August 11, 2012

ကယန်းဒေသခွဲများ စုစည်းနိုင်ဖို့ နိုင်ငံရေးအဖွဲ့အစည်း အားလုံးနှင့်ကြိုးစားမည်

တိုင်းနှင့်ပြည်နယ်လေးနေရာတွင် နေထိုင်ကြသည့် ကယန်းလူမျိုးများ ပြန်လည်စုစည်းနိုင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကယန်းဒေသ ပေါ်ထွန်းလာရေးအတွက် နိုင်ငံရေးအဖွဲ့အစည်း အားလုံးနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစောလွင်က ပြောပါတယ်။


ကယန်းတိုင်းရင်းသားလူမျိုး (ဓါတ်ပုံ-ကေတီ)
ဦးစောလွင်က “ကျနော်တို့က ဒီလို တိုင်းနဲ့ပြည်နယ် လေးခုမှာ အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ခံရတဲ့ကယန်းဒေသတွေကို ပြန်လည် စုစည်းပြီးတော့ ကယန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တခုကို လိုချင်တာဖြစ်ပါတယ်။ ကယန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ကျနော်တို့က ကယားပြည်နယ် အစိတ်အပိုင်း တခုအဖြစ်ကို ထည့်ဆွဲစေ ချင်တာလဲ ဖြစ်ပါတယ်” လို့ပြောပါတယ်။ နယ်ချဲ့ အင်္ဂလိပ်ကျူးကျော်တိုက်ခိုက်ပြီးနောက်မှာ ကယန်းတိုင်းရင်းသားတွေကို သွေးကွဲတဲ့အနေနဲ့ ဖိနိမ့်တဲ့အနေနဲ့ အနောက်ကရင်နီနယ်ထဲမှာ တဆက်တစပ်တည်း တစုတစည်းတည်း ရှိတဲ့ ကယန်းဒေသကို ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း နယ်စွန်နယ်ဖြားနယ်အဖြစ်နဲ့ ခွဲထုတ်လိုက်တာဖြစ်ပါတယ်။
ကယန်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် အမျိုးသားညီလာခံ ကျင်းပစဉ်အခါမှာလည်း ကယန်းတိုင်းရင်းသားခေါင်းဆောင်တွေ တင်ပြတောင်းဆိုခဲ့ပါတယ်။
သို့သော်လည်း စစ်အစိုးရဘက်ကနေပြီး ထည့်သွင်းဆွေးနွေးသွားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ကယန်းမျိုးဆက်သစ်လူငယ် အတွင်းရေးမှူးအဖွဲ့ဝင် အားသန်းက “ပစ်ခတ်ရပ်စဲရေးယူထားတဲ့ ၁၃ ဖွဲ့ကနေပေါင်းပြီး ခေါင်းဆောင်တွေ တင်သွင်းခဲ့တဲ့ စာတမ်းတွေလည်းရှိတယ်။ နဝတ၊ နအဖတို့က ဒီတောင်းဆိုချက်တွေကို တစုံတရာ အကြောင်းကြားတာမရှိဘဲ မှတ်တမ်းတင်ထားတယ် ဆိုတာလောက်ပဲ ပြောခဲ့ပါတယ်။ ဆွေးနွေးတာတွေ မလုပ်ဘဲနဲ့ မှတ်တမ်းအဖြစ်ဘဲသူတို့လုပ်တာပေါ့။ သူတို့ တောင်းဆိုချက်တွေ ဘာမှ အရာမရောက်တဲ့သဘောပါဘဲ။ ညီလာခံမှာ အထမမြောက်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ကယန်းတိုင်းရင်းမျိုးနွယ်စုတွေဟာ ကရင်နီပြည်နယ်ဘက်မှာတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ဖယ်ခုံမြို့နယ်ဆက်စပ်သည့်ဒေသ၊ ကရင်ပြည်နယ်ဘက်မှာတော့ သံတောင်မြို့နယ် မြောက်ဘက်ခြမ်းဒေသ၊ ရှမ်းပြည်နယ်ဘက်မှာတော့ မိုးဗြဲ ဖယ်ခုံမြို့နယ်ဒေသနှင့် မန္တလေးတိုင်းဘက်မှာကတော့ ပျဉ်းမနားမြို့နယ် လယ်ဝေး အရှေ့ပျဉ်းမနား တောင်တန်းဒေသဘက်ခြမ်းတွေမှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။

http://www.ktimes.org/index.php/rokstoriesnews/293-2012-08-09-15-32-42
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India