတဲ့အခါ ဒီစစ်ရေးကိစ္စဟာ ပါ၀င်လာမှာ ဖြစ်တယ်လို့ နှစ်ဖက် ခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။

http://burmese.voanews.com/content/kio-govt-peace-talk-begin/1536248.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India